Wednesday, August 3, 2016
မိုက်ခရိုဆော့ သူဌေးကြီး ဘီလ်ဂိတ်စ်နှင့် သူ၏ဇနီး မယ်လင်ဒါ ဂိတ်စ်တို့တည်ထောင်ထားသော Bill @ Melinda Gates Foundation ၏ တရားဝင် facebook စာမျက်နှာတွင် ယမန်နေ့က တင်ထားသည့် စေတနာသဒ္ဒါတရားအထက်သန်ဆုံး ၁၀ နိုင်ငံစာရင်းဝယ် မြန်မာနိုင်ငံသည် ထိပ်ဆုံးတွင်ရှိကြောင်းသိရသည်။
အဆိုပါစာရင်းသည် Charities Aid Foundation ၏ CAF World Giving Index 2015 ဖြစ်ကြောင်း Bill @ Melinda Gates Foundation က ဆိုထားသည်။
ယင်းနိုင်ငံတို့သည်ကမ္ဘာတစ်လွှားဝယ် ငွေကြေးလှူဒါန်းမှုအပြုဆုံး၊ စေတနာ့ဝန်ထမ်းလုပ်ငန်းများအဆောင်ရွက်ဆုံးနှင့်သူစိမ်းတရံဆံတို့ကိုအကူညီဆုံး နိုင်ငံများဖြစ်ကြသည်။
ယင်းနိုင်ငံများမှာ -
၁။ မြန်မာနိုင်ငံ
၂။ အမေရိကန်ပြည်ထောင်စု
၃။ နယူးဇီလန်
၎။ ကနေဒါ
၅။ ၾသစေၾတးလ်
၆။ ဗြိတိန်
၇။ နယ်သာလန်
၈။ သီရိလင်္ကာ
၉။ အိုင်ယာလန်
၁၀။ မလေးရှား တို့ဖြစ်ကြသည်။
Bill @ Melinda Gates Foundationကို ၁၉၉၇ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့ကစတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံအတော်များများတွင် ရုံးခွဲများရှိသည်။
PN-002
Popular Myanmar
No comments:
Post a Comment