Thursday, August 25, 2016

စေတနာကောင်း စေတနာဆိုး =========================

စေတနာကောင်း စေတနာဆိုး
=========================
ဒေါ်အောင်ဆန်းစုကြည်ဘဝမှာ အခံပြင်းဆုံးကိစ္စပြောရရင် ဦးသိန်းစိန်ဆိုသော လူမသိသူမသိ ဗိုလ်ချုပ်ကြီးဟောင်းတစ်ယောက်က မြန်မာ့ဒီမိုကရေစီကို စတင်ခဲ့တယ်လို့ အသိအမှတ်ပြုခံရတာကိုပဲ။ သူနှင့်နှိုင်းရမယ့်သူမရှိလို့ သူကိုယ်သူယူဆထားတဲ့ အချိန်မှာမှ သူနှင့်ယှဉ်နိုင်သူတစ်ယောက်
ပေါ်လာခဲ့တာကို အင်မတန်ခံပြင်းမဆုံး ဖြစ်ခဲ့တယ်။ ဣဿာ မစ္ဆရိယ ပွားခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည် ပြုလုပ်ခဲ့သမျှသော နိုင်ငံရေးပေါ်လစီများသည် တိုင်းပြည်အတွက် ဆိုတာထက် ဦးသိန်းစိန်ထက် သူသာလွန်ကြောင်း ပြချင်တဲ့ အကြောင်းအရာတွေချည်း ဖြစ်တာကို တွေ့ရတယ်။
ဥပမာပြရရင် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်တယ်။ ဦးသိန်းစိန်လက်ထက် NCA တုန်းကလည်း ကဖျက်ယဖျက် ပြောခဲ့ဖူးသေးတယ်။ သူ့လက်ထက်ရောက်လာတော့ ၂၁ ရာစုပင်လုံ ဆိုပြီး ဦးသိန်းစိန် NCA ကို မဆက်ခံချင်လို့ ဆန်းသစ်လိုက်တယ်။ အကျိုးဆက်က နိုင်ငံခွဲရေး တွဲရေး ပြဿနာပေါ်လာပြီး ငြိမ်းချမ်းရေးမှသည် ခွဲထွက်ရေးကို၊ အပစ်အခတ်ရပ်စဲရေးမှသည် အပစ်အခတ်ပြန်စရေးကို ဦးတည်မလိုတောင် ဖြစ်လာတယ်။
ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတိုးတက်ရေးကို စေတနာသန့်သန့်နဲ့ မဟုတ်ဘဲ အဘိစ္ဈာ အခြေခံပြီး လုပ်နေတာ့ လုပ်သင့်မှန်း မသိ မလုပ်သင့်မှန်း မသိ၊ ပြောသင့်မှန်းမသိ မပြောသင့်မှန်းမသိ စွပ်ပြော စွပ်လုပ်ပြီး အကုန်အလွဲတွေချည်း ဖြစ်ကုန်တယ်။
မြစ်ဆုံကိစ္စဆိုရင် ဦးသိန်းစိန်ကို မနာလိုလို့ မြစ်ဆုံနဲ့ ပစ်တိုက်ခဲ့တယ်။ အခု သူ့လက်ထက်ကြတော့ သူ့စကားသူ ရှေ့နောက်မညီတော့ဘူး။ ဦးသိန်းစိန်ခေတ်က အပြင်းအထန်ကန့်ကွက်ခဲ့ပေမယ့် သူ့လက်
ထက်မှာ ပြန်စမလို ဖြစ်လာပြီ။ အပြောတစ်ခြား အလုပ်တစ်ခြားတွေ ဖြစ်လာတယ်။ ဒူတာတေလို တိုင်းပြည်အတွက်ပဲ ကြည့်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုမဟုတ်ဘဲ သူများဒုက္ခရောက်ရေး စိတ်ယုတ်
ထားတော့ နောက်ဆုံး သူများမကောင်းကြံ ကိုယ်သာခံရတဲ့ သဘောပဲ။
အရာရာမှာ ဦးသိန်းစိန်ကို မနာလို အဘိစ္ဈာပွားနေတော့ လုပ်သမျှ ပြောသမျှတွေက အလွဲတွေဖြစ်နေ
တယ်။ ဦးသိန်းစိန်ကို တိုက်ခိုက်ချင်ဇောနဲ့ မြစ်ဆုံစာချုပ်ကို ပြည်သူကို ချပြမယ် ကတိပေးခဲ့တယ်။ ရည်ရွယ်ချက်က ချမပြတဲ့ ဦးသိန်းစိန်ကို ပြည်သူက အပြစ်တင်စေဖို့ဖြစ်တယ်။ သူမျှော်မှန်းသလို ပြည်သူက ဦးသိန်းစိန်ကို အပြစ်တင်ခဲ့ကြတယ်။ ဘယ်လိုဖြစ်ဖြစ် ဦးသိန်းစိန်ကလည်း ချမပြခဲ့ဘူး။ ဘာလို့လဲ? နိုင်ငံတော် လျှို့ဝှက်ကိစ္စမို့ ပေါက်ကြားလို့ မရတာကြောင့်ဖြစ်တယ်။
ဒေါ်စုက ဒါကိုမသိဘူး။ စွပ်အပြစ်တင်ပြီး သူ့အလှည့်ကျ ချပြမယ်လို့ပြော နာမည်ကောင်းယူတယ်။ ဒါပေမယ့် သူ့အလှည့်ကျတော့လည်း ချမပြနိုင်တော့ဘူး။ အရင် စကားတွေလွန်ထားတာဖြစ်တော့ ဘလောင်းဘလဲ ဒေါ်အောင်ဆန်းစုကြည်လို့ နာမည်ပျက်တော့တယ်။
ဒါတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စေတနာမမှန်ဘဲ ဦးသိန်းစိန်အပေါ် အဘိစ္ဈာပွားတာတွေရဲ့ အကျိုးဆက်ပဲ။ စေတနာ အကျိုးပေးလို့လည်း ဆိုနိုင်ပါတယ်။ စေတနာသည် ကံဖြစ်၏ လို့ မြတ်စွာဘုရား
က ဟောကြားခဲ့ပါတယ်။ စေတနာဆိုးရင် ကံဆိုးမယ်။ စေတနာကောင်းရင် ကံကောင်းမယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စေတနာဆိုးတွေနဲ့ ဦးသိန်းစိန်ကို အဘိစ္ဈာပွား လုပ်ဆောင်နေဦး
မယ်ဆိုရင်တော့ ကံမကောင်းခြင်းတွေပဲ ဖြစ်လာနေဦးမှာဖြစ်ပြီး စေတနာမှန်ခဲ့တဲ့ ဦးသိန်းစိန်ကတော့ ကံကောင်းခြင်းတွေ ဆက်ဖြစ်လာဦးမယ်လို့ ဟောကိန်းထုတ်လိုက်ရပါတယ်။
စိုးမိုးလှိုင်

No comments: