ဗျို့ .. အယ်ဒီတာ....
အခုတစ်လော ဘစီလည်း အစိုးရရုံးပြင်ကနားဘက် အ၀င် အထွက် အတော်များနေရသဗျ။ အလုပ်ကိစ္စလေးတွေပေါ့လဗျာ။ အရင်ဆုံး ဘယ်ရောက်လဲဆိုတော့ အစိုးရဆေးရုံရောက်သဗျ။ ကျုပ်တို့မြို့နယ်ဆေးရုံဆိုပါတော့ဗျာ။ ကိစ္စလေးရှိလို့သွားတာ တခြားသူတော့မသိပါဘူး။ ကျုပ်ကြုံဆုံရတဲ့ ၀န်ထမ်းတချို့ကတော့ ဆူဆူအောင့်အောင့်ကြီးတွေခင်ဗျ။ ကိုယ်လည်း ဘာမှအမှားလုပ်မိတယ် မထင်ပါဘူး။ ကိုယ်သွားလိုတဲ့ ဌာနမသိလို့ ဘယ်မှာပါလဲခင်ဗျာ သွားမေးတာ ကျုပ်ကပဲအမေး မတတ်လေသလား သိပေါင်ဗျာ။ဟိုဘက်သွားမေးတဲ့။ ဘယ်ဘက်ပါလဲခင်ဗျာလို့ ထပ်မေးတော့ လက်ညှိုးတော့ထိုးလိုက်တာပဲ။ ထိုးတဲ့ဘက်မှာ ဘာမှလည်း မ တွေ့ပါဘူး။အနှီဝန်ထမ်းရဲ့မျက်နှာကလည်း ရှစ်ခေါက်ချိုးဆိုတော့ကာ ထပ်လည်းမမေးရဲတော့ပါဘူး။ ဒီလိုနဲ့ဟိုမေး ဒီညွှန်နဲ့ဆေးရုံ တစ်ပတ်သာကုန်ပါလေရော။ ကျုပ်သွားချင်တဲ့နေရာမရောက်ဘူးဗျ။ ဒါနဲ့ တစ်နေရာပဲကျန်သဟဲ့ဆိုပြီး ဆေးရုံပေါက်ကပြန်ဆင်းအလာ ခုနင်က ကျုပ်ဝင်လာတဲ့ အပေါက် နားခပ်လှမ်းလှမ်းက မြေစိုက်အခန်းလေးက ကျုပ်သွားလိုတဲ့ နေရာဖြစ်နေသကိုး။
သြော် င့ါနှယ်။ ခုနင်က ၀င် လာလာချင်း အပေါက်စောင့်ကို မေးပါသေးတယ်။ အနှီဌာနက ဘယ်မှာလဲလို့။ အဲသဟာ သူက လည်း အပေါ်လက်ညှိုးထိုးတော့ ကိုယ်လည်း အပေါ်ရောက်၊ အ ပေါ်ကလည်း ဟိုထိုးဒီညွှန်နဲ့ ဆေး ရုံတစ်ပတ်ပတ်မိရတဲ့ အဖြစ်။ ပြောပါတော့လား စောစောက၊ ဟိုဘက်မှာလို့။ ဟုတ်ပါဘူးဗျာ။ ကိုယ်လည်း နည်းနည်းဒေါပွတာ ပေါ့။ ဒါပေတဲ့ ပြောရဲပါဘူး။ ရှိ တာရှိပါစေတော့။ ခမျာတို့လည်း အလုပ်များရှာကြတယ်မဟုတ် လား။ ကျုပ်လည်း ကိုယ်သွားချင် တဲ့ ဌာနတွေ့ရပြီပဲဟာ။ ဒါနဲ့ ကိုယ်လည်း အခန်းထဲဝင်မယ် လုပ်တော့ ဘာကိစ္စလဲတဲ့။ ဒီလို ဒီလိုပါခင်ဗျာဆိုတော့ ဟိုဘက်မှာ ထိုင်စောင့်နေတဲ့။ ဟုတ်ကဲ့။ အဲဒီ မှာလည်း ထိုင်စောင့်နေတဲ့သူတွေ က နည်းမှတ်လို့။ ဒါနဲ့ မနက် ၉ နာရီလောက်က ထိုင်စောင့်တာ နေ့ခင်း ၂ နာရီထိုးပါရော။ အ ကြောင်းက မိန်းမမီးဖွားမယ့် ကိစ္စ အတွက် အစိုးရဆေးရုံက လိုအပ် တဲ့ စာရွက်လေးတစ်ရွက် သွားယူ တာပါ။ အတိုချုပ်ရရင်တော့ အနှီ ကိစ္စတစ်ထိုင်တည်းလည်း မပြီး လို့ သုံးခေါက်တိတိ သွားလိုက်ရ ပါတယ်။ ဒါတောင် မပြီးသေးဘူး ခင်ဗျ။ နောက်ရက်များမှာ ထပ် သွားရဦးမှာ။ ဘယ်တတ်နိုင်မလဲ၊ သူတို့က ၀န်ထမ်း၊ ကိုယ်တွေက ပြည်သူပဲဟာ။ သည်းခံရမှာပဲ။ ဒီမိုကရေစီရပြီတွေ ဘာတွေ သွား မလုပ်နဲ့၊ အော်ထည့်လိုက်မှ အ ခက်။ ကိုင်း ... ဒီအကြောင်း ဒီမှာ တစ်ခန်းရပ်လိုက်ဦးမယ်ဗျာ။
နောက်ထပ်ကိစ္စတစ်ခုက တော့ စာတိုက်ကိစ္စခင်ဗျ။ရန်ကုန် စာတိုက်ကြီးက ဆိုင်ရာမန်နေဂျာ က ဘစီကို သူတို့ရဲ့ စာတိုက်စနစ် ကို ဘယ်လိုကောင်းမွန်အောင် လုပ်ထားတယ်ပေါ့လဗျာ။ အင်မ တန်မှ ဘစီတို့နားမလည်လို့ မေး သမျှကို စိတ်ရှည်လက်ရှည်နဲ့ ရှင်း ပြရှာတာကလား။ သိတဲ့အတိုင်း စာတိုက်စနစ်ကလည်း ရွှေပြည် ကြီးမှာ ပျက်နေတာ ကြာတောင့် ကြာရှည်ခဲ့ပြီမင့်ဟာ။ ဘစီတို့မှာ ဗီပီပီတို့၊ ဗီပီအယ်လ်တို့ဆိုတဲ့ နာ မည်သာ စာအုပ်တွေထဲ တွေ့လို့ ကြားဖူးနေတာ။ ဗီပီပီဆိုသဟာ ဘာ၊ ဗီပီအယ်လ်ကဖြင့် ဘယ် သင်းလို့တော့ဖြင့် သေချာမသိရိုး အမှန်ပဲ။ အဲဒီမန်နေဂျာကို မေး ကြည့်တော့ သူရှင်းပြမှ နည်းနည်း ပါးပါး တီးမိခေါက်မိနားလည် သွားတာ။ ဒါနဲ့ ဘစီရဲ့အလုပ်ကိစ္စ များအတွက် စာတိုက်ကို အားကိုး တော့မယ်ဆိုပြီး ပြတ်သားတဲ့ ဆုံး ဖြတ်ချက်ချလိုက်တယ်။
မိတ်ဆွေတချို့ကတော့ အံ့ အားသင့်တယ်။ အလုပ်ဖြစ်ပါ့မ လားပေါ့လေ။ ပြီးတော့လည်း ပြောသေးဗျ။ မောင်ဘစီဟာ အစိုးရအပြောင်းအလဲ ဖြစ်ပြီး ကတည်းက အစိုးရစနစ်တွေကို သိပ်ပြီးအကောင်းမြင်နေတာပဲ တဲ့။ ပြောစမ်းပလေ့စေဗျာ။ ဘစီ ကတော့ ယုံတယ်။ တကယ်လုပ် ရင် အဟုတ်ဖြစ်ရမယ်။ ခုနင်က ကျုပ်မေးလာတဲ့ စာတိုက်မန်နေ ဂျာကလည်း ဘစီကို ဘယ်မှာနေ သလဲတဲ့။ ဘစီလည်း ကိုယ်နေတဲ့ မြို့နယ်အမည် ပြောပြတာပေါ့။ ဟာ ဒါဖြင့်ရင် ဒီမလာပါနဲ့ကွယ်။ အနီးဆုံးကိုယ့်မြို့နယ် စာတိုက်က ပို့ချင်တာတွေ ပို့မယ်ဆိုလည်း အ ဆင်ပြေပါတယ်တဲ့။ ကောင်းပါ လေ့ဗျာ။ ဒီလိုမှဖြင့် အတိုင်းထက် အလွန် တံခွန်နဲ့ ကုက္ကားဆိုရမှာ ပေါ့လေ။
လာထား။ စီစဉ်စရာတွေ စီ စဉ်ပြီး ဘစီတို့နေထိုင်ရာ မြို့နယ် က စာတိုက်ကို ပြေးတာပေါ့။ မနက် ၁၀ နာရီမတိုင်ခင် ကိုယ်ပို့ လိုတဲ့ပစ္စည်းကို စာတိုက်ဆီ အ ရောက်ပို့နိုင်ရင် ရန်ကုန်မြို့တွင်း ကတော့ နေ့ချင်းရောက်တယ် ဆို သကိုး။ ဒါနဲ့ ၀ီရိယရှိရှိနဲ့ ၉ နာရီ လောက်အရောက်ပြေးတာ။ ဘစီ ကပဲ စောသလား သိပေါင်ဗျာ။ စာတိုက်ရုံးလေးရှေ့မှာ ကိုယ်တစ် ယောက်တည်း ထိုင်စောင့်ရတယ်။ ခဏနေမှ ၀န်ထမ်းတစ်ယောက် ရောက်လာတယ်။ ဒီလို ဒီလိုပါ ခင်ဗျာဆိုတော့ ဆိုင်ရာတာဝန်ကျ တဲ့သူ လာပါလိမ့်မယ်ခေတ္တစောင့် ပါဆိုတော့ ဟုတ်ပါပြီ။ စောင့်တာ ပေါ့။ လက်ကနာရီ ကြည့်လိုက် တော့ ၁၀ နာရီထိုးနေပြီ။ ဆိုင်ရာ ၀န်ထမ်းက မလာသေးဘူး။ဒါဖြင့် ဘယ့်နှာ ဘစီပစ္စည်းများ နေ့ချင်း ပြီး ရောက်မှရောက်ပါ့မလား။ အ တိုချုပ်ကြစို့ရဲ့။ ဘစီ အတွေးပွား နေတုန်းမှာပဲ မျှော်လင့်စောင့်စား နေတဲ့ဝန်ထမ်း ပေါက်ချလာတယ်။ ဟောဒီပစ္စည်းတွေ ဗီပီပီနဲ့ ပို့ချင် လို့ပါဆိုတော့သူက နားမလည် သလိုလိုပဲ။ ကျုပ်ကိုငေးလို့။ မ ဟုတ်သေးပါဘူး။ ရန်ကုန် စာ တိုက်ကြီးမှာ ကျွန်တော်မျိုးများ စုံ စမ်းလာပါတယ်။ ဒီလိုဒီအကြောင်း တွေပါခင်ဗျာဆိုပြီး ဘစီလည်း သိ သမျှ သူ့ပြန်ဖောက်သည်ချရသေး တယ်။ ဒီတော့မှ အနှီဝန်ထမ်းက သူ့အထက်က လူကြီးတစ်ယောက် လာလိမ့်မယ်အကြောင်း ခဏ စောင့်ပါဦးတဲ့။
တော်ပြီဗျာ။ မစောင့်တော့ ဘူး၊ သွားမယ်ဆိုပြီး ကျုပ်လည်း ကိုယ့်အထုပ်ကိုယ်ထမ်းပြီး သုတ် ခြေတင်ခဲ့ရတယ်။ စိတ်ထဲတော့ တယ်ပြီး ဘ၀ကျလှတယ် မဟုတ် ဘူးပေါ့ဗျာ။ ဘယ့်နှယ် ဒီယန္တရား ကြီးတစ်ခုလုံးဟာ အထက်မှ အောက်၊ အောက်ကမှ အထက် လွန်းပြန်သိနေရမယ့် မင့်ဟာ။ ဘာကြောင့်များ ကြားထဲမှာ အ ထက်ကလုပ်တာ အောက်က မသိရတာလဲပေါ့။ ဒါနဲ့ စာတိုက် ကြီးဘက် ဦးတိုက်ထွက်လာရ တော့တာပေါ့။ အထုပ်တွေကို ဟောသလို ဗီပီပီတို့၊ ဗီပီအယ်လ် တို့နဲ့ပို့ချင်လို့ပါဗျဆိုတော့ ကိုယ် မေးမိတဲ့ဝန်ထမ်းက မျက်လုံးကြီး ပြူးပြီးကြည့်တယ်။ ရုတ်တရက် တော့ ဘစီများ စကားပြောမှား လေသလားပေါ့လေ။ သူ့ဆီက အသံထွက်လာတယ်။ ဒီမှာမရ ဘူးတဲ့။ ခင်ဗျာ။ မရဘူးဟုတ်စ။ ဗီပီပီတို့၊ ဗီပီအယ်လ်တို့ဆိုသဟာ တွေက စာတိုက်က ပစ္စည်းပို့တဲ့ နည်းတွေလေဗျာ။ မရရှိရိုးလား။ ပြီးတော့ ခင်ဗျားတို့မန်နေဂျာ ကိုယ်တိုင်က ကျုပ်တို့တစ်ခါ လာစုံစမ်းမေးမြန်းတော့ စာတိုက် ၀န်ဆောင်မှုတွေအကြောင်းရှင်း ပြပြီးသား။ အခု သူပြောတဲ့အ တိုင်း လာလုပ်တာ။ မန်နေဂျာ အသံကြားလို့ပဲလား။ ဒါမှမဟုတ် သဘောပေါက်သွားလို့လားမသိ ပါဘူး။ တစ်နေရာကို ထပ်ပြီး မေး ငေါ့ပြတော့ ဘစီလည်းသွားရတာ ပေါ့။
အဲဒီဌာနကျတော့ ပြန်ဖြေ တဲ့ ၀န်ထမ်းက ပစ္စည်းတစ်ခုချင်း ပို့လို့မရဘူး။ အများကြီးစုပို့မှ ရမ တဲ့။ ဟာ မဟုတ်တာပဲဗျာ။ပစ္စည်း ပို့တာပဲ ကျုပ်တို့ဘာသာ တစ်ခု ပို့ပို့၊ နှစ်ခုပို့ပို့ပေါ့။ ပြီးတော့ ခင် ဗျားတို့ မန်နေဂျာက ဟောသလို ရှင်းပြထားပါတယ်ဆိုပြီး ပြော တော့မှ ဒါဖြင့်ရင်လည်းပို့လေတဲ့။ ဟုတ်ပါပြီ။ ပို့ချင်တယ်။ အရင် ဆုံး ကျုပ်တို့ဘက်က နှစ်စဉ်ကြေး တွေ ဘာတွေသွင်းဖို့လိုသေး တယ်။ အဲသဟာ ဘယ်လိုလုပ်ရ မလဲဆိုတော့ အင်း အဲဒါတော့ မ သိဘူးတဲ့။ အပေါ်ထပ်ပြန်တက်ပြီး မေးကြည့်တဲ့။ ဟာဗျာ။ ခင်ဗျား တို့ မသိဘူးလားဆိုတော့ သိတယ် တဲ့။ ဟုတ်ပြီလေ။ ဒါဖြင့်ရင် ကျုပ် တို့ဘက်က ဘာတွေလိုမလဲ။ မန် နေဂျာကတော့ ဒါတွေလိုမယ် ပြောတာပဲ။ ဟုတ်လားဆိုတော့ အင်းတဲ့။ ဘစီလည်း နည်းနည်း တော့ စိတ်ရှုပ်တာပေါ့ဗျနော်။ အ တော်ကြီး အချေအတင်တွေပြော တော့မှ ဒီလိုဒီလို စာရွက်စာတမ်း တွေ လိုအပ်တယ်။ အဲဒါတွေပါ လာရင် သူကိုယ်တိုင်အပေါ်တက် ပြီး လိုက်လုပ်ပေးပါမယ်ဖြစ်က ရော။ အင်း။ ဒီလိုတော့လည်း အ လွယ်လေးပါကလား။ ဒါများ စောစောက ပြောနေရင်ပြီးနေမှပဲ ဟာ။
နောက်တစ်ရက်တော့ အနှီ ဌာနဘက်တန်းပြီး ကျုပ်လည်း မ သွားတော့ပါဘူးဗျာ။ အမြန်ချော နဲ့ ပို့စရာရှိတာလေးတွေ ပို့ရင်းနဲ့ ဘစီမနေ့က နည်းနည်းဆူဆူညံ ညံတွေ လာလုပ်ထားလို့ မှတ်မိ သွားလားမသိပါဘူး။ အဲဒီကောင် တာက ၀န်ထမ်းအစ်မကြီး တစ် ယောက်က မနေ့ကကိစ္စ အဆင် ပြေလားတဲ့။ မပြေဘူးဗျဆိုတော့ သူ့ဘေးနားက အစ်မကြီးကမောင် လေးတို့ လုပ်ချင်သလိုမျိုးဆိုရင် စီမံရေးရာဌာနကို သွားရမယ်တဲ့။ အဲဒီမှာမေးကြည့်စုံစမ်းပေါ့တဲ့။ မဟုတ်မှလွဲရော သူတို့လည်း မနေ့က ဘစီပြောတော့မှ လိုက် မေးရင်း သိပုံရတယ်။ ဟုတ်ချင် မှလည်း ဟုတ်မှာပေါ့လေ။ ဒီမှာ လည်း အတိုထပ်ချုပ်ကြပါဦးစို့ရဲ့။ သူရို့ညွှန်တဲ့ စီမံရေးရာဌာန တက်သွားတော့ မန်နေဂျာတို့ဆိုင် ရာ တာဝန်ရှိသူတို့ကို တွေ့ရ တယ်။ ဒီလို ဒီအကြောင်းလုပ်ချင် ပါတယ်ဆိုတော့ သူရို့ကပဲ သေ သေချာချာရှင်းပြကြတယ်။ လို အပ်တဲ့စာရွက်စာတမ်းကို ဘယ် လိုဖြည့်ရမယ်။ ငွေဘယ်လို သွင်း ရမယ် စတာတွေကို ကိုယ်တိုင် ကိုယ်ကျ ရေးဖြည့်ပေးတယ်။ မရှင်းလို့မေးတဲ့အခါ သူတို့မသိ ပေမယ့် သိတဲ့လူကြီးကို ခေါ်ပေး မယ်ဆိုပြီး ခေါ်ပြီးရှင်းပြခိုင်းတယ်။ အတော်ပဲ အဆင်ပြေပါတယ်။ ဘစီတို့မှာ ထိုင်ရာကမထရပါဘူး။ တစ်ထိုင်တည်းနဲ့ လုပ်ချင်သမျှ ကိစ္စပြီးပြတ်တယ်။ သြော်... ဒီလို မှန်းသိရင် အစောကြီးကတည်းက အထက်တက်လာခဲ့ပါရဲ့။ အခု တော့ဖြင့် ငါ့နှယ်နော်။
ဘစီလည်း အထက်ပါအစိုး ရရုံးဌာနကြုံရသမျှလေးတွေကို မိတ်ဆွေများဆီ ပြန်ပြီးဖောက် သည်ချ၊ ဘယ်လိုကြောင့်များ အ ပေါ်တစ်မျိုး အောက်တစ်မျိုးဖြစ် ရတယ်ဆိုတာ ဆွေးနွေးအဖြေရှာ။ မိတ်ဆွေများကတော့ ၀န်ထမ်း တချို့ဟာ အစိုးရအပြောင်းအလဲ မှာ အရင်လိုမဟုတ်တော့ဘူး။ အရင်တုန်းကတော့ ဟောက်စား၊ ငေါက်စားလုပ်လို့ရသတဲ့။ အဲ သဟာကိုမှမခံနိုင်တဲ့လူကလာဘ် ထိုးတော့မှ ချောဆီများ ထည့် လိုက်သလို ရှောရှောရှူရှူ ဖြစ် တယ်ဆိုကိုး။ အခု အစိုးရသစ် တက်လာတော့ အနှီခွင်ပေါက် တွေ ပိတ်ကုန်တယ်။ ပြည်သူတွေ ကလည်း အရင်လို မဟုတ်။ နိုးနိုး ကြားကြားဖြစ်လာတော့ သူတို့ ဆက်ဆံရတဲ့ နယ်ပယ်က ၀န် ထမ်းတချို့ ညစ်သမျှကို ပြန်ပြီး စောဒကတက်တာမျိုးတွေ လုပ် သကိုး။ ဒီမှာတင် အခုတက်လာ တဲ့ အစိုးရသစ်ကြောင့် ဒါမျိုးတွေ ဖြစ်ရတာဆိုပြီး တချို့ဝန်ထမ်း တွေက အစိုးရအပေါ်မှာ ဒေါသ ထွက်ကြတာတဲ့၊ စိတ်ဆိုးနေကြ တာတဲ့။
ဒါက ဘစီထက်ကိုပိုပြီး အစိုးရ၀န်ထမ်းတွေနဲ့ ထိတွေ့အ လုပ်လုပ်နေကြတဲ့ မိတ်ဆွေတချို့ ရဲ့ သုံးသပ်ချက်ပဲဗျ။ ဘယ် လောက်ထိမှန်သလဲဆိုတာတော့ ကိုယ့်ဘာသာသာ ချိန်ကြည့်ပေ ရော့ဗျာ။ ဘစီကိုယ်တွေ့ကတော့ ပြောင်းတဲ့နေရာ ပြောင်းပြီး မ ပြောင်းတဲ့နေရာ မပြောင်းသေး ဘူးဆိုတာ ကိုယ်တွေ့ဗျို့။ အဲဒီ ကိုယ်တွေ့တွေကို ထပ်ပြောပြပါ ဦးမယ်ဗျာ။ လောလောဆယ် တော့ အစိုးရကို စိတ်ဆိုးတဲ့ ၀န် ထမ်းတွေရှိရင်လည်း အမြန်ဆုံး စိတ်ဆိုးပြေပါစေ ဆုတောင်းနေ ရာတာပဲ။ ဒါမှ အစိုးရကိုစိတ်ဆိုး သမျှ ဘစီတို့ပြည်သူတွေ အမဲခံရ နေတဲ့ ဒုက္ခကလွတ်မှာ။တော်သေး ပြီ။
(ဖော်ပြပါ သရော်စာသည် စာရေးသူဘစီ၏ အာဘော်သာဖြစ်သည်)

No comments:
Post a Comment