ရခိုင်ပြည်နယ်၊
မင်းပြားမြို့နယ်၊ အ၀ရွာကျေးရွာအုပ်စုရှိ ရှေးဟောင်းစေတီတော် တစ်ဆူဖြစ်သော
မျက်ရိုး တော်ဓာတ်စေတီတော် မြေခခဲ့ရာမှ ၃ လက်မခွဲအရွယ်ရှိ ရွှေဆင်းတုတော် ၁
ဆူ၊ အပါအ၀င် ဌာပနာ ၂၃ ခုအား ထပ်မံတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
မျက်ရိုးတော်ဓာတ်စေတီတော်မှာ
သြဂုတ် ၁၀ ရက် ညနေပိုင်း ၄နာရီခွဲတွင် ထီးတော် အပါအ၀င်အပေါ်
ပိုင်းတစ်ခုလုံး ပြိုကျမြေခခဲ့ပြီး ဂေါပကအဖွဲဝင်များက ဌာပနာများ
ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ
တွေ့ရှိခဲ့သော ရှေးဟောင်းရွှေဘုရား၏ မျက်နှာတော်မှာ အနည်းငယ်ပျက်စီးနေပြီး ၎
ကျပ်သား ခန့် အလေးချိန်ရှိကာ ကြေးဆင်တုတော်များ၊ ကြေးခေါင်လောင်းများနှင့်
ကျောက်သလင်းဖြူဆင်းတုတော် ဘုရားများ ထပ်မံတွေ့ရှိရသဖြင့် သြဂုတ်လ ၁၀
ရက်နေ့မှစ၍ ၁၅ ရက်နေ့အထိ ဘုရာဌာပန ၆၅ ခု တွေ့ရှိ သိမ်ဆည်းထားကြောင်း
ဘုရားဂေါပကအဖွဲ့မှ သိရသည်။
“မိုးက
ဆက်တိုက်ရွာသွန်းနေတယ်၊ စေတီတော်မှာ မူလကတည်းက အက်ကွဲရာတွေ ဖြစ်နေတာပါ။
အဲဒီ အက်ရာတွေကနေ အတွင်းကို မိုးရေစိမ့်ဝင်ကာ ပြိုကျသွားတာဖြစ်မယ်။ အခု
စေတီတော်ထဲက ရွှေ ဘုရား ၁ ဆူ အပါအ၀င် ဌာပနာတွေရရှိလို့ ထိန်းသိမ်းထားပါတယ်၊။
နောက်ထပ်လည်း တွေ့မယ်လို့ ထင်ပါတယ်။ တွေ့ရှိသမျှ ဌာပနာအားလုံးကို
စေတီပြန်တည်ဆောက်တဲ့အခါ ပြန်ထည့်သွင်းထားမှာပါ” ဟု ဂေါပကအဖွဲ့မှ
ဦးအောင်ကျော်စိန်က ပြောသည်။
အဆိုပါ
မျက်ရိုးတော်ဓာတ်စေတီတော်မှာ မင်းပြားမြို့နှင့်(၇)မိုင်ခန့်အကွာ
ရန်ကုန်-စစ်တွေ အဝေးပြေး ကားလမ်းမဘေး မေက္ခ၀ံဏတောင် (ကျောင်းတောင်)ပေါ်တွင်
တည်ရှိပြီး စေတီတော်သည်မူလက ဥာဏ်တော်အမြင့် ၅၀ ပေနှင့် လုံးပတ် ၉၆
ပေရှိကြောင်း သိရသည်။
“စေတီတော်ကို
ဒီအတိုင်း ပြည်လည် မွမ်းမံလို့တော့ မရနိုင်တော့ပါဘူး။ စေတီရဲ့ ထီးတော်နဲ့
အပေါ်ပိုင်း လောက်ကို ပြင်ဆင်ခဲ့ရင် အခြေမခိုင်တာမို့ နောက်လည်း
ပြိုကျနိုင်ပါတယ်။ ဒါကြောင့် စနစ်တကျ နှင့် အောက်ခြေကနေ
ခိုင်ခိုင်မာမာဖြစ်အောင် စေတီတော်တစ်ခုလုံးကို လုပ်ရမှာပါ” ဟု
အ၀ရွာကျေးရွာမှ ဦးထွန်းမြင့်ဦးက ပြောသည်။
အဆိုပါ
ပြိုကျသွားသည့် မျက်ရိုးတော် ဓာတ်တော်စေတီ မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်၏
မျက်ရိုးတော် ဓာတ်စေတီတော်အား ဌာပနထား၍ သာသနာတော် သက္ကရာဇ် ၂၂၂ ခုနှစ်တွင်
ရခိုင်ဘုရင်သူရိယ စက္ကမင်းကြီးက တည်ထားခဲ့ခြင်းဖြစ်ပြီး ရခိုင်ဘုရင်များ
အဆက်ဆက် ပြုပြင်မွန်းမံ၍ ကိုးကွယ်လာခဲ့သော ရှေးဟောင်းစေတီတော်
တစ်ဆူဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင်
မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြောက်ဦးရှေးဟောင်း
ယဉ်ကျေးမူနယ်မြေရှိ ရတနာပုံစေတီတော်နှင့် ရတနာမာန်အောင် စေတီတော်တို့မှာ
ရာသီဥတုဒဏ်ကြောင့် အက်ကွဲယိုယွင်းမှုများ ဖြစ်ပွားနေပြီး
ရခိုင်ပြည်နယ်အတွင်းတွင် ကြံခိုင်မူအားနည်းသော ရှေးဟောင်းသမိုင်းဝင် စေတီ၊
ပုထိုးတော်များအား ပြန်လည်မွမ်းမံမူများပြုလုပ်ရန် လိုအပ်နေကြောင်း
ဒေသခံများထံမှ သိရသည်။
MMK
The Ladies News
No comments:
Post a Comment