Tuesday, August 23, 2016

'' သမ္မတ အနေနဲ့ သေဒဏ်တွေ ပြန်အတည်ပြုဖို့  အချိန်တန်ပြီလား '' =========================

““၁၉၈၈ ခုနှစ်ကတည်းက အ ခုအချိန်အထိ သေဒဏ်ကို တစ်ခါ မှ အတည်ပြုစီရင်ခဲ့တာမရှိဘူး””ဟု အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေး မှူးတစ်ဦးကပြောသည်။ 

    ကြိုးစင်တွေလား...ရှိတယ်။ ထောင်တိုင်းမှာ ရှိတယ်။ ကြိုးပေးဖူးတဲ့ ထောင်ဝန်ထမ်းတော့ တော် တော်ရှားသွားပြီ။ ပင်စင်ယူကုန်ကြ ပြီလေ၊ မရှိတော့ဘူး။ ကြိုးမပေး တော့တာ အနှစ်သုံးဆယ်နီးပါးဆို တော့ တကယ်လုပ်ဖူးတဲ့သူ ရှား ကုန်တာပေါ့။ အခု သေဒဏ်ပြန်စီ ရင်မယ်ဆိုရင်တောင် ထောင်ဝန် ထမ်းတွေကို သင်တန်းပြန်ပေးရဦး မယ်ဟုထိုအရာရှိကပင်ဆက်လက် ပြောဆိုသည်။

မျက်မှောက် ခေတ်လက်ခံ ကျင့် သုံးနေသည့် တရားစီရင်ရေး စနစ်ပြစ်မှုနှင့်ပြစ်ဒဏ်များတွင် သေဒဏ်သည်အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်သည်။ လက်ရှိကမ်္ဘာပေါ်တွင် သေဒဏ်ကို လက်ခံကျင့်သုံးနေ သော နိုင်ငံပေါင်း ၅၈ နိုင်ငံရှိပြီး သေဒဏ်စနစ်ကို ဖျက်သိမ်းထား သောနိုင်ငံ ပေါင်း ၁၀၂ နိုင်ငံရှိ သည်။ နိုင်ငံ ၆ နိုင်ငံတွင် အရေး ပေါ်အခြေအနေမျိုးမှအပ ကျန် အခြေအနေတွင်သေဒဏ်ကို မ ကျင့်သုံးတော့ပေ။ နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် သေဒဏ်စနစ်ရှိသော် လည်းအတည်ပြုစီရင်ခြင်းမပြုသည် မှာအနည်းဆုံးဆယ်နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ စာရင်းဇယားများအရ သိရသည်။

၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း ၂၅ နိုင်ငံခန့်က သေဒဏ်စီရင်မှု ပေါင်း ၁၆၃၀ နှင့်အထက်ပြုလုပ် ခဲ့သည်။ တရားဝင်ထုတ်ပြန်သည့် စာရင်းများအရ အီရန်တွင် ၂၀၁၅ တစ်နှစ်တည်းတွင် သေဒဏ်စီရင်မှု ပေါင်း ၉၇၇ မှုနှင့်အထက် ပြုလုပ် ခဲ့သည်။ တရုတ်နိုင်ငံမှာ သေဒဏ် စီရင်မှုအများဆုံးပြုလုပ်သည့်နိုင်ငံ ဟု ယူဆရသော်လည်း စာရင်းဇ ယားအချက်အလက်များတရားဝင် ထုတ်ပြန်ခြင်းမပြုပေ။တရုတ်ကဲ့သို့ မထုတ်ပြန်သည့်နိုင်ငံအချို့မှာ မ လေးရှား၊ မြောက်ကိုရီးယားနှင့်ဗီ ယက်နမ်တို့ဖြစ်ကြသည်။ အမေရိ ကန်နိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း သေဒဏ်စီရင်မှု ၂၈ ခု ပြုလုပ်ခဲ့ သည်။ သေဒဏ်စီရင်ရာတွင် အ များအားဖြင့် ကြိုးပေးခြင်း၊လျှပ်စစ် ကုလားထိုင်တင်ခြင်းနှင့် ဆေးထိုး ခြင်းစသည့်နည်းလမ်းများကို အ သုံးပြုစီရင်လေ့ရှိသည်။

မြန်မာနိုင်ငံတွင်ချမှတ်လေ့ ရှိသောပြစ်ဒဏ်များတွင် ငွေဒဏ်၊ ထောင်ဒဏ်၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ်၊ တစ်သက်တစ်ကျွန်း ဒဏ်၊ သေဒဏ်ဟူ၍ ချမှတ်ကျင့် သုံးလေ့ရှိသည်။ အမြင့်ဆုံးပြစ်ဒဏ် ဖြစ်သည့် သေဒဏ်ကိုချမှတ်ရာ တွင် ““လည်ပင်းကြိုးစွပ်၍ မသေ မချင်းသတ်စေဟု စီရင်ချက်တွင် ရေးသားဖော်ပြလေ့ရှိပြီး မနီလာ ကြိုးဖြင့် ကြိုးစင်တွင် ကြိုးပေးသည့် နည်းကို အသုံးပြုစီရင်လေ့ရှိသည်။ တရားခံအား ကြိုးပေးပြီးလျှင် သက်ဆိုင်ရာထောင်ပိုင်မှ “ကောင်း မွန်သပ်ရပ်စွာ သေဒဏ်ပေးပြီး ကြောင်း” တရားသူကြီးထံ စာရေး သားပေးပို့ရသည်။ သေဒဏ်ချမှတ် ခံရသူမှာ ကိုယ်ဝန်ဆောင်အမျိုး သမီးဖြစ်လျှင် ကလေးမွေးဖွားပြီး ချိန်အထိ သေဒဏ်ကို ဆိုင်းငံ့ထား ရသည်။

မြန်မာနိုင်ငံတွင် သေဒဏ် ချမှတ်လေ့ရှိသည့်မှုခင်းများမှာ နိုင်ငံတော်သစ္စာဖောက်မှု၊ စစ်ပုန် ကန်မှုအားပေးကူညီခြင်း၊ လူသတ် မှု၊ လူသတ်မှုပါဝင်သော ဓားပြမှု၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဥပဒေ၊ အ ရေးပေါ်စီမံမှုအက်ဥပဒေအစရှိ သည့် မှုခင်းများဖြစ်ပြီး မြန်မာနိုင်ငံ တွင် နောက်ဆုံးစီရင်ခဲ့သည့်သေ ဒဏ်မှာ ၁၉၈၈ ခုနှစ်က ပြင်ဦးလွင် အအက မှ ဗိုလ်မှူးခင်မောင်တင့် အားသတ်မှုတရားခံတပ်သားအုန်း ထွန်းအားကြိုးပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သေဒဏ်စ နစ်ကို ဖျက်သိမ်းခြင်းမပြုသေးပေ။ တရားရုံးများတွင်လည်းသေဒဏ် များ ချမှတ်စီရင်နေဆဲဖြစ်သည်။ သို့သော် ထိုသေဒဏ်ချမှတ်ခံရ သည့် အကျဉ်းသားများအားသေ ဒဏ်ကို အတည်ပြုစီရင်ခြင်းမပြု သည်မှာ အနှစ်သုံးဆယ်နီးပါးကြာ မြင့်တော့မည်ဖြစ်သည်။ တည်ဆဲ ဥပဒေများအရ သေဒဏ်ချမှတ်ခံ ရသည့် တရားခံအနေဖြင့် ခုနစ် ရက်အတွင်း အယူခံဝင်ရမည်ဖြစ် ပြီး အယူခံရှုံးနိမ့်လျှင် သေဒဏ်အ တိုင်း အတည်ပြုကွပ်မျက်ရမည် ဖြစ်သည်။ သေဒဏ်အား အတည် ပြုစီရင်ရန် နိုင်ငံတော်သမ်္မတ၏ အတည်ပြုချက် လိုအပ်သည်ဖြစ် ရာ ထိုအဆင့်တွင် အတည်ပြုချက် မရရှိခြင်းနှင့် အခြားပြစ်ဒဏ်များ သို့ လျော့ပေါ့ပြောင်းလဲပေးခြင်း များကြောင့် သေဒဏ်များအားလုံး ကွပ်မျက်စီရင်ခြင်းမပြုခဲ့ကြောင်း သိရသည်။

““ဦးသိန်းစိန်လက်ထက်မှာ ပြစ်ဒဏ်လျော့ပေါ့လွတ်ငြိမ်းခွင့် တွေပေးတော့ ဟိုးအဆက်ဆက် က သေဒဏ်ကျခံအကျဉ်းသား ၅၆၃ ယောက်ထင်တယ်။ ထောင် တစ်သက်တစ်ကျွန်းကို ပြောင်းပေး လိုက်တယ်။ တစ်သက်လုံး ထောင် ထဲမှာနေသွားရမှာပေါ့။ သေဒဏ် တော့ မကျတော့ဘူး။ နောင်ထပ် ပေးမယ့် လွတ်ငြိမ်းချမ်းသာခွင့်တွေ နဲ့အကျုံးဝင်ရင်တော့ ပြစ်ဒဏ်ထပ် လျော့ပေါ့သွားနိုင်တာပေါ့””ဟု အ ကျဉ်းဦးစီးဌာနမှ အရာထမ်းတစ်ဦး က ဆိုသည်။

   ထောင်ကျလာတဲ့အကျဉ်းသား အများစုက ရေးတတ်ဖတ်တတ် လောက်ပဲများတယ်။ ဆယ်တန်း အောင်တို့ ဘွဲ့ရတို့ဆိုတာ လူနည်း စုပဲ။ထောင်ထဲမှာ အသက်မွေးဝမ်း ကျောင်းသင်တန်းတွေ သင်ပေး တယ်။ ဦးဂိုအင်ကာ တရားစခန်း တွေ ဖွင့်ပေးတယ်။ သို့သော် ကျွန် တော့်အမြင်ကို ပြောရရင် လူနည်း စုလောက်ကလွဲလို့ ခုနကပြောတဲ့ သေစာရှင်စာလောက်ပဲတတ်တဲ့ အကျဉ်းသားတွေပညာလည်းနည်း တယ်ပေါ့။ သူတို့က ထောင်ကို သိပ်မကြောက်ကြတော့ဘူးဖြစ်နေ တယ်””ဟု ၎င်းင်းက ဆက်လက်ပြော ဆိုသည်။

ထောင်တွေပုံစံပြောင်းကုန် တာလည်း ဆိုင်မလားတော့မသိ ဘူး။ အခုနောက်ပိုင်းမှာ UN က ထောင်တွေလာကြည့်တယ်။ နိုင်ငံ တကာစံချိန်စံညွှန်းတွေနဲ့ကိုက်၊ မ ကိုက် စစ်တယ်။ အကျဉ်းသားတစ် ယောက်ကိုဘယ်လောက်အကျယ် နေရာရှိရမယ်။ ရေက ဘယ်လို၊ အ စားအသောက်က ဘယ်လိုစသဖြင့် ပေါ့လေ။ အဲဒီမှာ အကျဉ်းထောင် တွေဟာပုံစံတွေပြောင်းကုန်တယ်။

အခုဆို ထောင်တွေမှာ ရေလောင်း မိလ္လာစနစ်နဲ့။ ထောင်တိုင်းမှာရေ သန့်စက်ထားတယ်။ အားလုံးရေ သန့်သောက်ရတာ။ ရေကိုလည်း ပုံစံစနစ်နဲ့ချိုးရတာမဟုတ်တော့ ဘူး။ ထမင်းလည်း ဟိုးခေတ်တွေ တုန်းကလို လုံးတီးဆန်မဟုတ်ဘူး။ အချိန်မှန်စားရတယ်။ အချိန်မှာ အိပ်ရတယ်။ အကျဉ်းသားတွေ လွတ်လွတ်လပ်လပ်ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်သွားလို့မရအောင် ကန့်သတ်ချုပ်ထားတဲ့ အနေအ ထားလောက်ပဲရှိတော့တာ။ ဆို တော့ ဒါဟာထောင်ကျအကျဉ်း သားတွေအတွက် ထောင်ထဲမှာအ တော်သက်တောင့်သက်သာဖြစ် လာတာတော့ အမှန်ပဲဟု အဆိုပါ အရာရှိကပင်ဆက်လက်ပြောဆို သည်။

နေရတာစိတ်ထဲမှာမလုံခြုံ ဘူး။ သတ်လိုက်ရင်လည်းတစ်အိမ် လုံးသတ်တာ၊ အိမ်ရှိလူကုန်သတ် တာမျိုးတွေခဏခဏကြားနေရတယ် ဟု အသက် ၆၈နှစ်အရွယ်အငြိမ်း စားကျောင်းဆရာကြီးတစ်ဦးကဆို သည်။ ဦးတို့လင်မယားနှစ်ယောက် တည်းနေတာ။ သားအငယ်ကအ လုပ်မှာလိုက်နေတယ်။ အဲဒီမှာပဲ အိပ်ရတယ်။ သားကြီးကအိမ် ထောင်နဲ့ဆိုတော့ သူ့မိန်းမနဲ့ က လေးတွေနဲ့ အိမ်ခွဲနေတယ်။ တစ် ပတ်မှာ တစ်ရက်လောက်ပဲလာကြ တာ။ မှုခင်းသတင်းတွေဖတ်ရကြား ရရင် နေလို့တောင်မကောင်းဘူးဟု ဆရာကြီးကဆိုသည်။

မန္တလေးမှာတော့ နေ့ခင်း ကြောင်တောင်ကို ဆိုင်ကယ်နဲ့လု တယ်။ ဆိုင်ကယ်က လိုင်စင်မဲ့။ အမှုအများစုကမပေါ်ဘူး။ အလုပ် သွားရင် ပိုက်ဆံအိတ်ထဲလည်း ပိုက်ဆံအများကြီးမထည့်ရဲဘူး။ လု ရင်လည်းအော်တာကလွဲ လို့ဘာမှ မလုပ်ရဲဘူး။ လိုက်လည်း မလိုက်ရဲ ဘူး။ တော်ကြာဓားနဲ့  ထိုးသွားရင် ဘယ်နှယ့်လုပ်မလဲဟု မန္တလေးမြို့ မှမအိအိထွေးကဆိုသည်။

၂၁.၈.၂၀၁၆ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်၊ ရွှေ နံ့သာကျေးရွာအုပ်စု ပတ္တမြားမြို့ သစ်တွင်နေထိုင်သည့် ရဲအရာရှိ ဟောင်းတစ်ဦးနှင့် မိသားစုသုံးဦး သတ်ခံခဲ့ရရာ သုံးတန်းအရွယ်က လေးငယ်မှာ အိပ်ရာထဲတွင်ပင် ဓားဖြင့်သုံးချက်ထိုးသတ်ခံရပြီး၊ ၈ တန်းအရွယ်ကလေးငယ်မှာ ဧည့် ခန်းတွင် ဓားဖြင့်ခုနစ်ချက်ထိုးသတ် ခံခဲ့ရသည်။ ထိုနေ့တစ်ရက်တည်း မှာပင် တောင်ကြီးမြို့၊ နယ်မြေ ၃၊ တောင်နီကျေးရွာတွင် နေအိမ်အ တွင်း၌ မိသားစုသုံးဦးသတ်ခံခဲ့ရရာ အသက်ဆယ်နှစ်အရွယ်ကလေး ငယ်တစ်ဦးနှင့် ဆယ်နှစ်နှစ်အရွယ် ကလေးတစ်ဦးပါဝင်ခဲ့သည်။

လူမဆန်တဲ့ ရာဇ၀တ်မှုကျူး လွန်သူတွေကို သေဒဏ်မပေးဘဲ ဘာဖြစ်လို့ထောင်ထဲမှာ ဒီအတိုင်း ထားရတယ်ဆိုတာ နားကိုမလည် တာဟု အသက် ၂၈နှစ်အရွယ်ကို ဝေဖြိုးကဆိုသည်။ နေပြည်တော် မှာ သမီးရည်းစားနှစ်ယောက်ချိန်း တွေ့တယ်။ ကောင်လေးကိုဓားနဲ့ ထိုးသတ်တယ်။ ကောင်မလေးကို မုဒိမ်းဝိုင်းကျင့်တယ်။ သေဒဏ် တော့ပေးပါရဲ့။ တကယ်လည်းမ သတ်ဘူးဆိုရင် ဒီဥပဒေကဘာဥပ ဒေလဲ။ ဒီတရားစီရင်မှုစနစ်က ဘာတရားစီရင်မှုစနစ်လဲဟု ကို ဝေဖြိုးကဒေါသတကြီး ဆက်လက် မေးခွန်းထုတ်သည်။

ကမ္ဘာပေါ်မှာ သေဒဏ်ကို လက်ခံကျင့်သုံးနေတဲ့နိုင်ငံ နည်း နည်းလေးပဲရှိတော့တယ်။ ၁၉၇၁ ခုနှစ် ကုလသမဂ်္ဂလူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၃မှာ လူ တိုင်းတွင် အသက်ရှင်သန်ခွင့်ရှိရ မယ်။ အပိုဒ် ၅မှာ မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း၊ ရက်စက် ကြမ်းကြုတ်သော၊ လူမဆန်သော၊ လူသိက္ခာညှိုးနွမ်းစေသော ပြုမူ ဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမျိုးမ ပြုရဘူးလို့ ထည့်ဆွဲထားတယ်။ EU ဆိုရင် သူ့အုပ်စုဝင်နိုင်ငံဖြစ်ဖို့ ဆိုရင် သေဒဏ်ဖျက်သိမ်းပြီး ဖြစ် ရမယ်လို့သတ်မှတ်ထားတယ်။ သေဒဏ်က ကမ္ဘာပေါ်မှာနိုင်ငံအ များစုက မကျင့်သုံးကြတော့ဘူးဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကဆိုသည်။

မြန်မာမှာက သေဒဏ်ကို တ ရားဝင်တော့မပယ်ဖျက်သေးဘူး။ သို့သော်အတည်ပြုမစီရင်တော့ တာကြာပြီ။ အယူခံမှာ သေဒဏ် အစား ပြစ်ဒဏ်ကိုလျော့ပေါ့ပေး လိုက်တယ်။ထိုင်းနိုင်ငံလည်းဒီလိုပါ ပဲ။ ဗုဒ်္ဓဘာသာနိုင်ငံတွေဆိုတော့ လူ့အသက်သေတဲ့အထိပြစ်ဒဏ်မျိုး နဂိုကတည်းက ပေးခဲ့ပါတယ်။ အ ခုလည်းသေဒဏ်တွေပြန်ပေးဖို့ အ တည်ပြုဖို့အစီအစဉ်မရှိပါဘူးဟု ဦး ဇော်ဌေးကဆက်လက်ပြောကြား သည်။

လက်ရှိအချိန်တွင်လည်း သေဒဏ်ကျခံထားရသည့်အကျဉ်း သားဆယ်ဂဏန်းအချို့ခန့်ရှိပြီး ထို အကျဉ်းသားများကိုလည်း ပြစ် ဒဏ်ချမှတ်စီရင်ရန် အတည်ပြု ချက်မရရှိကြောင်း အကျဉ်းဦးစီးဌာ နမှ စုံစမ်းသိရှိရသည်။

၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး တွင် လူသတ်မှုပေါင်း ၁၂၄၆မှု၊ ဓား ပြမှု ၁၀မှု၊ လုယက်မှု ၁၃၆မှု၊ မုဒိမ်း မှု ၆၈၂မှုဖြစ်ပွားခဲ့ပြီး လူသတ်မှုနှင့် မုဒိမ်းမှုများအများဆုံးဖြစ်ပွားခဲ့ သည်။ အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက်စတင်ချိန်တွင် မေလ အတွင်း လူသတ်မှု ၁၂၆မှု၊ ဇွန်လ အတွင်း လူသတ်မှု ၁၂၅မှု၊ ဇူလိုင် လအတွင်း လူသတ်မှု ၉၅မှုဖြစ်ပွား ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအ တွင်းတွင် ၂၀၁၆ခုနှစ် ဇန်န၀ါရီလ မှ ဇူလိုင်လအထိ လူသတ်မှု ၁၀၆ မှု၊ မုဒိမ်းမှု ၁၀၈မှု၊ လူယက်မှု ၃၄ မှု၊ ဓားပြမှု ၁မှု၊ ဖောက်ထွင်းမှုလေး မှုဖြစ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် စာရင်းများအရသိ ရှိရသည်။

အခုအချိန်မှာ အဖြစ်ချင်ဆုံး ဆန္ဒက ရုရှားကဗလာဒီမာပူတင် ဖြစ်ဖြစ်၊ ဖိလစ်ပိုင်က သမ္မတဒူတာ တေကိုဖြစ်ဖြစ် ခဏလိုချင်မိတယ်။ ကျွန်တော်တို့ဆီက သမ္မတတွေက လူဆိုးတွေကို ကိုင်တဲ့နေရာမှာ သူ တို့တစ်ဝက်လောက်တောင် အ လုပ်မဖြစ်ဘူးဟု အသက် ၂၈နှစ် အရွယ်ကိုဝေဖြိုးက စိတ်ပျက်လက် ပျက်ပြောဆိုသည်။       

ရေးသားသူ - နေရီ ( ရဲမိုး )
၂၄.၈.၂၀၁၆ရက်နေ့ ထုတ်
The Myanmar Review Journal
အတွဲ ၃ ၊ အမှတ် ၈ ပါ ဆောင်းပါး

No comments: