Saturday, August 27, 2016

ဆင်သေချောင်းရေကြီးမှုကြောင့် နေအိမ်အလုံး ၂၀ မျောပါ

နေပြည်တော် တပ်ကုန်းမြို့နယ်၌ ဩဂုတ် ၂၆ ရက် နံနက် ၃ နာရီက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆင်သေချောင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ယင်း ဆင်သေချောင်း ရေကြီးရေလျှံမှုကြောင့် တောင်ရိုးအနောက်ဘက်ရှိ သံပုရာ ကုန်းကျေးရွာ၊ လက်ပံ အိုင်ကျေးရွာနှင့် ဖက်သန်းတောင် စသည့် ကျေးရွာများ ရေဘေးသင့်ခဲ့ရသည်။

 

အဆိုပါ ရေလျှံခြင်းကြောင့် ရေကြီးမှုကြောင့် လူနေအိမ် ၂၀ ကျော် ရေထဲမျောပါ၍ အိမ်ခြေ ၉၀ ကျော် ခေါင်မိုးရေနစ်မြုပ်ခဲ့ပြီး အိမ်ခြေ ၁၉၆ လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနတစ်ခု ရေနစ်မြုပ် ခဲ့သည်။

 

လူဦးရေ ၁၀၀၀ ကျော်အား ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကြောင်း၊ လိုအပ်သည်များကို ဌာနဆိုင်ရာများ၊ ကြက်ခြေနီနှင့် လူမှုရေးအဖွဲ့များ ထမင်းထုပ်များ၊ ရေသန့်များနှင့် လူသုံးကုန်များ လာရောက် လှူဒါန်းလျက်ရှိကြောင်းနှင့် လူ၊ တိရစ္ဆာန်များ အသေ အပျောက်မရှိကြောင်း သိရသည်။

 

Ref: MOI

The Ladies News

No comments: