မင်္ဂလာတောင်ညွန်မြို့နယ် မလွှကုန်းဘူတာနှင့် ပုဇွန်တောင် ဘူတာကြားရှိ
ရထားသံလမ်းတွင် ယနေ့ (သြဂုတ် ၂၅ ရက်) နံနက် ၈ နာရီခွဲက သံလမ်းပေါ်
အရက်ထိုင်သောက်နေသည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့
ရထားတိုက်မိရာမှ သေဆုံးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
အဆိုပါ
သေဆုံးခဲ့သော အသက် ၂၄ နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၃၀ နှစ်အရွယ်
အမျိုးသားနှစ်ဦးတို့မှာ ပျံကျနေထိုင်သူများဖြစ်ပြီး ယင်းနေ့က
မိုင်တိုင်အမှတ် ၁/ ၂၂ အနီး ရထားသံလမ်းတွင် အရက်ထိုင်သောက်နေစဉ်
ရန်ကုန်-မန္တလေး စာပို့ (အဆန်) ရထားက ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း
မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။http://thevoicemyanmar.com/latest-news/1164-mlk
No comments:
Post a Comment