Thursday, August 18, 2016

ဆေးတက္ကသိုလ်ဝင်ခွင့် ယခင်နှစ်ကထက် ၁၀၀ဦး တိုးမြှင့်ခေါ်ယူ

ယခုနှစ်တက္ကသိုလ်ဝင် ခွင့်ခေါ်ယူရာ၌ ဆေးတက္ကသိုလ် ငါးခုတွင် ပထမနှစ်သင်တန်းသား ၁,၆၀၀ခေါ်ယူမည်ဖြစ်ပြီး ယမန် နှစ်ထက် ၁၀၀ဦးတိုးမြှင့်ခေါ်ယူခဲ့ ခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။
ဆေးတက္ကသိုလ်(၁)နှင့် ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ဆေး တက္ကသိုလ်(မန္တလေး)၊ ဆေးတက္က သိုလ်(မကွေး)နှင့် ဆေးတက္က သိုလ်(တောင်ကြီး)တို့တွင် သင်တန်းသား ၁၆၀၀ဦးလက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း ၂၀၁၆တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာ အုပ်တွင် ဖော်ပြထားသည်။
အဆိုပါဆေးတက္ကသိုလ် များတွင် အမျိုးသား ၅၀ရာခိုင်နှုန်း နှင့် အမျိုးသမီး ၅၀ရာခိုင်နှုန်းစီခေါ်ယူရမည်ဖြစ်ပြီး ၂၀၁၆တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူများဖြစ်ရ မည်ဖြစ်ကြောင်း လမ်းညွှန်စာ အုပ်တွင်ဖော်ပြထားသည်။
ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူများသည်ဆေး တက္ကသိုလ်ခွဲဝေနေရာချထားရေး အဖွဲ့က အခါအားလျော်စွာသတ် မှတ်ချက်နှင့်အညီ ခွဲဝေသတ်မှတ် ပေးသည့် ဆေးတက္ကသိုလ်တွင် သင်တန်းပြီးဆုံးသည်အထိတက် ရောက်နိုင်သူများဖြစ်ရမည်ဟု လမ်းညွှန်စာအုပ်တွင်ဖော်ပြထား သည်။
‘‘ဆရာဝန်တွေများများများရှိဖို့လိုတော့ အခုလိုတိုးခေါ်တာ ကောင်းတယ်။ ဆေးက နှစ်တိုင်း အမှတ်မြင့်နေတော့ တက်ချင်ပေ မယ့် အမှတ်မမီလို့ မတက်ရတဲ့ ကျောင်းသားတွေရှိတယ်။ သူတို့ အတွက် အခွင့်အရေးပိုရတယ်’’ ဟု ဆေးတက္ကသိုလ်(၁)မှ အောင် မြင်ခဲ့သည့် ဆရာဝန်တစ်ဦးက ပြောသည်။
ယမန်နှစ်ဆေးတက္ကသိုလ် (၂)ရန်ကုန်သို့ ပထမနှစ်သင်တန်း သားအဖြစ် ၀င်ခွင့်ရှိသည့်အမြင့် ဆုံးအမှတ်မှာ ၅၅၁မှတ်ဖြစ်ပြီး အ နိမ့်ဆုံးအမှတ်မှာ ၄၉၁မှတ်ဖြစ် သည်။
ရန်ကုန်နှင့် မန္တလေးရှိ သွား ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ တွင် ပထမနှစ်သင်တန်းသား ၁၀၀ဦးစီလက်ခံမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးရှိ ဆေးဝါးတက္ကသိုလ်တွင်သင်တန်းသား ၁၅၀ ဦးစီလက်ခံမည်ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်၌ ဖော်ပြထားသည်။

No comments: