၅..၈..၁၆
-
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု၏လူမှုစီးပွားဘဝ
တိုးတက် လာစေရန်သည် အစိုးရတိုင်း မဖြစ်မနေလုပ်ဆောင် ရမည့်
တာဝန်တစ်ရပ်ဖြစ်ကြောင်း ပြည်ထောင်စုကြံခိုင်းရေးနှင့် ဖွံ့ဖြိုးရေး
ပါတီဒုတိယဥက္ကဌ ဦးဌေးဦးက ယနေ့ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်း အဝေး ခေတ္တရပ်နားစဉ် သတင်းမီဒီယာများအား ပြောကြားသည်။
-
ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒထဲတွင် အတိုက်အခံပြုလုပ်ရန် မပါဝင်၍ လက်ရှိအစိုးရအား အတိုက်အခံပြုလုပ်မည် မဟုတ်ဘဲ အံချော်နေလျှင် တည့်မတ်ပေးသွား မည်ဖြစ်ကြောင်း ဦးဌေးဦးက ဆိုသည်။
-
ထို့ပြင် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီရှုံးနိမ့်ခဲ့ခြင်းမှာ စည်းလုံးမှုအားနည်းခြင်းကြောင့်မဟုတ်ဘဲ အဓိကအကြောင်းအရင်းမှာ ပြည်သူများက မထောက်ခံ၍၊ မဲမပေးသောကြောင့်ဖြစ်ကြောင်း ဦးဌေးဦးကပြောသည်။
==========
7Day News
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, August 5, 2016
"လက်ရှိအစိုးရအား အတိုက်အခံပြုလုပ်မည်မဟုတ်ဟု ပြည်ခိုင်ဖြိုး ဒုတိယဥက္ကဌ ပြောကြား " ================================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment