Wednesday, August 3, 2016
လူငယ်လေး လှမ်းပေးသည့် အင်္ကျီနှင့်ဘောင်းဘီကို ဝတ်ဆို၍ သာဦးဇင်းဓမ္မိက(အမည်လွှဲ) မသက် မသာဖြင့် ဝတ်ခဲ့ရသော်လည်း ဝတ် စုံနှင့်ကိုယ်ခန္ဓာ အသားမကျသည့် ခံစားမှုမျိုးကို အချိန်တိုင်း ခံစားခဲ့ ရသည်ဟု မိန့်သည်။၈နှစ်သားကတည်းက သာသ နာ့ဘောင်ဝင်လာခဲ့သည့် ယင်းအနေဖြင့် လူဝတ်စုံကို ယခုသက်တော် ၄၇ နှစ်ပြည့်မြောက်ချိန်၌ ဝတ်ဆင်ရ လိမ့်မည်ဟု အိပ်မက်ပင်မမက်ခဲ့ဖူး။
ယခုလို ဝတ်ထားသည့်ပုံကိုသာ ရဟန်းဒါယိကာမကြီး မြင်သွားလျှင် မူးမေ့လဲသွားမလား။ သို့တည်းမဟုတ် အများ၏ ကဲ့ရဲ့မှုကြောင့် ဒါယိကာမကြီး နှင့် ဆွေမျိုးများ လူ ကြားထဲ ခေါင်းဖော်နိုင်ပါ့ မလားဆိုသည့် စိုးရိမ်စိတ်လည်း ရှိခဲ့သည်ဟု ဦးဇင်းကဆက်မိန့်သည်။ သို့သော်အထက်ပါစိုးရိမ်စိတ်အတွေးစိတ်တို့က ခဏလေးအတွင်း မှာပင် ခေတ္တ ပျောက်ကွယ်သွားရသည်။လာခေါ်သူတို့ ရောက်လာကြ သောကြောင့် ဖြစ်သည်။ ထိုသူတို့နှင့်အတူ သူ၏အဝတ် ထုပ်ကို စစ်ဆေးရေးစက်ဖြင့် စစ် ဆေးမှုခံယူ၊အထုပ်ကိုလေယာဉ်လက်မှတ်ကောင်တာတွင်အပ်ကာလက်မှတ်ထုတ်၊ ပြီးနောက် လေဆိပ်အပေါ်ထပ်ရှိ နိုင်ငံကူးလက် မှတ် စစ်ဆေးရေးကောင်တာတွင် အစစ်ဆေးခံပြီး လေယာဉ်ပေါ်တက်လိုက်သည်။
ထိုကာလ တစ်လျှောက်လုံး သူသည် နိုင်ငံကူးလက်မှတ်တွင် ဖော်ပြထားသော သူ့နာမည် မဟုတ်သည့် အမျိုးသားအမည်တစ်ခုနှင့်လုံခြုံရေးအတင်းကျပ်ဆုံးဟု ဆိုနိုင်သည့်လေဆိပ်၌ ပြောဆို လှုပ်ရှားနေရသည်။ သာသနာ့ဝန် ထမ်းကတ်ပြားပါ ဦးဇင်းဘွဲ့နာမည် ကို ယောင်လို့ပင် မထွက်ခဲ့ရ။ ဤသည်မှာလည်း စနစ်တကျ သင်ကြားထားမှုကို လိုက်နာခဲ့၍ ဖြစ်သည်ဟု မိန့်သည်။”အဲဒီကာလဟာ ဦးဇင်းအ တွက် ခက်ခဲတဲ့ကာလပါ။ တစ်ခုခု သာ လွဲချော်သွားရင် ဦးဇင်းအလှူ မဖြစ်မြောက်မှာစိုးတယ်”ဟု ဦးဇင်းဓမ္မိက(အမည်လွှဲ)က မိန့်သည်။ဘာလို့ ဒီလို လုပ်ရတာလဲအထက်ပါအဖြစ်အပျက် သည် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေ အမှတ် ၁/၂ဝဝ၄ နှင့် ထုတ်ပြန်ခဲ့ သည့် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူ ဒါန်းခြင်းဆိုင်ရာ ဥပဒေပါ အချက် အလက်အချို့နှင့် အချိန် ပေးကာ စောင့်ဆိုင်းနေရမှုတို့ကို အခြေခံကာဖြစ်ပေါ်လာသည့် အဖြစ်အပျက် တစ်ခြု ဖစ်သည်။
ငွေကြေး တတ်နိုင်သူတို့က မြန်မာတွင် လက်ရှိအချိန်ထိ အောင်မြင်မှုကြီး ကြီးမားမား ဆက်တိုက်မရသေးဘဲ စမ်းသပ်နေဆဲ အသည်းအစားထိုး ခြင်းတို့ကိုသာမက ၁၉၉၅ ခုနှစ်မှ စ၍ အောင်မြင်မှုရခဲ့ပြီး ယခုအ ချိန်တွင်လည်း လွယ်ကူသည့် ခွဲ စိတ်မှုတစ်ခုအဖြစ် အောင်မြင်နေ သော ကျောက်ကပ် အစားထိုးမှု ကိုပါ ပြည်တွင်းတွင် မလုပ်ကြဘဲ အိန္ဒိယသို့ ထွက်ပြီး လုပ်ကြရင်း အလှူရှင်တို့ကို နည်းလမ်းမျိုးစုံဖြင့် ပြည်ပသို့ ခေါ်သွားကြသည်။ထိုသူတို့ အကြောင်းပြကြ သည့်အဓိကအချက်က ပြည်တွင်း ၌ ယင်း ၂ဝဝ၄ ဥပဒေတွင် မိဘ၊ မောင်နှမအရင်းများဆီမှသာ ကျောက်ကပ်ကိုယူနိုင်ပြီးတစိမ်း တစ်ရံအပါအဝင် ဦးနှောက်သေ၊ နှလုံးခုန်၊ လူသေတို့မှ ကျောက်ကပ် တို့ကို ယူခွင့်မရှိသောကြောင့် ထိုသို့လုပ်ရသည်ဟု ဆိုသည်။ ထို့ ကြောင့် အလှူခံသူတို့သည် သဒ္ဓါ တရားအရ လှူဒါန်းလိုသူတို့ကို ရှာ ကြသလို၊ တန်ကြေးတစ်ခုသတ်မှတ် ပြီး ရောင်းချ၊ ပေးလှူသူတို့ကိုလည်း ရှာကြသည်။
မည်သူ့ထံမှ ရရ အလှူခံသူတို့ က အသက်ဆုံးမည်စိုး၍ မငြင်း ပယ်ဘဲ လက်ခံခဲ့ကြရသည်။သက်ဆိုင်ရာက ယင်းကိစ္စကို လူ့အသက်နှင့်ဆိုင်သည့် ကိစ္စလည်း ဖြစ်သည့်အပြင်၊ သိန်းကို ရာနှင့်ချီ၊ ထောင်နှင့်ချီကာ အကုန်အကျခံ ပြီး လုပ်နိုင်ကြသူတို့သာလုပ်နေကြ သဖြင့် ခေတ်အဆက်ဆက် မသိ ချင်ယောင်ဆောင်ခဲ့ကြသည်။လက်ရှိတွင်ထိုသူတို့ ရှောင် ရှားလိုသည့် အချက်များပါ ယင်း ဥပဒေကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ၂၅ရက်နေ့တွင်ဖျက်သိမ်းလိုက်ပြီး ယင်းနေ့မှာပင် ထိုအချက်များ မပါ တော့သည့် ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်ကဥပဒေအမှတ် ၅၈ဖြင့် အစားထိုးပြ ဋ္ဌာန်းခဲ့သော်လည်း ယခုထိတိုင် မဖွဲ့နိုင်သေးသည့် ကိုယ်အင်္ဂါအ စိတ်အပိုင်းလှူ ဒါန်းခြင်းဆိုင်ရာကြီးကြပ်မှုကော်မတီကြောင့်လည်းကောင်း၊ ပြည်ပက ပြည်တွင်းထက်ကုသမှုမြန်ဆန်၍လည်းကောင်း၊ မူလအတိုင်းပင် ပြည်ပသို့ထွက်နေ ကြဆဲ ဖြစ်သည်။
ဥပဒေကို ချိုးဖောက်ပြီး ထွက်ကြတယ်။မန်မာနိုင်ငံမှနေ၍ အိန္ဒိယသို့ သွားကာ အသည်းနှင့်ကျောက်ကပ် လှူသည့် ရဟန်းတော်များအ ကြောင်းကို popular news က စုံစမ်းရာ အများစုသည် လူဝတ်နှင့် ပြည်ပသို့ ထွက်ကြရခြင်းဖြစ်သည်။ ထိုသို့ ထွက်ကြသူတို့ကို ပွဲစား ဆိုသူများက နိုင်ငံကူးလက်မှတ် အစရှိသည့် လိုအပ်သည်များကို လုပ်ပေးကြကာ ရိုးလွန်းလှပြီး အ လှူပေးရန်သာ စိတ်အားထက်သန် နေကြသည့် ရဟန်းတော်များက ဥပဒေနှင့်မညီ ဆိုသည်ကိုလည်း နားမလည်ဘဲ အလှူခံများစိတ် တိုင်းကျ အချို့သော လုပ်ရပ်တို့ ကို လိုက်လုပ်ပေးရသည်။၂ဝ၁၅ခုနှစ် အောက်တိုဘာလ က မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ ကျေးရွာတစ်ရွာမှ ဆရာဝန်မ တစ်ဦး၏ ဖခင်အတွက် ကျောက်ကပ်တစ်လုံးနှင့် အသည်းပေးလှူ သည့် ရဟန်းတော်တစ်ပါးက ”ဦးဇင်းကိုအလှူခံမယ့်သူရဲ့ မိန်းမ ရဲ့မောင်အနေနဲ့ သန်းခေါင်စာရင်း ထဲထည့်ပေးတယ်။ ပြီးတော့ ပတ်စ် ပို့လုပ်ပေးတယ်။
ဦးဇင်းက ငယ်ဖြူ လေ။ ဒီတော့ မှတ်ပုံတင်မရှိဘူး။ သာသနာ့ဝန်ထမ်းကတ်ပဲ ရှိတယ်။ ဒါပေမယ့် ဦးဇင်းလက်ထဲ ပတ်စ် ပို့ရခဲ့တယ်။ ဦးဇင်းက ဒါက ဘာ လုပ်လို့ရလဲလို့ မေးတော့ အလှူ လုပ်လို့ရအောင်လို့ပဲ သူတို့က ဖြေ ကြတယ်”ဟု မိန့်သည်။လွန်ခဲ့သည့်လအနည်းငယ်ကအိန္ဒိယသို့ မြန်မာနိုင်ငံသားတစ်ဦး အတွက် ကျောက်ကပ်လှူရန် သွား ရောက်ခဲ့သော်လည်း အလှူခံသူ မိသားစု၏ ရိုင်းပြသည့် အပြုအမူတို့ကြောင့် မလှူဖြစ်တော့ဘဲ ပြန်လာခဲ့သည့် ရဟန်းတော်တစ်ပါး လည်း ထိုနည်းလမ်းများအတိုင်း လုပ်ခဲ့ရသည်ဟုမိန့်သည်။အိန္ဒိယ ပညာသင်ကျောင်း သားများအဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ အိန္ဒိယတွင် ကျောက်ကပ်လှူရန် လာရောက်ရင်း ဒုက္ခတွေ့သည့် ရဟန်းတော်တစ်ပါးကို ကယ်တင် ခဲ့သည့် ရဟန်းတော်လည်းဖြစ်၊ လက်ရှိတွင်လည်း မန္တလေးမြို့ရှိ စာသင်တိုက်တစ်ခုတွင်သီတင်း သုံးနေသည့် အမည်မဖော်လိုသည့် ရဟန်းတော်တစ်ပါးကတော့ ဤသို့မိန့်ပါ သည်။
”ဒါတွေက ဒီလိုပဲ လုပ်နေကြ တယ်ဒကာလေး။ ပွဲစားတွေနဲ့ပေါ့။ကျောက်ကပ်၊ အသည်းလှူမယ့် ရဟန်းတိုင်းကိုပေါ့ကွာ။ အကုန်လုံး တော့မဟုတ်ဘူးပေါ့။ နောက်ကြောင်း ရှင်းအောင်လား၊ ဘာလားတော့ မသိဘူး၊ ဒါပေမယ့် လုပ်လို့တော့ အကုန်ရတယ်ဗျို့”ဟူ သတည်း။ရဟန်းတော်တွေကသာ စိတ်အချဆုံး ဖြစ်လာတယ်၂ဝ၁၁ခုနှစ်နောက်ပိုင်း ကိုယ် တွင်းကလီစာအစားထိုးခြင်းနှင့် ပတ် သက်၍ ပြည်တွင်းတွင် ပြဿနာ (၂) ကြိမ်တက်ခဲ့သည်။ အထူးကု ဆရာဝန်ကြီးတစ်ဦးနှင့် စည်ပင်ဝန် ထမ်းတို့ ဖြစ်သည့် ပြဿနာနှင့် ဧရာဝတီ တိုင်းမှလုပ်ငန်းရှင်တစ်ဦးနှင့်လုပ်သားတစ်ဦးတို့ ဖြစ်သည့်ပြဿသနာတို့ဖြစ်သည်။
မူလအစက ယင်းဖြစ်စဉ်တို့သည် အလှူခံသူနှင့် လှူဒါန်းသူတို့အကြားသဘောတူ ညီမှုအသီးသီး ထားရှိခဲ့သော်လည်းနောက်ပိုင်းတွင်မှ ယုံကြည်မှုပျက်ပြားပြီး မပြေမလည်ဖြစ်ကာအားလုံး သိကုန်ကြသည့် ပြဿနာများ ဖြစ်သွားကြသည်။ အဓိကအချက် မှာ ငွေရေးကြေးရေး ကိစ္စအပေါ် အခြေခံသည်။ ရဲထံ တိုင်တန်းသည်အထိ ဖြစ်မလာခင်တွင် ယင်း တို့ဘာသာ ညှိနှိုင်း ဖြေရှင်းခဲ့ကြ သည်။ ဖြေရှင်းလို့မရသည့် နောက် ဆုံးမှာမှ ရဲက ခေါ်ယူစစ်ဆေး လိုက်ရသည်ဟုထိုစဉ်ကစစ်ဆေး မှုထဲတွင် ပါဝင်သည့် ရဲအရာရှိကြီး တစ်ဦးက ပြောသည်။ ရဲက စစ်ဆေးရာတွင် ၁ဝနှစ်ကျော်အထိ ထောင်ဒဏ်ချမှတ်ခွင့်ရှိသည့် လူ ကုန်ကူးမှု မြောက်/မမြောက်နှင့် ဖြစ်သည်။
ရဲက ထိုအမှုနှစ်ခုစလုံးကို ယုံကြည်မှု အလွဲသုံးစားလုပ်မှုသာ တွေ့ရပြီး လူကုန်ကူးမှုမမြောက် ကြောင်း ဆုံးဖြတ်ပေးကြသည်။ အငြိမ်းစား လူကုန်တားရဲတပ် ဖွဲ့မှူးဦးညွန့်လှိုင်က ”လိုလို လား လား၊ လှူသူကလည်း လှူတယ်။ ယူသူကလည်း ယူတယ်။ ပြီးမှ သ ဘောတူထားတာတွေ ပျက်ကုန်ကြရင်း မကျေလည်မှုတွေ ဖြစ်ကုန်ကြ တာ”ဟု ပြောသည်။ထြို ဖစ်ရပ်များကြောင့်သူဌေးအများစုသည် အရပ်သားပြည်သူများထက်စာလျှင်နောက်ကြောင်းရှင်း ပြဿနာ မလုပ်တတ်သည့် ရဟန်းတော်များဘက်လှည့်သွား ကြသည်။ယခုဇူလိုင်လ တစ်လတည်း မှာပင် ရဟန်းတော် ၃ ပါးကိုမန္တလေးအခြေစိုက် ပရဟိတအသင်း တစ်ခုကအလှူခံများနှင့် ချိတ်ဆက် ပေးခဲ့သည်ဟု လတ်တလော စုံ စမ်းသိရှိရသည်။
ကျောက်ကပ်အလှူရှင် ရဟန်း တစ်ပါးက ”အိန္ဒိယရောက်ပြီး ဖျား နေလို့ ဆေးထိုးပေးပါလို့ ဆိုတာ တောင် အလှူခံတွေက မသိချင် ယောင်ဆောင်နေတယ်။မနည်း ပြောမှထိုးပေးကြတယ်။ လူဆို ဘယ်ရမလဲ၊ ဘုန်းကြီးတွေက သည်းခံတယ်လေ”ဟု မိန့်သည်။သွားလှူကြရင်း ဒုက္ခတွေ့နေကြသူတွေ ရှိနေတယ်ကျောက်ကပ် အလှူပေးရန် အိန္ဒိယသို့ထွက်ခွာခဲ့ပြီးခါမှ ဒုက္ခတွေ့၍ ပြန်လာခဲ့ရသည့် ရဟန်း တော်ကို သံရုံးနှင့် ချိတ်ဆက်ကာ ကူညီပေးခဲ့သည့် ရဟန်းတော် တစ် ပါးက မိန့်သည်မှာ ဒုက္ခတွေ့ခဲ့ ကြသည့်ရဟန်းအချို့သည် အင် တာနက်မှတစ်ဆင့် ကျောက်ကပ် လိုကြောင်း တောင်းဆိုသည်ကို သေချာမစုံစမ်းဘဲ ပေးလှူမည်ဟု လိုက်သွားကြရင်း ဒုက္ခရောက်ကြ သည်ဟု မိန့်သည်။”အညာဘက်က ရဟန်းတော် တွေက ရိုးတယ်။ အဲဒီ့ရိုးသားမှုကို တလွဲလုပ်ကြတယ်။ဦးဇင်းသိတဲ့ အဖြစ်အပျက်အချို့ဆို လှူမယ့်သူက ပွဲစားတွေနဲ့ပဲတွေ့ရတယ်။ အ လှူခံက ဘယ်သူ မှန်းမသိဘူး။ ဒါ တွေဟာ ကြားပွဲစားတွေလုပ်စား ချင်စရာ ဖြစ်လာလိမ့်မယ်၊ ဒါပေ မယ့် သူရဲ့ကျောက်ကပ်ကတော့အထုတ်မခံလိုက်ရပါဘူး”ဟု အထက်ပါ ရဟန်းတော်မိန့်သည်။
အငြိမ်းစား လူကုန်တားရဲတပ် ဖွဲ့မှူးဦးညွန့်လှိုင်က ”ဒါဟာသတိ ထားရမယ့်ကိစ္စပဲ”ဟုပြောသည်။ယင်းအငြိမ်းစားမယူခင် ၂ဝ၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင် ချိန်က အိန္ဒိယ၌ ကာယကံရှင်မသိ ဘဲ ကျောက်ကပ်ဖြုတ်ယူမှုများအ ကြောင်း၊အလားတူဘင်္ဂလားဒေ့ရှ် နှင့်ပါကစ္စတန်နိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားများကိုအရှေ့အလယ်ပိုင်းဒေသတွင်ချပ်နှောင်ထားပြီး ကျောက်ကပ် ထုတ်ရောင်းသည့်ဖြစ် စဉ်အကြောင်းနှင့် ဆရာဝန်များ ပင် ပါဝင်ပတ်သက်မှုရှိသည့် အမှု များအကြောင်းကို တာဝန်ရှိသူများ က နိုင်ငံတကာသင်တန်းများ၌ ရဲ များသတိထားနိုင်ရန် ပို့ချပေးခဲ့မှု များရှိကြောင်း ပြောပြသည်။
”လှူဒါန်းတဲ့ ကာယကံရှင်က ဘာငွေကြေးမှ မတောင်းပေမယ့် လို့ ပွဲစားက အလှူခံဆီကနေ သူ ချိတ်ဆက်ပေးမှုအပေါ် ပွဲခယူ သွားတာလည်း ရှိနိုင်တာပဲ၊ ဒါ့အပြင် ငွေကြေးနဲ့ရောင်းချမှုလည်း ရှိနိုင်တာပဲ၊ ဒါပေမယ့် ကိုယ်တွင်း ကလီစာကို ထုတ်ခံသွားရကြောင်းလာတိုင်မှုတွေတော့ဒီမှာကျွန်တော်မကြားခဲ့ရဘူး” ဟုယင်းက ပြောသည်။လူကုန်တားရဲတပ်ဖွဲ့မှ လက်ရှိ တာဝန် ထမ်းဆောင်နေသူတို့ထံဆက်သွယ်မေးမြန်းရာတွင်လည်းအမျိုးသမီး ရဲမှူးအရာရှိက ကိုယ်တွင်းကလီစာနှင့်ပတ်သက်ပြီး အမှုဖွင့်စစ်ဆေးခဲ့ရသည့် အမှုမျိုး တစ် မှုမှမရှိကြောင်း ပြောသည်။
Popular Myanmar
No comments:
Post a Comment