Friday, August 5, 2016

စာစီစာကုံးကိုပင် အလွတ်ကျက် ရေးရသည့် ပညာရေးမှာ ဆိုးဝါးလှကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား =================================


၅..၈..၁၆
-
ယနေ့ နေပြည်တော်ရှိ အားကစားရွာတွင် ကျင်းပသည့် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (ဆရာ အတတ်ပညာကဏ္ဍ)သို့ တက်ရောက်လာသူ ဒေါ်အောင်ဆန်းစုကြည်က အလွတ်ကျက် ပညာရေး
စနစ်ကို ပြုပြင်ပြောင်းလဲရန် အစိုးရက ကြိုးစားလျက်ရှိကြောင်း ပြောကြားခဲ့သည်။
-
စာစီစာကုံးကိုပင် အလွတ်ကျက် ရေးနေကြသည်မှာ အဆိုးဆုံးဖြစ်ကြောင်း၊ အလွတ်ကျက်သည့် စနစ်မှာ မှတဥာဏ်ကောင်းရုံသာ လေ့ကျင့်ပေး
နိုင်ကြောင်း၊ ထို့ကြောင့် မှတ်ဥာဏ်ကောင်းရုံဖြင့် မလုံလောက်ဘဲ စဉ်းစား
ဆင်ခြင် သုံးသတ်တတ်ရန်လည်း လိုအပ်ကြောင်း သူမက ပြောကြားခဲ့သည်။
-
“ကျမတို့ ပညာရေးစနစ်ကို ပြောင်းတဲ့အခါ အလွတ်ကျက်တဲ့စနစ် မဟုတ်ဘဲ ဆင်ခြင် စဉ်းစားသုံးသပ်နိုင်တဲ့ စနစ်ပေါ်မှာ အခြေခံ နိုင်အောင် ကြိုးစား
နေပါတယ်၊ အလွတ်ကျက်တာကျတော့ ဆင်ခြင်စဉ်းစားတာ မပါဘူး။ ဆင်ခြင် စဉ်းစားချိန်လည်း မရဘူး။ ကလေးတွေမှာ အလွတ်ကျက်နေတာနဲ့ပဲ အချိန်
ကုန်နေတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
-
တိုင်းပြည်၏ အနာဂတ်သည် ပညာရေးအပေါ်တွင် မူတည်နေသောကြောင့် ဆရာ၊ ဆရာမများ အပေါ်တွင်လည်း များစွာ မူတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
-
သင်ယူခြင်းဆိုသည်မှာ တသက်လုံး လုပ်ရမည် အလုပ်ဟု ယခုခေတ်တွင် အားလုံးက လက်ခံကြသဖြင့် ကျောင်းခန်းထဲတွင် ရှိသည့် အချိန်တွင်သာမက ကျောင်းခန်း ပြင်ပရောက်သည့် အခါတွင်လည်း သင်ယူစရာများစွာ ရှိကြောင်းလည်း ဆိုသည်။
-
ဆရာ၊ ဆရာမများ ကိုယ်ကိုယ်တိုင်က တသက်လုံး သင်ယူချင်သည့် စိတ်ရှိမှ
သာ တပည့်များကိုလည်း ကောင်းကောင်း သင်ပေးနိုင်မည်ဖြစ်ကြောင်း၊ သင်ယူချင်သည့် စိတ်မရှိသည့် ဆရာ၊ ဆရာမများက တပည့်များကိုလည်း သင်ယူချင်လာအောင် လုပ်ပေးနိုင်မည် မဟုတ်ကြောင်း ပြောဆိုသည်။
===========
The Ladies News

No comments: