ယခင်အစိုးရလက်ထပ်တွင်
ချင်းပြည်နယ်အတွင်း ရင်းနှီးမြုပ်နှံမူမရှိခဲ့သည့် အခြေအနေမှ တာဝန်ယူမူ
တာဝန်ခံမူရှိသည့် ရင်းနှီးမြုပ်နှံမှုများ ၀င်လာအောင်ဆောင်ရွက်သွားမည်ဟု
ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး
ဆလိုင်းအိုက်ဇက်ခင်က သြဂုတ် ၂၃ ရက်က ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင်
ပြောသည်။
ဆလိုင်းအိုက်ဇက်ခင်က“အရင်အစိုးရ
လက်ထပ်က Investment zero ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ အစိုးရလက်ထက်မှာတော့
zero ကွဲဖို့ လုပ်မှာဖြစ်တယ်”ဟု ပြောသည်။
ရင်းနှီးမြုပ်နှံမူများ
လက်ခံမည်ဆိုသော်လည်း ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေး
ဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းစဉ် အပိုဒ်(၁၂)တွင်ပါဝင်သည့်
ဒေသခံလူထုများကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်သော၊ သဘာဝပတ်ဝန်းကျင်နှင့်
ဒေသလူမှုရိုးရာ ဓလေ့များကို မထိခိုက်စေသည့် ခရီးသွားလုပ်ငန်းဖြစ်နိုင်ရေး
တာဝန်သိသော ခရီးသွားလုပ်ငန်း (Responsible Tourism)ကျင့်ဝတ်နှင့်
လူမှုတာဝန်ခံ/ တာဝန်ယူမူ(Social Accountability) အလေ့အကျင့်များ
အားကောင်းလာစေရေး အားပေးမြှင့်တင်ရန် ဆိုသည့် စည်းကမ်း ချက်များညီသည့်
ရင်းနှီးမြုပ်နှံမူများကိုသာ လက်ခံမည် ဖြစ်ကြောင်း ယင်းကဆိုသည်။
လက်ရှိတွင်
ချင်းပြည်နယ်အတွင်း ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ(Community Based
Tourism) လုပ်ငန်းများ စတင်နိုင်ရေး ဆောင်ရွက်လျှက်ရှိပြီး လျှပ်စစ်မီး၊
လမ်းပန်းဆက်သွယ်ရေးနှင့် တယ်လီဖုန်း ဆက်သွယ်ရေးများ ကောင်းမွန်လာပါက
အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး အစီအစဉ်များ
လုပ်ဆောင်သွားရန် ရှိကြောင်း ဆိုသည်။
The Ladies News
No comments:
Post a Comment