Monday, August 1, 2016

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်၊ ဒေသ ၁၂ ခု၌ နေရာကွက်၍ မိုးကြီးနိုင်


Monday, August 1, 2016

ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းတစ် ခု ဖြစ်နေပြီး မုတ်သုံလေ အားအ လွန်ကောင်းနေသောကြောင့် ဒေသ ၁၂ ခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော် အ နောက်မြောက်ပိုင်းနှင့် အရှေ့အ လယ်ပိုင်းတို့တွင် ဇူလိုင် ၃၁ ရက် နေ့လယ် ၁ နာရီမှစတင်ကာ လေ ဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ခဲ့ပြီး လတ်တလော ရေဘေးရင်ဆိုင် နေရသော မန္တလေး၊ မကွေး၊ စစ် ကိုင်း နှင့် ဧရာဝတီတိုင်းဒေသကြီး တို့အပြင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်း၊ ရခိုင်၊ ကရင်နှင့်မွန်ပြည်နယ် တို့၌ နေရာကွက်၍ မိုးကြီးနိုင် ကြောင်း မိုး၊ဇလဌာန ဒုညွှန်ကြား ရေးမှူးချုပ် ဦးကျော်မိုးဦးကပြော သည်။

လက်ရှိအချိန်တွင် ဧရာဝတီ နှင့် ချင်းတွင်းမြစ်ရေသည် အ ထက်ပိုင်းဒေသများမှ ကျဆင်း လာခြင်းကြောင့် အလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများရေလွှမ်း မိုးမှု ရင်ဆိုင်နေရချိန်၌ လေဖိ အားနည်းရပ်ဝန်းအရှိန်ကြောင့် အထက်ပါဒေသများ နေရာကွက် မိုးကြီးမည့် အန္တရာယ်က ခြိမ်း ခြောက်နေကြောင်း ဦးကျော်မိုးဦး က သတိပေးသည်။

၂၀၁၅ ဇူလိုင်လကုန်နှင့် သြ ဂုတ်လဆန်းကလည်း မြစ်ကြီး များ ရေတိုးနေချိန် မြန်မာနိုင်ငံ ဒေသအနှံ့ မိုးကောင်းကာ ရေ ဘေးအန္တရာယ် ဆိုးရွားစွာရင်ဆိုင် ခဲ့ရသောကြောင့် ယင်းကဲ့သို့ နောက်တစ်ကြိမ် ရင်ဆိုင်ရမည် ကို လူအများ စိုးရိမ်နေကြသည်။ အစိုးရအနေဖြင့် ဖြစ်ပေါ်လာနိုင် သော ရေဘေးအတွက် ကြိုတင် ပြင်ဆင်မှု စနစ်တကျ ပြုလုပ်ထား စေလိုကြောင်း ပြောကြသည်။

မြစ်ကြီးများ စိုးရိမ်ရေမှတ် အထက် မြင့်တက်နေ၍ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာ၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ မန္တ လေး၊ မြစ်ငယ်၊ ဟင်္သာတ၊ဇလွန် နှင့် ငါးသိုင်းချောင်းမြို့တို့မှ မြစ် ကမ်းအနီးနေထိုင်သူများ ရေဘေး အထူးသတိပြုရန် မိုး၊ဇလဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာ့ကမ်းရိုးတန်း တစ် လျှောက်နှင့် ပင်လယ်ပြင်တို့တွင် လည်း တစ်နာရီ လေတိုက်နှုန်း မိုင် ၄၀ မှ ၄၅ မိုင်အထိ လေပြင်း တိုက်ခတ်နိုင်ကြောင်း သတိပေး ထားသည်။

7Day Daily

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေသည်ကို ဂြိုဟ်တုပုံရိပ်မှ တွေ့ရစဉ် (ဓာတ်ပုံ-မိုး/ဇလ)

No comments: