Wednesday, August 24, 2016

တပ်မတော်သား ကိုယ်စားလှယ်အချို့ ကန့်ကွက်သော်လည်း အရေးပေါ်စီမံမူ အက်ဥပဒေ ရုပ်သိမ်းရေးဥပဒေကြမ်း အတည်ပြု

သြဂုတ် ၂၄ ရက်တွင် ကျင်းပသည့် ပြည်သူလွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီမှ တင်သွင်းလာသည့် အရေးပေါ်စီမံမူ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း ထောက်ခံမဲများသည့် အတွက် အတည်ပြုလိုက်ကြောင်း သိရသည်။

 

အဆိုပါ အရေးပေါ်စီမံချက်အက်ဥပဒေအား ရုပ်သိမ်းသည့် ဥပဒေကြမ်းကို တပ်မတော်သား ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ၃ ဦး အပါအ၀င် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ၄ ဦးက ကန့်ကွက်ဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲများသည့်အတွက် ရုတ်သိမ်းရန် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက “ဟုတ်ပါတယ်။ ဥပဒေကြမ်းကော်မတီက တင်သွင်းလာတဲ့ အပေါ်မဲခွဲဆုံးဖြတ်တဲ့ နေရာမှာ ထောက်ခံမဲများတဲ့အတွက် အတည်ပြုလိုက်တာ ဖြစ်ပါတယ်”ဟု ပြောသည်။

 

ဥပဒေကြမ်းကော်မတီက တင်သွင်းလာသည့် ဥပဒေကြမ်းအား မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၂၆၁ မဲ ကန့်ကွက်မဲ ၁၂၃ မဲနှင့် ကြားနေ ၅ မဲရရှိသဖြင့် အစိုးရပေါ်စီမံမူ ဥပဒေကို ရုတ်သိမ်းရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

 

ထိုဥပဒေကြမ်းအား ပြည်သူ့လွတ်တော် ဥပဒေကြမ်းကော်မတီမှ သြဂုတ်လ ၁ ရက်နေတွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၅ ရက်မြောရက်နေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

 

ယခင်အစိုးရများ လက်ထပ်တွင် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ အစိုးရနှင့် သဘောထား ကွဲလွဲသူများကို အဆိုပါ ဥပဒေအသုံးပြုပြီး အကျဉ်းချမှုများရှိခဲ့သည်။ အဆိုပါဥပဒေသည် နိုင်ငံသား တစ်ဦးကို အချိန်မရွေး အကြောင်းပြပြီး ဖမ်းနိုင်သော ဥပဒေ ဖြစ်သောကြောင့် ယခုကဲ့သို့ ပယ်ဖျက်စေခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။

 

စိုင်းဟန်

The Ladies News

No comments: