Posted: August 25, 2016
ရန်ကုန် စတော့ အိတ်ချိန်း (YSX) တွင် တတိယမြောက် စာရင်းဝင် ကုမ္ပဏီ ဖြစ်သည့် မြန်မာနိုင်ငံသားများဘဏ် (MCB)၏ အစုရှယ်ယာများ
အား ကြမ်းခင်းဈေး အနေဖြင့် ရှယ်ယာ တစ်စုလျှင် ၆,၈၀၀ ကျပ် ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း YSX ကကြေညာလိုက်သည်။
မြန်မာနိုင်ငံသားများဘဏ် (MCB) ၏ အစုရှယ်ယာများအား အမြင့်ဆုံး ဈေးနှုန်း အဖြစ် ၇,၈၀၀ ကျပ် နှင့် အနိမ့်ဆုံး ဈေးနှုန်းအဖြစ်
၅,၈၀၀ ကျပ် အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန် စတော့ အိတ်ချိန်း(YSX)တွင် မြန်မာနိုင်ငံသားများဘဏ် (MCB)
၏ အစုရှယ်ယာများအား သြဂုတ် ၂၆ ရက်တွင် စတင် ရောင်းချသွား မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် စတော့ အိတ်ချိန်း(YSX)တွင် FMI ကုမ္ပဏီ ၊ မြန်မာသီလဝါ အထူး စီးပွားရေးဇုန် အများပိုင်ကုမ္ပဏီများနောက် မြန်မာနိုင်ငံသားများဘဏ်သည် တတိယမြောက် စာရင်းဝင် ကုမ္ပဏီ တစ်ခု ဖြစ်လာခဲ့သည်။
ယင်းဈေးနှုန်းသည် အခြားရန်ကုန်စတော့အိတ်ချိန်းဝင် ကုမ္ပဏီနှစ်ခုဖြစ်
သော FMI နှင့် MTSH ကုမ္ပဏီများ၏ စတော့အိတ်ချိန်းအဖွင့်ဈေးများထက် အလွန်နည်းပါးသော ဈေးနှုန်းဖြစ်သည်။
မြန်မာနိုင်ငံသားများဘဏ်၏ စတော့အိတ်ချိန်းမတင်မီ ပြင်ပရှယ်ယာ
ဈေးနှုန်း မှာ ကျပ် ငါးထောင်မှ ခုနစ်ထောင်ဝန်းကျင် ရှိခဲ့သည်။
လက်ရှိအချိန်တွင် ဘဏ်၏ မတည်ရင်းနှီးငွေမှာ ကျပ် ၅၂ ဘီလီယံရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကျပ်သန်း ၅,၁၀၀ ခန့် ထည့်ဝင်ရင်းနှီးမြှုပ်နှံထားပြီး ကုမ္ပဏီ၏ ၁၀ ရာခိုင်နှုန်းကို အစိုးရက ပိုင်ဆိုင်ထားသည်။
ရန်ကုန်စတော့အိတ်ချိန်း၏ ပထမဦးဆုံးစာရင်းကုမ္ပဏီ FMI ၏ စတော့အိတ်ချိန်းအဖွင့်ဈေးနှုန်းသည် ကျပ် ၂၆,၀၀၀ ဖြစ်ပြီး ဒုတိယ
ကုမ္ပဏီ MTSH ၏ အဖွင့်ဈေးနှုန်းသည် ကျပ်လေးသောင်းဖြစ်သည်။
လက်ရှိ၌ ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ်ပမာဏ ကျဆင်းလျက်ရှိပြီး ဩဂုတ် ၂၄ ရက်တွင် FMI ကုမ္ပဏီက ကျပ်နှစ်သောင်း
နှင့်MTSHကုမ္ပဏီကကျပ်၄၅,၀၀၀ ဖြင့်ရှယ်ယာများအရောင်းအဝယ်
ဖြစ်လျက်ရှိသည်။
ဇော်မင်းထွန်း
Photo - YSX
The Ladies News
No comments:
Post a Comment