Monday, August 1, 2016
ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် ပိန်းပြစ်ကျေးရွာအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တပ်သားသစ်အတင်းအကျပ် ၀င်ရောက်စုဆောင်းမှုကြောင့် ကျေးရွာဒေသခံ ၁၀၀ ခန့် မိုးကုတ်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၅ ရက် ညနေက တအာင်း (ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA) မှ တပ်ဖွဲ့ဝင် ၂၀ ခန့် ပိန်းပြစ်ကျေးရွာသို့ ၀င်ရောက်လာကာ တပ်သားစု ဆောင်းသောကြောင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မိုး ကုတ်မြို့ရှိ အရှေ့ရွာဘုန်းကြီးကျောင်း၌ ခိုလှုံနေရကြောင်း နေရပ်စွန့်ခွာ ထွက်ပြေးလာသူများ အား ကူညီပေးနေသည့် မိုးကုတ် မြို့ခံများက ပြောသည်။
‘‘သူတို့ပြောပုံအရ ရွာထဲကို လက်နက်ကိုင်အဖွဲ့က ၀င်လာ တယ်။ ပိန်းပြစ်ရွာက အထက်ရွာ၊ အောက်ရွာဆိုပြီးရှိတော့ တစ်ရွာ ကို လူ ၁၀ ဦးပေးရမယ်ဆိုပြီး တောင်းတဲ့အချိန်မှာ သူတို့ထွက် ပြေးလာကြတာလို့ ပြောတယ်။ ဆရာမလေးတွေရော ပါတယ်။ အခုရွာက ကျောင်းပိတ်ထားရ တယ်လို့ ပြောတယ်’’ဟု မိုးကုတ် မြို့သို့ ထွက်ပြေးလာသည့် ပိန်း ပြစ်ရွာဒေသခံများအား ဇူလိုင် ၂၆ ရက်က သွားရောက်တွေ့ဆုံခဲ့ သည့် ၈၈ ငြိမ်း/ပွင့် (မိုးကုတ်)မှ ကိုစိုးဌေးက ပြောသည်။
မိုးကုတ်မြို့ အရှေ့ရွာဘုန်း ကြီးကျောင်းတွင် ပိန်းပြစ်ရွာဒေသ ခံလူဦးရေ ၉၀ ကျော် တိမ်းရှောင် ခိုလှုံနေပြီး ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေကာ ဒေသခံအချို့သည်မိုးမိတ်နှင့် အခြားနီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးနေသူများရှိသည်ဟု ဆိုသည်။
ထွက်ပြေးတိမ်းရှောင်လာ သူအချို့က တပ်သားသစ်စုဆောင်းသည့်အဖွဲ့မှာ တအာင်း(ပလောင်) တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့ (PSLF/TNLA) ဖြစ်သည်ဆိုသော်လည်း TNLA ပြန်ကြားရေးဌာနကမူ ၎င်းတို့အဖွဲ့က အတင်းအကျပ်လူသစ်စုဆောင်းသည်ဆိုသည့် အပေါ် အတည်မပြုနိုင်သေးဘဲ စုံစမ်းနေဆဲဟု ပြောသည်။
အဆိုပါကျေးရွာဒေသတွင် TNLA တပ်ဖွဲ့ဝင်အချို့ အခြေစိုက်လှုပ်ရှားမှုရှိသော်လည်း လက်ရှိ တွင် တိုက်ပွဲဖြစ်ပွားနေခြင်း မရှိဟု TNLA ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုးမိတ်၊ ကျောက်မဲမြို့နယ်များနှင့် ဆက်စပ်နေသည့် ပိန်းပြစ်ကျေး ရွာသည် တအာင်း(ပလောင်)နှင့် ရှမ်းတိုင်းရင်းသားအများစု နေ ထိုင်သော ကျေးရွာဖြစ်ပြီး ကျေး ရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက် ပြေးရမှုလည်း ရှိသည်။
7Day Daily
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, August 1, 2016
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တပ်သားစုဆောင်းမှုကြောင့် ပိန်းပြစ်ကျေးရွာ သားများ ထွက်ပြေးတိမ်းရှောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment