Please SHARE !!!
(4.8.16) မနေ့ နံနက် က .. ၄နှစ် အရွယ် ကျွန်မရဲ့ သမီးလေး ကို မူကြိုကျောင်း ပို့ဖို့ အသွား .. "Princess Irrawaddy မန္တလေး မုန့်တီ, ရှမ်းခေါက်ဆွဲ ဆိုင်" နဲ့ "Silver Green Hotel" တို့ရဲ့ မျက်နှာ ချင်းဆိုင်း ၂ခုကြား, အနော်ရထာ လမ်း နဲ့ ရန်ကင်း လမ်းသွယ် (၄)လမ်း ထောင့် လမ်းပေါ်မှာ .. သမီးလေး ကျောင်း ယူသွား စေရန် ရှမ်းခေါက်ဆွဲ ဆင်းဝယ် ဖို့ ရာ .. ခလေး ကလည်း ကား နောက်ခန်း ထဲမှာ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် နေတာ နဲ့ .. Car စက် မသပ် ဘဲ Aircon ဖွင့်ထား ပေးပြီး .. သော့ တန်းလန်း နဲ့ ပုံထဲက Surf အနီရောင် (CCTV Video ထဲက ပုံကို ဖုန်းဖြင့် ဓါတ်ပုံ ပြန်ရိုက် သည်) Car ကို ရှမ်းခေါက်ဆွဲ ဆိုင်ရှေ့မှာ ခေတ္တ ရပ်ထား ခဲ့ ပါတယ် .. မနက် ၉ နာရီ ဝန်းကျင် လောက် ပါ ...
ကြာမြင့် ချိန်က ၇ မိနစ် အလွန်ဆုံး ပါဘဲ .. ရှမ်းခေါက်ဆွဲ ဘူး ယူပြီး Car ပေါ်တက် လာတော့ .. ဘယ်ဘက် ပါစင်ကျယ် ထိုင်တဲ့ ဘက် ထိုင်ခုံ ပေါ်မှာ, အားသွင်း ထားတဲ့ ဖုန်း ၂လုံး, ပိုက်ဆံအိတ် အပါအဝင် ပစ္စည်းများ မရှိတော့ ပါဘူး .. သိသိချင်း အနီး ပတ်လည် က ဆိုင်တွေ ကို အသိပေး ခဲ့ပြီး, သက်ဆိုင်ရာ #ရန်ကင်း #ရဲစခန်း မှာ #တိုင်ချက်ဖွင့်, လုပ်စရာ ရှိတာ များ ကို အချိန် မဆွဲဘဲ ဆက်တိုက် လုပ်ခဲ့ ပါတယ် ...
ပါသွားတဲ့ ပစ္စည်း စာရင်း မှာ ~
~ 09 5189198 & 09 96 5189198 SimCard ၂ခု ပါတဲ့ , Huawei G Play ရွှေရောင် ဟန်းဆက် (၁)လုံး ..
~ 09 455648020 & 09 97 - - - - SimCard ၂ခု ပါတဲ့ , ရှောင်းမီ Mi Note-3 Pro (ခဲရောင်) ဟန်းဆက် (၁)လုံး ..
~ နံ့သာရောင် (ကာကီရောင်) COACH တံဆိပ် စလင်းဘတ် အိတ် (၁)လုံး ..
~ AYA Bank (ဧရာဝတီ ဘဏ်) စာအုပ် (၁)အုပ် ..
~ မှတ်ပုံတင် (၁)ခု ..
~ Car လိုင်စင် (၁)ခု ..
~ Car ဝှီးတက် (၂)ခု ..
~ လက်ပက် နာရီ (၃)လုံး ..
~ အကောင်းစာ မီးခြစ် (၁)လုံး ...
ရန်ကင်း စခန်းမှူး, နယ်ထိမ်း များ, Silver Green Hotel မှ ဝန်ထမ်းများ အကူညီ များနဲ့ .. SGHotel နံရံ ပတ်ပတ် လည် မှ CCTV Video Camera မှတ်တမ်းများ လည်း ရရှိ ထားပြီး ဖြစ် ပါတယ် ...
CCTV Video Camera မှတ်တမ်းများ အရ .. #ခိုးယူ သွား သူဟာ, #လူငယ် #၂ယောက် ဖြစ် တယ် .. လူငယ် ၂ယောက်, ကျွန်မရဲ့ ph ဟန်းဆက်များ ကို ရရှိ ထားလို့ , ကျွန်မရဲ့ Facebook Acc ကိုလည်း သိနေ ပြီး, Timeline ထဲ လည်း ဝင်မွှေ ပြီးသား ဖြစ်မှာ ပါ .. ကျွမ်းကျင်တဲ့ ပညာရှင် ရဲ့ အကူညီ နဲ့ ခုချိန် မှာတော့ FB acc ကို အချိန်မှီ ပြန်ယူ, Password Change ထား ပြီး ပါပြီ ...
နိုင်ငံသား မှတ်ပုံတင်/ Car ဝှီးတက် ၂ခု/ လိုင်စင်/ AYA ဘဏ် စာအုပ်/ အရေးကြီး Record မှတ်တမ်းများ နဲ့ ဓါတ်ပုံများ ပါတဲ့ Memory Card များ (Phone ဟန်းဆက် ထဲမှ) .. ဒီ Card ပြား တွေ ဟာ ပြန်လုပ် ဖို့ အင်မတန် မှ ခက်ခဲ, အချိန်ကုန် အလုပ်ရှုပ် စေ ပါတယ် .. ခိုးယူ သွားတဲ့ သူ ၂ ယောက် အတွက် တော့ အသုံး မဝင် ပေမဲ့ , ကျွန်မ အတွက်တော့ မရှိ မဖြစ် Essential ပါ ...
ဒီ Post တင်တဲ့ အချိန် မှာ, ကျွန်မ လက်ထဲ မှာ Video File ရှိနေ ပေမဲ့ လည်း .. ခိုးယူ သွားတဲ့ လူငယ် ၂ယောက် ကို သက်ညှာ တဲ့ အနေနဲ့ .. ခိုးယူ နေတဲ့ Video File ကို မတင် သေး ပါဘူး .. ကျွန်မ အတွက် Essential လိုအပ်တဲ့ အထက်ပါ Card များကို .. မှတ်ပုံတင် ပါ လိပ်စာ အတိုင်း , စာတိုက် မှ ဖြစ်စေ, ကျွန်မ ဆီ ဆက်သွယ် ကာ ဖြစ်စေ, အဆင်ပြေ သလို ပို့ ပေးကျပါ .. ၁၀ ရက် တိတိ စောင့် ပါမယ် ...
၁၀ ရက် ထက် ကျော်လွန် သွား ရင်တော့ .. [အကျီင်္း အစိမ်းရင့် ရောင်, ဘောင်ဘီတို အမဲ နဲ့ လူငယ် Surf Car ဘေးကို ချဉ်းကပ် လာပုံ က အစ - အဖေါ် လူငယ် တစ်ယောက် ဖွင့်ထား ပေးတဲ့ အသင့် ပါလာ တဲ့ အိတ်ထဲ, ကျွန်မရဲ့ Car ထဲမှ ပစ္စည်းများ ကို ခိုးယူ ပြောင်းထည့် ပုံ အလယ် - "Princess Irrawaddy မြီးရှည်, ရှမ်းခေါက်ဆွဲ ဆိုင်" နဲ့ "ဗေဒင် ရုံးခန်း" ဘေး, ရန်ကင်း လမ်းကြား မှ တစ်ဆင့်, "မဟာ ရန်ကုန် လ္ဘက်ရည် ဆိုင်" ဘက် ထွက်သွား တဲ့ ပုံ အဆုံး] ...
၎င်း ခိုးယူပုံ (စ - လယ် - ဆုံး) ပါတဲ့ CCTV Video File ကို online FaceBook, You Tube, Midea, News ဌါန ပေါင်းစုံ ရဲ့ အကူညီများ နဲ့ အများ သူငှါ ကြည့်ရှု , သတိထား ဆင်ခြင် ရှောင်ကျဉ် နိုင် စေဖို့ ရာ ဖြန့်ဝေ ပေး ပါမယ် ...
That's all (5.8.16) !!!
မြတ်သက်မွန် @ Myat Thet Mon
09 73170980
(၁၄) ရပ်ကွက်, ကျောက်ကုန်း,
ရန်ကင်း မြို့နယ်။
No comments:
Post a Comment