Monday, August 1, 2016

သံလွင်မြစ်ရေကြီးမှု ဘားအံမြို့ရှိ လူနေအိမ်များရေနစ်မြုပ် -------- -------- --------


ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးရွာသွန်းမှု၊ သံလွင်မြစ်ရေ တိုးလာမှု တို့ကြောင့် မြို့ပေါ် အချို့ရပ်ကွက်များရှိ မြေနိမ့်ပိုင်းတွင် နေထိုင်ကြသော လူနေအိမ်ဝိုင်းများ အတွင်းသို့ ဇူလိုင်လ ၃၁ ရက်နေ့တွင် ရေများ စတင် ၀င်ရောက်နေပြီ ဖြစ်သည်။

ဇူလိုင်လ ၃၁ ရက်နေ့ တိုင်းထွာချက်များအရ ဘားအံမြို့တွင် မိုးရေချိန် (၄.၅၆)လက်မ ရွာသွန်းခဲ့ရာ သံလွင်မြစ်ရေသည် ညနေ ၅ နာရီခွဲ တိုင်းတာချက် များအရ ၇၃၉ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်မှာ ၇၅၀ စင်တီမီတာ သို့ ကျော်လွန်ရောက်ရှိနိုင်သဖြင့် မြစ်ချောင်းများဘေး နေထိုင်သူများနှင့် အနိမ့်ပိုင်းတွင် နေထိုင်သူများ အထူးဂရုပြုကြရန် မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ ကြေညာချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်က ဇွန်၊ ဇူလိုင်၊ သြဂုတ်လများ အတွင်း ရေကြီးမှုများကို ၂ ကြိမ် ကြုံတွေ့ခဲ့ရပြီး ဘားအံ၊ လှိုင်းဘွဲ့၊ ဖာပွန်မြို့နယ်များ၌ ပထမအကြိမ်တွင် ရေဘေး စခန်း ၄ ခု၊ ဒုတိယ အကြိမ်တွင် ရေဘေးစခန်း ၁၅ ခု ဖွင့်လှစ် ခဲ့ရပြီး အိမ်ထောင်စုပေါင်း ၁၃၉၉ စု၊ လူဦးရေ ၇၅၂၆ ဦး ရေဘေးသင့်ခဲ့ရာ ဆုံးရှုံးမှုတန်ဘိုး ၄၅၄.၄၅ သန်း ရှိပြီး လယ်ယာကဏ္ဍနှင့် လမ်းတံတား ပျက်စီးခြင်းတို့ အများဆုံးဖြစ်ကြောင်း သိရသည်။

MOI
The Ladies News

No comments: