Wednesday, August 24, 2016

အခြေခံပညာဦးစီးဌာနက ရရှိသည့် အသုံးစရိတ်ပေါ်မူတည်ပြီး အခြေခံပညာ ဆရာ၊ ဆရာမများအား လစာတိုးပေးမည်ဟုဆို

ကျောင်းအပ်လက်ခံဆောင်ရွက်နေသော ဆရာမများ (ဓာတ်ပုံ - စိုင်းဇော်)
အခြေခံပညာဦးစီး ဌာနသို့ရရှိမည့် အသုံးစရိတ်များ ထဲမှ ၈၅ ရာခိုင်နှုန်းကို ဝန်ထမ်း လစာပေးရာတွင် အသုံးပြုမည် ဖြစ်ပြီး အခြေခံပညာ ဆရာ၊ ဆရာမများကိုလည်း လစာတိုး မြှင့်ပေးရန် စီစဉ်ထားကြောင်း အခြေခံပညာဦးစီးဌာနမှ ညွှန် ကြားရေးမှူးချုပ် ဦးအောင်သန်း ဦးက ပြောသည်။

‘‘ပညာရေးဝန်ကြီး အခြေခံ ပညာဦးစီးဌာနမှ ငွေ ၁၀၀ ရရင် ၈၅ ရာခိုင်နှုန်းကို အခြေခံပညာမှာ ရှိနေတဲ့ ဆရာ၊ ဆရာမတွေ၊ ဝန် ထမ်းတွေကို လစာပေးတဲ့အ တွက် သုံးတဲ့ထုထည်ပမာဏက လည်း ကြီးပါတယ်။ ဝန်ထမ်းအင် အား လေးသိန်းကျော်ရှိပါတယ်။ ရရှိလာတဲ့ ဝင်ငွေပေါ်မှာ မူတည် ပြီးတော့ တိုးပေးပါမယ်။ ရက်ကို တော့ အတိအကျမပြောနိုင်သေး ပါဘူး။ အထူးသဖြင့် ကျောင်းတွေ မှာ သင်ကြားရေးတာဝန်ထမ်း ဆောင်နေတဲ့ ဆရာ၊ ဆရာမတွေ အတွက် စီစဉ်လျက်ရှိပါတယ်’’ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်သန်းဦးက ပညာရေးဝန်ကြီးဌာန ရက်တစ်ရာ ဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
လက်ရှိတွင် အခြေခံပညာ ကျောင်းများ၌ ပညာသင်ကြားပို့ချ ပေးနေသည့် ဆရာ၊ ဆရာမများ ၏ ကိုယ်ရေးမှတ်တမ်းများကို ကောက်ခံနေကြောင်း ပဲခူးတိုင်း ဒေသကြီး သုံးဆယ်မြို့ရှိ အ လယ်တန်းပြ ဆရာမတစ်ဦးက ပြောသည်။
‘‘လစာ တိုးပေးမယ်ဆိုရင် အတိုင်းထက်အလွန် ပျော်ပါ တယ်။ ခရီးစရိတ်ကို တစ်ပတ်ကို နှစ်သောင်းလောက် ကုန်နေရ တယ်။ အခုလို တိုးပေးမယ်ဆိုရင် ပိုပျော်တာပေါ့။ လစာတိုးပေးတာ ထက်ကို ပညာရေးစနစ် ပိုပြောင်း လဲလာတာကို ပိုကြိုဆိုပါတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ်ရှိ မူလတန်းကျောင်း အုပ်ဆရာမတစ်ဦးက ပြောသည်။
အစိုးရသစ်၏ ပထမရက် တစ်ရာကာလအတွင်း ဆောင်ရွက် ခဲ့မှုများနှင့်ပတ်သက်၍ သတင်း စာရှင်းလင်းပွဲကို နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ဩဂုတ် ၂၃ ရက် နေ့လယ်၌ ကျင်းပခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန် ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ က ရှင်းလင်းခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်း ပွဲတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပညာရေးဝန်ကြီး ဌာန ရက်တစ်ရာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် ရှစ်ခုကို ရှင်းလင်းပြောကြားခဲ့ သည်။
‘‘ပညာရေးဝန်ထမ်းတွေကို လစာတိုးပေးမယ်ဆိုတာ ကြိုဆို ပါတယ်။ လစာတိုးပေးတာအပြင် နယ်မြို့တွေမှာ တာဝန်ထမ်း ဆောင်နေတဲ့ ဆရာ၊ ဆရာမတွေ ကို နေထိုင်ဖို့ စီစဉ်ပေးတာ။ ကျန်း မာရေးစောင့်ရှောက်ပေးတာမျိုး ဖြည့်ပေးလာမယ်ဆိုရင် ဆရာ၊ ဆရာမတွေ ဘဝမြင့်တက်လာ မယ်။ ပညာရေးကလည်း မြင့် တက်လာမှာပါ’’ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ ဆရာ၊ ဆရာမအဖွဲ့ ချုပ် ဒုဥက္ကဋ္ဌ ဦးသုတက ပြော သည်။
နေပြည်တော် အားကစား ရွာတွင် ဩဂုတ် ၈ ရက်က ပြုလုပ် ခဲ့သည့် ဆရာအတတ်ပညာကဏ္ဍ နှီးနှောဖလှယ်ပွဲတွင် မူလတန်း။ အလယ်တန်း၊ အထက်တန်း ဆရာ၊ ဆရာမများ ရာထူးတိုးမြှင့် ရေးလစာနှုန်းထားများနှင့်ပတ် သက်သည့် အဆိုပြုအစီအစဉ်စာ တမ်းကို တင်သွင်းဆွေးနွေးခဲ့ သည်။
‘‘ဆရာ၊ ဆရာမတွေရဲ့ အ ခက်အခဲကို မသိလို့မဟုတ်ပါဘူး။ ဆရာ၊ ဆရာမတွေကလည်း ကိုယ့်ဘဝမှာ ကိုယ်ရပ်တည်ဖို့လိုတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ လခများတာ၊ နည်းတာ စကားပြောပါတယ်။ ပီတိချည်းပဲ စားတယ်ဆိုတာ လက် တွေ့မကျပါဘူး။ ထမင်းလည်း စားဖို့လိုပါတယ်။ ဒီလိုအခက်အခဲ တွေကို ပညာရေးစနစ်ပြောင်းလဲ မှုမှာ ထည့်ပြီးတော့တွက်မှ တကယ်ကို တပည့်ကောင်းတွေကို မွေးထုတ်ပေးတဲ့ ဆရာ၊ ဆရာမကောင်းတွေကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်’’ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါနှီးနှောဖလှယ်ပွဲ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ယခုနှစ် ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန လက် အောက်ရှိ အခြေခံပညာကျောင်း လေးသိန်းငါးသောင်းကျော်နှင့် ပုဂ္ဂလိက အထက်တန်းကျောင်း များတွင် ပညာသင်ကြားနေသည့် ကျောင်းသား ၈ ဒသမ ၇ သန်း ကျော်ရှိပြီး ဆရာ၊ ဆရာမအင် အား လေးသိန်းသုံးသောင်းကျော် ဖြင့် သင်ကြားပေးနေကြောင်း

No comments: