တောင်ငူ၊ သြဂုတ်၂၅
ယမန်နေ့(သြဂုတ် ၂၄ ရက်) ညနေ ၅ နာရီကျော်က လှုပ်ခတ်ခဲ့သည့်ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် ဘုရား၊ စေတီ၊ ပုထိုးများ ပြုပြင်ရန်ကူညီလှူဒါန်းပေးမည့် မည်သည့်ပရဟိတအဖွဲ့အစည်းနှင့် အသင်းအဖွဲ့ကိုမဆို ပုဂံမြို့သစ်ရှိ ကုဋေအောင်ဟိုတယ်က အခမဲ့တည်းခိုးခွင့်ပြုသွားမည်ဖြစ်ကြောင်း အဆိုပါ ဟိုတယ်မှ စုံစမ်းသိရှိရသည်။
"ကျွန်မတို့ ဟိုတယ်က ပုဂံမြို့သစ်ထီးမင်းယဉ်လမ်းမှာရှိပါတယ်။ စေတီပုထိုးတွေ ပျက်စီးမှုနဲ့ ပတ်သက်ပြီး ပြုပြင်လှူဒါန်းပေမယ့်မည့်သည့် အသင်းအဖွဲ့မဆို အဖွဲ့လိုက်အခမဲ့တည်းခိုးခွင့်ပေးသွားမှာဖြစ်ပါတယ်။ ဒေသခံတွေနဲ့အတူ လိုအပ်တာတွေကို ကူညီပူးပေါင်းဆောင်ရွက်တဲ့ သဘောပါ"ဟု ကုဋေအောင်ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မသိန်းသိန်းအောင်က ယနေ့ နံနက် ၁၁ နာရီခန့်က The Voice သို့ ပြောကြားသည်။
လုံလောက်သည့် အခန်းအရေအတွက်လည်း ရှိကြောင်းနှင့် ဆက်သွယ်လိုသူများအနေဖြင့် ဖုန်း-၀၆၁ ၂၄၆၄၀၀၁၊ ၀၆၁ ၂၄၆၄၀၁၄ နှင့် ၀၆၄ ၂၄၆၄၀၁၇ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အဆိုပါဟိုတယ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။
No comments:
Post a Comment