Posted: August 25, 2016
လက်ပံတောင်းအရေးဆောင်ရွက်သူတစ်ဦးဖြစ်သည့် မသွဲ့သွဲ့ဝင်း ကားတိုက်ခံရမှုပတ်သက်ပြီး ၀မ်ပေါင်ကုမ္ပဏီနှင့် ယင်းတို့ အပြန်အလှန် အမှုဖွင့်ခဲ့ခြင်းများရှိကြောင်း မသွဲ့သွဲ့ဝင်းပြောပြချက်အရ သိရသည်။
မသွဲ့သွဲ့ဝင်းပြောဆိုချက်အရ လက်ပံတောင်းဒေသရှိ စေတီ သုံးဆူနှင့် နတ်စင်လေးခုရှိရာနေရာတွင် ၀မ်ပေါင်ကုမ္ပဏီက မြေဖို့ခြင်းများ ရှိသည့် အတွက် မြေဖို့ခြင်းကိစ္စအပေါ် မေးမြန်းရာတွင် အပြန်အလှန် ပြောဆိုရာ
မှ တရုတ်ယာဉ်မောင်းက ကားစက်နှိုးပြီး အတင်းမောင်းရာ၊ ယာဉ်တိုက် မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
မသွဲ့သွဲ့ဝင်းက “ဒီကိစ္စပတ်သက်ပြီး တရုတ်ကို ကျွန်မတို့ကဘာမှ မလုပ်ဘူး။ မေးစရာရှိလို့ ကားပေါ်ကဆင်းခဲ့ပါဆိုပြီး မတ်တတ်ရပ်
ပြီးပြောတာ၊ သူက ကားခေါင်းထဲကနေပြီးတော့ ၀ူးဝဲ၀ူးဝဲလုပ်တာ၊
ကျွန်မက ဘာမှမလုပ်ဘူး မေးရုံပဲမေးတာဆိုပြီးပြောတာ၊ သူကနေ ကျွန်မကိုကားနဲ့တိုက်သတ်မယ်ဆိုတဲ့ပုံစံမျိုးလုပ်တာ၊ ကားစက် လီဗာနင်းပြီး ခြောက်သံပေးတယ်။ ကျွန်မက စကားပြောနေတုန်း ရှိသေးတယ်။ သူက ကားကိုအတင်းမောင်းတာ၊ ကျွန်မ ကားဘောနပ်အဖုံးပေါ်ပါသွားတယ်”ဟု ပြောသည်။
ကားအတင်းထိုးမောင်းသည့်အတွက် မသွဲ့သွဲ့ဝင်းနှင့်အတူ ပါလာ သည့် မောင်ဖြစ်သူက ကားနောက်ခန်းထဲအတင်းဝင်ကာ သော့ပိတ်
သဖြင့် ကားရပ်သွားသည့်အတွက် ယင်းအနေဖြင့် တောင်ကမ်းပါးယံ
နှင့် တိုက်မည့်ဘေးကလွတ်သွားကြောင်း ဆက်လက်ပြောသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် သူမအနေဖြင့် ခြေထောက်များ ညိုမည်းခြင်း ၊ ပေါင်တွင် ပွန်းရာထင်ခြင်း၊ ဘယ်ဘက်လက်မောင်းတွင် အညိုအကွက် ထင်ကာ ညာဘက်လက်မောင်းက ယောင်လျက်ရှိခြင်းတို့ကြောင့် ဆားလင်းကြီးရဲစခန်းတွင် ပုဒ်မ ၂၇၉၊၃၃၇/၃၃၈ တို့ဖြင့် အမူဖွင့်
ထားကြောင်း မသွဲ့သွဲ့ဝင်းကပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ကုမ္ပဏီဘက်ကလည်း တရုတ်ယာဉ်
မောင်းအား ကားပေါ်ကအတင်းဆွဲချပြီး ရွာသားများဝိုင်းထိုးခြင်း၊ ကားပြန်မထွက်နိုင်အောင် တားမြစ်ခြင်းများပြုလုပ်သည်ဟုဆိုကာ လုပ်ငန်းနှောင့်ယှက်မူ၊ ပုဒ်မ-၁၄၄ထုတ်သည့်နေရာမှာ လာရောက် ကျူးကျော်မှုဖြင့် ဆားလင်းကြီးရဲစခန်းတွင် (ပ)၁၄၈/၂၀၁၆။ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၄၄၇/၄၂၇/၃၅၂/၃၄၁ တို့ဖြင့် အမှုဖွင့် ထားကြောင်း လက်ပံတောင်းကြေးနီစီမံကိန်းမှ တာဝန်ခံ ဦးလှစိန်က
The Ladies Newsသို့ ပြောသည်။
ဦးလှစိန်က“ကျွန်တော်တို့စီမံကိန်းနယ်မြေထဲမှာ လာရောက်ပြီးတော့၊ ကျူးကျော်ပြီးတော့ လုပ်ငန်း လုပ်နေတာကိုတားတယ်။ တားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တာဝန်ရှိတဲ့တရုတ်ယာဉ်မောင်းကိုလည်း ဆွဲချတယ်။ ချပြီးတော့ ရွာသူရွာသား ခုနစ်ယောက်က ၀ိုင်းထိုးတယ်။ ကားသော့ယူတယ်။ ကားပြန်ထွက်တဲ့အခါမှာ သွဲသွဲဝင်းက ကားဘောနပ် ပေါ်မှာမှောက်ပြီးတော့ ကားမထွက်နိုင်အောင်လုပ်
တယ်။ ဒါကြောင့်ကျွန်တော်တို့လုပ်ငန်း မဆက်နိုင်အောင်လုပ်တယ်။
ဒီတော့ လုပ်ငန်းနှောင့်ယှက်မှု၊ ပြီးတဲ့အခါမှာ ပုဒ်မ-၁၄၄ထုတ်တဲ့နေရာ
မှာ လာရောက်ကျူးကျော်မှုနဲ့တရားစွဲဆိုထားပါတယ်”ဟု ပြောသည်။
စိုင်းဟန်
The Ladies News
No comments:
Post a Comment