Saturday, August 27, 2016

စစ်သွေးကြွများ ပုန်းအောင်းနေသည့် နေရာသို့ ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း

ဒါကာ၊ သြဂုတ် ၂၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာအနီး ပုန်းအောင်းနေသည့် စစ်သွေးကြွများရှိရာ နေရာသို့ ယနေ့ (သြဂုတ် ၂၇ ရက်) က ရဲတပ်ဖွဲ့များ ရုတ်တရက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်။

၎င်းတို့သည် ပြီးခဲ့သည့်လက လူ ၂၂ ဦး သေဆုံးစေခဲ့သော ကော်ဖီဆိုင် တိုက်ခိုက်မှုကို စီစဉ်ဆောင်ရွက်ခဲ့သူများ ဖြစ်သည်။

သေဆုံးမှုတွင် ဘင်္ဂလားဒေ့ရှ်-ကနေဒီယာ နိုင်ငံသား တမင်း ချော့ဟူယေး ပါဝင်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ကျန်သည့် စစ်သွေးကြွ နှစ်ဦးမှာလည်း စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်။

ဇူလိုင်လ ကော်ဖီဆိုင်တိုက်ခိုက်မှုတွင် ဓားစားခံ အယောက် ၂၀ နှင့် ရဲနှစ်ဦး သေဆုံးခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့က ၁၂ နာရီကြာ စစ်ဆင်ရေးဆင်နွဲပြီးနောက် လူ ၁၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး သေနတ်သမား ခြောက်ဦးကို သတ်ဖြတ်နိုင်ခဲ့ကာ တစ်ဦးကို ဖမ်းမိခဲ့သည်။

No comments: