Tuesday, August 16, 2016

မကွေးမြို့ မှာ ရဲနှင့် လူငယ်များ ခိုက်ရန်ဖြစ်ပွား


၁၆-၈-၂၀၁၆

မကွေးမြို့နယ်ရဲတပ်ဖွဲ့၊ မကွေးမြို့မရဲစခန်း၊ နယ်ထိန်းခေါင်း ဒုရဲအုပ် ကိုကိုဦးနှင့် တပ်ဖွဲ့ဝင်(၄)ဦးဟာ ၂၀၁၆ခုနှစ် သြဂုတ်လ ၁၄ ရက် ည ၁၂၃၀ အချိန်တွင် ညဥ့်နက်လှည့်ကင်းတာဝန်ဆောင်ရွက်နေရင်း ကန်သာ(၅)လမ်း၊ မြတ်မဉ္ဇူ ဘော်ဒါဆောင်ရှေ့အရောက် မှာ လူငယ် (၁၁)ဦးခန့် က လမ်းဘေး ဝိုင်းဖွဲ့သောက်စားပြီး ဂစ်တာတီး နေသည်ကိုနေအိမ်သို့ ပြန်ကြရန် ရဲတပ်ဖွဲ့ ဝင်တွေက လူစုခွဲရာကနေ လူငယ်အုပ်နဲ့  ၇ဲတပ်ဖွဲ့ တို့  စကားများရန်ဖြစ်ခဲ့ကြကြောင်း သိရပါတယ်။


အဆိုပါ လူငယ်အုပ်စုတွင် တပ်မတော်မှ အရာရှိ ဟု ဆိုနေသူ ကို ဒုရဲအုပ် ကိုကိုဦးမှတပ်မ(၈၈)မှတပ်ဆွယ်မှူးတပ်ကြပ်ကြီးလှရွှေအား ဖုန်းဆက်အကြောင်းကြားနေစဉ် ဖုန်းနဲ့ ခါးကြားက သေနတ်ကို လူငယ်အုပ်စုထဲမှ သူ့ ကိုသူ ဗိုလ်ကြီးတဦး လို့  ပြောနေ သူက ၀င် လုယူဖို့  ကြိုးစားခဲ့ပြီး ကျန်လူငယ်များမှ ကျန် တပ်ဖွဲ့ဝင်များအား ဝိုင်းဝန်းရိုက်နှက်သဖြင့် သေနတ်(၅)ချက်ပစ်ဖောက်ခြောက်လန့်ခဲ့ရကြောင်း မကွေးမြို့နယ်ရဲတပ်ဖွဲ့ဝင်များ ဆုံဆည်းရာ အွန်လိုင်း စာမျက်နှာမှာ ရေးသားဖေါ်ပြထားပါတယ်။

လူငယ်တွေ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ဒုရဲအုပ် ကိုကိုဦးနှင့်ဒဏ်ရာရရှိသူ တပ်ဖွဲ့ဝင်တွေကို မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်းသိရပါတယ်။

မကွေးမြို့နယ်ရဲတပ်ဖွဲ့ဝင်များ ဆုံဆည်းရာ

No comments: