Monday, August 1, 2016

တောင်သမန်အင်း ရေထိန်းတံခါးဖွင့်ရသည်အထိ မန္တလေး တွင် ရေကြီးမှုများဖြစ်ပေါ်လျက်ရှိ ------- -------- --------

တောင်သမန်အင်းရေ မြင့်တက်လာခြင်းကြောင့် အင်းတာရိုး ပျက်စီးနိုင်သဖြင့် အင်းဝဘက်ခြမ်း ရေထိန်းတံခါးကို ယနေ့နံနက်ပိုင်းက ဖွင့်ခဲ့ကြောင်း မန္တလေးသတင်းများအရ သိရသည်။

“နဂိုကတည်းက ကျွန်တော်တို့မှာ ရေက ကြီးနေတာ။ အခု အင်းကလည်း ရေထိန်းတံခါး ဖွင့် ဆိုရင်တော့ မတွေးဝံ့တော့ပါဘူးဗျာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ တောင်သမန်အင်းရေ မြင့်တက်လာမှုကြောင့် အင်းအနီးရှိ ရတနာပုံတက္ကသိုလ်အတွင်းသို့ ရေများ ၀င်ရောက်လာသည့်အတွက်လည်း ယနေ့ သြဂုတ်လ ၁ရက်နေ့မှ စတင်ကာ ခေတ္တ ကျောင်းပိတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ထိုသို့ ကျောင်းပိတ်လိုက်သော်လည်း ဖွင့်မည့်ရက်ကိုမူ ထပ်မံအသိပေး ကြေညာသွားမည်ဟု ရတနာပုံတက္ကသိုလ်မှ ကြေညာထားကြောင်းလည်း သိရသည်။

ရတနာပုံတက္ကသိုလ်အပြင် တောင်သမန်အင်းရေ မြင့်တက်လာမှုကြောင့် အင်းပတ်လည် ကျေးရွာနှင့်ရပ်ကွက်များ ရေနစ်မြုပ်လျက်ရှိပြီး ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ အကူအညီလိုအပ်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် မန္တလေး-စစ်ကိုင်း သွား ကားလမ်းပေါ်သို့လည်း ရေများ ကျော်နေသဖြင့် ခရီးသွား ကားများ ဖြတ်သန်းသွားလာရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိနေသည်။

Photo - MDY FB
The Ladies News

No comments: