မန္တလေး-ကောလင်း RBE ရထား မကြာမီပြေးဆွဲမည်
------- ------- -------
မန္တလေးမှ ကောလင်း ဘူတာသို့ RBE ရထားဖြင့် မကြာမီကာလအတွင်း ပြေးဆွဲမည်ဟု သတင်းများအရ သိရသည်။
မန္တလေးဘူတာမှ- ကောလင်းဘူတာ ၁၅၅ မိုင်ခရီးကို ပြေးဆွဲပေးသွားမည့် RBE ရထား တွဲဆိုင်းအသစ်များ ဇွန် ၈ ရက်နေ့က ကောလင်းစက်ခေါင်းရုံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
RBE ရထားတွင် မျက်နှာချင်းဆိုင်ထိုင်ခုံများ၊ aircon၊ ပန်ကာများ တပ်ဆင်ထား ရှိကြောင်းသည်။ တွဲဆိုင်းအသစ်များသည် ခေတ်မီတွဲဆိုင်းများ ဖြစ်ပြီး ခရီးသွားပြည်သူများအနေဖြင့် အဆင်ပြေစွာ သွားလာနိုင်ရေး စီစဉ်ဆောင်ရွက်ထားသည်ဟု သိရသည်။
ကောလင်းမြို့မှ မန္တလေးမြို့သို့ မော်တော်ယာဉ်လိုင်းများ အပြိုင်အဆိုင် ပြေးဆွဲလျက်ရှိနေသော်လည်း မီးရထားဖြင့် သွားလာနေသော ခရီးသွား ပြည်သူများ လျော့နည်းကျဆင်း မှုမရှိသေးဘဲ ယခုလို နိုင်ငံတော်အစိုးရမှ RBE ရထားကို ပြေးဆွဲပေးခြင်းဖြင့် ခရီးသွား ပြည်သူများအနေဖြင့် ခရီးစရိတ် သက်သာမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (ကောလင်း)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
The Ladies News
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, June 9, 2016
မန္တလေး-ကောလင်း RBE ရထား မကြာမီပြေးဆွဲမည် ------- ------- -------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment