Thursday, August 25, 2016

သီတဂူဆရာတော် ပုဂံသို့ ကြွရောက်

ရန်ကုန်၊ သြဂုတ် ၂၅

(ဓာတ်ပုံ - သီတဂူဆရာတော်နှင့် သီတဂူသတင်းများ။)

ယမန်နေ့(သြဂုတ် ၂၄ရက်) ညနေပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ရှေးဟောင်း စေတီပုထိုးများစွာ ထိခိုက်ပျက်စီးခဲ့သည့် ပုဂံသို့ ယနေ့(သြဂုတ် ၂၅ရက်) နံနက် ၇ နာရီက သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ ကြွရောက်ခဲ့ကြောင်း သီတဂူဆရာတော် သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့က ပုဂံမြို့ ကျက်သရေဆောင် စွယ်တော်လေးဆူတွင် ပါဝင်သော ငလျင်ကြောင့် မြေခခဲ့သည့် လောကနန္ဒာ စေတီတော်၏ စိန်ဖူးတော် ပြန်လည်ပြုပြင်ရန် ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဓာတ်ပုံ - သီတဂူဆရာတော်နှင့် သီတဂူသတင်းများ။

No comments: