‘စူဠာမဏိဘုရားထဲက လူတွေကို ဒေသခံတွေက နောက်တစ်ကြိမ် လှုပ်မှာစိုးလို့ ဆွဲထုတ်ကြတာ’’
သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၅ မိနစ်ခန့်က လှုပ်ခတ်ခဲ့ သော
အင်အားပြင်းငလျင်ကြောင့် ရှေးဟောင်းပုဂံမြို့တော်ရှိ စေတီ ပုထိုးများ
ထိခိုက်ပျက်စီးခဲ့သည်။ ငလျင်ကြောင့် ပုဂံဒေသရှိ စေတီ
ပုထိုးပျက်စီးဆုံးရှုံးမှုနှင့် ငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း အခြေ
အနေများကို ပုဂံဧည့်လမ်းညွှန် များအသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချို အား 7Day Daily
သတင်းစာက ဆက်သွယ်မေးမြန်းထားသည် များမှ ကောက်နုတ်ဖော်ပြလိုက် ပါသည်။
ပုဂံငလျင်နဲ့ပတ်သက်ပြီး မြေပြင် အခြေအနေလေး ပြောပြပေးပါ ဦး။
အဆူ ၆၀ လောက်ပေါ့။ (ည ၇ နာရီခန့်စာရင်း) အဓိကက ဘုရားအပေါ်ပိုင်းမှာ ကွမ်းတောင်ပေါ်မှာပေါ့။ ဖောင်းရစ်တွေ အဲဒါမျိုးတွေ ပြိုကျသွားတယ်။ စူဠာမဏိဘုရားကတော့ တော်တော်လေးများတယ်။ အပေါ်ကွမ်းတောင်တစ်ခုလုံး အောက်ကို ပြိုကျသွားတယ်။ နောက်တစ်ခါ ရာဇိကဘုရား ကျတော့လည်း အပေါ်ပိုင်းက ရွှေချထားတာ။ ဖောင်းရစ်ကလည်း မကျိုးရုံတမည်ပဲ။ တည်းတည်းလေး ကျန်တော့တယ်။ ထီးတော်လည်းစောင်းသွားတယ်။ တစ်ခုဆိုးတာက သမုဒိဆိုတဲ့ဘုရား။ သူက အပေါ်ပိုင်းတစ်ပိုင်းလုံး ပြိုကျသွားတယ်။ ပြောရရင် ၅၀ ရာခိုင်နှုန်းလောက် ပြိုကျသွားတယ်။ သူကတော့ တော်တော်လေးဆိုးတယ်။ နောက်တစ်ခါ ပုဂံနဲ့ ချောက်သွားတဲ့ကားလမ်းပေါ့။ အဲဒီမှာစေတနာကြီးဘုရား။ အဲဒီမှာလည်း စိန်ဖူးတော်တွေ ပြုတ်ကျသွားတယ်။ထီးတော်တွေမြေခတယ်။ ထီးလိုမင်းလိုဘုရားလည်း ထီးတော် မြေခသွားတယ်။ အဲဒီလိုပေါ့။ တခြား နာမည်မကြီးတဲ့ ဘုရားတွေလည်း အပေါ်ပိုင်း ဖောင်းရစ်တွေပျက် စီးသွားတယ်။ ဧည့်သည်တွေ အကြည့်များတဲ့ ပန်းချီကားတွေဘာတွေ ပျက်စီးတာမျိုးတော့မရှိပါဘူး။ အပေါ်ယံတော့ များသောအားဖြင့် ပျက်စီးသွားတယ်။
ဒေသခံတွေရဲ့ စိုးရိမ်မှုကကော ဘယ်လိုရှိပါသလဲ။
၁၉၇၅ ခုနှစ်တုန်းကတော့ ဦးတို့ ငလျင်ကြုံခဲ့ရတယ်။ အဲဒီ တုန်းက ဦးတို့ အသက် (၁၆)နှစ် (၁၇) နှစ်လောက်ရှိပြီ။ ကောင်း ကောင်းမှတ်မိနေသေးတယ်။ အဲ ဒီနောက်ပိုင်း ဒါက အဆိုးဆုံးပဲ။ ဦးတို့တစ်သက်တာမှာ။ ငလျင် ဒီ တစ်ခါလှုပ်ပုံက ဖြည်းဖြည်းချင်း လှုပ်တာမဟုတ်ဘူး။ ဒုန်းခနဲ တစ် ချက်တည်း ပြင်းပစ်လိုက်တာ။ တစ်ချက်ပြီး နောက်တစ်ချက် ပေါ့။ နှစ်ချက်ပြင်းပြင်းကို စောင့် ဆွဲလိုက်သလို လှုပ်ခတ်သွားတာ။ ဒေသခံတွေလည်း အပြင်တွေ ထွက်ပြေးကြတာပေါ့နော်။ အိမ် အပြင်တွေ ထွက်ကြတယ်။ အဲ . .ဦး တို့ဆိုလည်းစားပွဲခုံတွေအောက် ၀င်ရတယ်။ တစ်ချက်လှုပ်ပြီး ပြီး သွားမယ်ထင်တာ။ နောက်တစ် ချက်မှာ မရတော့ဘူးဆိုပြီး စားပွဲ ခုံအောက်တွေ ၀င်ရတာ။ အဲဒီလို ရှိတယ်။ ဒေသခံတွေကတော့ ဒုတိယအကြိမ် ထပ်လာမှာကို စိုး ရိမ်ကြတာပေါ့။ နောက်တစ်ခုက ဘုရားတွေ ဒီလိုပျက်စီးကုန်တော့ စိတ်မကောင်းကြဘူး။ အခုက ၁၉၇၅ လောက်တော့မဆိုးပါ ဘူး။ ဦးတို့ မျက်မြင်ကိုယ်တွေ့ဆို တော့။
ထိခိုက် ဒဏ်ရာရသူတွေရှိလား၊ ဆေးရုံရောက်တာမျိုးလိုပေါ့။
စူဠာမဏိဘုရားဆိုရင် အဲဒီ ဘုရားထဲမှာ လူတွေရှိတယ်။ လှုပ် လိုက်တယ်။ လူတွေက တချို့ ထွက်ပြေးကြတယ်။ တချို့က ဘုရားထဲမှာလည်း နေကြတယ်။ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ် ကုန်တာ။ အဲဒီတော့မှ စူဠာမဏိ ဘုရားထဲက လူတွေကို ဒေသခံ တွေက နောက်တစ်ကြိမ်လှုပ်မှာ စိုးလို့ ဆွဲထုတ်ကြတာ။ အဲဒီလို အခြေအနေမျိုးတော့ ရှိတာပေါ့ နော်။ ဆေးရုံတက်ရတာမျိုး မရှိ ဘူး။ လှုပ်ပြီးတာနဲ့ ဦးလည်း လှည့် ပတ်ကြည့်တယ်။ အဲဒီအချိန်မှာ ရွှေဆံတော် ဘုရားပေါ်မှာဆို လည်း ပြုတ်ကျတာ ဘာညာမရှိ ဘူး။ နောက် ပြာသာဒ်ကြီးဘုရား၊ Sunset (နေ၀င်) ကြည့်တဲ့ဘုရား အဲဒီမှာလည်း အပေါ်က ပြုတ်ကျ တာတွေရှိတယ်။ သို့သော် ကံ ကောင်းတယ်။ လူတွေ မထိခိုက် ဘူး။ ပြိုကျရင်တော့ ပါသွားမှာ။ ကံကောင်းတယ်။

အပေါ်ပိုင်းပြိုကျခဲ့သော ဗူးလည်သီးဘုရား (ဓာတ်ပုံ - နိုင်ထွန်းဝင်း)
စူဠာမဏိထဲ ပိတ်မိနေတဲ့သူတွေ အချိန်ဘယ်လောက်ကြာလဲ။
အဲဒီဘုရားထဲမှာ နိုင်ငံခြား သားထက် ပြည်တွင်းကပိုများပါ တယ်။ ခဏပါပဲ။ ဦးခန့်မှန်းသ လောက် စက္ကန့် ၃၀ လောက်ဖြစ် မယ်ထင်တယ်။
ပုဂံကိုစပြီးလှုပ်တာ ဘယ်အချိန် လဲ။ နှစ်ချက်ဆောင့်လှုပ်တာဆို တော့ ဘယ်လောက်အချိန်အပိုင်း အခြားဖြစ်မလဲ။
စလှုပ်တာ ၅ နာရီ ၅ မိနစ် ပေါ့။ တစ်ချက်နဲ့တစ်ချက်ကြား အလွန်ဆုံး ၅စက္ကန့်လောက်ပါပဲ။
ဒီငလျင်ဖြစ်ပြီးနောက်ပိုင်း ဘာ တွေပြင်ဆင်ထားသင့်တယ်ထင် လဲ။
ဒီဘုရားတွေက နှစ်ပေါင်း ထောင်ချီရှိနေပြီလေ။ ဆိုတော့ ကာ ဒါတွေက ဘာပဲပြောပြော ဟောင်းနွမ်းနေပြီပေါ့။ ဘုရားတွေ ရဲ့ ကြံ့ခိုင်ရေးက တော်တော်ယို ယွင်းနေပြီ။ ဦးအမြင်ကတော့ သူ တို့ရဲ့ ကြံ့ခိုင်ရေးကို လုပ်ကိုလုပ် ရတော့မှာ။ တချို့ဘုရားတွေဆို ရင် သံချည်သံကွေးတွေနဲ့ထောက် ရတော့မယ်။ တချို့ဆိုလည်း ဘု ရားပေါ်မှာ ညောင်ပင်လို ပေါက် နေတာမျိုးရှိတယ်။ ဒါတွေလုပ်ဖို့ အတွက် ဘဏ္ဍာငွေလိုတာပေါ့။ ပုဂံကို ရှေးဟောင်းတစ်ခုတည်း ထိန်းသိမ်းနေလို့မရတော့ဘူး။ ပုဂံက မြန်မာတစ်ပြည်လုံးနဲ့ဆိုင် တဲ့အတွက် ကမ္ဘာနဲ့လည်း ဆိုင် တယ်။ ဒါ့အတွက် ရန်ပုံငွေ သတ် မှတ်ပြီး ရှေးဟောင်းတစ်ခုတည်း ကို အားကိုးမနေဘဲ NGO တွေ၊ ပြည်သူပြည်သားတွေ အားလုံး ပါဝင်ဝိုင်းဝန်းလုပ်ဆောင်သွားရ မှာ။ ဒါမှလည်း ပုဂံရဲ့ ရေရှည် တည်တံ့ခိုင်မြဲရေးက စိတ်ချရ မယ်။ ငလျင်အတွက်လည်း ဘယ် လိုမျိုး ကြိုတင်ကာကွယ်လို့ရမလဲ ပေါ့။ ဒီအတွက် နိုင်ငံတော်Team (အဖွဲ့အစည်း)တစ်ခုဖွဲ့ပြီးဆောင် ရွက်သင့်တယ်။
လက်ရှိအနေအထားမှာ ဘုရားဖူး ခွင့် ကန့်သတ်လိုက်တာမျိုးရှိလား။
လတ်တလောကတော့ ပိတ် ပစ်လိုက်တယ်။ ဖြစ်ပြီးတာနဲ့ ပိတ် ပစ်လိုက်တာ။ ဘာလို့လဲဆိုတော့ လောကနန္ဒာဆိုရင် စိန်ဖူးတော် မြေခတယ်လေ။ နောက်ပြီး ညနေပိုင်းလှုပ်လိုက်တော့ ဘာမှလုပ်ချိန်မရလိုက်ဘူး။ သတင်းမရသေးတဲ့ ရွာနီးချုပ်စပ်ကဘုရားတွေ ပြိုတာလည်းရှိနိုင်တယ်။ အဲဒီလိုပြိုတဲ့အခါမှာ အဲဒီဘုရားက ဌာပနာတွေ ထွက်လာတာမျိုးတွေဖြစ်လာနိုင်တယ်။ ဒါကြောင့် လက်လှမ်းမီတဲ့ ဘုရားတွေမှာ ဘယ်သူ့မှ အ၀င်မခံတော့ဘူး။ တာဝန်ရှိတဲ့သူမှ အပပေါ့။ လက်လှမ်းမမီတာမျိုးကတော့ မပိတ်နိုင်ဘူး။ မနက်ဖြန်မှ အင်အားနဲ့ လိုက်ရှင်းရမှာ။ ရှာဖွေရမယ်။
ငလျင်ဖြစ်ပြီး နိုင်ငံခြားသားတစ် ယောက်လောက်နဲ့ စကားပြော ဖြစ်ပါလား၊ သူတို့အမြင်က ဘယ် လိုရှိပါလဲ။
သူတို့က မထင်မှတ်ဘဲ အ တွေ့အကြုံရတဲ့ သဘောမျိုးရှိ တယ်။ သူတို့နဲ့ စကားပြောဖြစ် သေးတယ်။ သူတို့လည်း စိတ်မ ကောင်းဘူး။ ဒီလိုရှေးဟောင်း ဘုရားတွေ ထိခိုက်သွားတဲ့အပေါ် မှာပေါ့။ အစုလိုက် အပြုံလိုက် ပြို ကျမသွားတဲ့အတွက် တော်သေး တယ်လို့ပြောတယ်။
ကျေးဇူးတင်ပါတယ်။

No comments:
Post a Comment