သန်းခေါင်စာရင်း ထုတ်ပြန်ချက်တွင် ဖော်ပြရန် ကျန်သေးသည့် ကိုးကွယ်မှုဆိုင်ရာ အချက်အလက်ကို ရက် ၁ဝဝ အတွင်း ထုတ်ပြန်မည်
Tuesday, June 7, 2016
၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရာတွင် ထုတ်ပြန်ရန်ကျန်ရှိနေသည့်အချက်များအနက်မှ ကိုးကွယ်ရာဘာသာဆိုင်ရာအချက်အလက်ကို ရက် ၁ဝဝ အတွင်း ထုတ်ပြန် ရန်ပြင်ဆင်နေကြောင်း သိရသည်။ ထုတ်ပြန်ရန်ကျန်ရှိနေသည့် တိုင်းရင်းသားလူမျိုးဆိုင်ရာအချက်အလက်နှင့် ကိုးကွယ်ရာဘာသာဆိုင်ရာ အချက်အလက် နှစ်ခုအနက် ပထမရက် ၁ဝဝ ၏ ဇွန်၊ ဇူလိုင် နှစ်လတာ ကာလအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ သို့သော် တိုင်းရင်းသားလူမျိုးဆိုင်ရာ အချက်အလက်ကိုမူ ပညာရှင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေး နွေးပြီးမှသာ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးမြင့်ကြိုင်က ဇွန် ၆ ရက်က ဒီမိုကရေစီ တူဒေးသို့ ပြောသည်။
''ဘာသာနဲ့ပတ်သက်တဲ့အချက်အလက်ကတော့ ရက် ၁ဝဝ အတွင်းမှာ ထုတ်ပြန်မယ်။ မေ၊ ဇွန်၊ ဇူလိုင်ပေါ့။ အခုတော့ မေလ ကုန်သွားပြီမို့ ဇွန်နဲ့ ဇူလိုင်ထဲမှာ အပြီးထုတ် ပြန်မယ်။ တိုင်းရင်းသားလူမျိုးအလိုက် လူဦး ရေကတော့ ကျွန်တော်တို့ ထုတ်ပြန်မယ့်ရက်က သတ်မှတ်လို့မရသေးဘူး။ ကျွန်တော်တို့သက်ဆိုင်ရာတာဝန်ရှိတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားခေါင်း ဆောင်တွေ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတို့ နောက်ပြီး အစုအဖွဲ့တွေ၊ ပညာရှင်တွေရှိ တယ်လေ။ အဲဒီပညာရှင်တွေနဲ့ အားလုံး ဆွေးနွေးပြီးတော့မှပဲ ကျွန်တော်တို့ထုတ် ပြန်မယ့်အနေအထားရှိတယ်''ဟု အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြော သည်။
တိုင်းရင်းသားလူမျိုးစာရင်းထုတ်ပြန်ရန် အခက်အခဲရှိနေခြင်းမဟုတ်ဘဲ၊ တိုင်းရင်းသားလူမျိုးများ၏တောင်းဆိုချက်များအရ အမည်ပြင်ဆင်လိုသည်များရှိသဖြင့် ယင်းအချက်အလက်တို့ကို ဖြည့်ဆည်းပေးလိုသဖြင့် တိုင်း ရင်းသားများ၏ သဘောဆန္ဒယူ၍ ထုတ်ပြန်မည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်ကဆိုသည်။ ''လူမျိုးနာမည်တွေကလည်း တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဆွေးနွေး ပွဲတွေကျမှသိမှာပေါ့။ တိုင်းရင်းသားရေးရာဝန်ကြီးတို့၊ ပညာရှင်တွေနဲ့ဆွေးနွေးပြီးမှ ဘယ်ဟာက တော့ တိုင်းရင်းသားဖြစ်တယ်။ ဘယ်ဟာကတော့ တိုင်းရင်းသားမဖြစ်ဘူးဆိုတာ ညှိနှိုင်းဆွေးနွေးပြီးတော့မှ ပြော လို့ရမယ်။ အခုအချိန်ကတော့ ဒါတွေက တိုင်းရင်းသားလား၊ နိုင်ငံခြားသားလားဆိုတာကို ခွဲခြားလို့ ကျွန်တော်တို့ဝန်ကြီးဌာနက လုပ်ပိုင်ခွင့်မရှိဘူးလေ'' ဟု အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ရှင်းပြသည်။
လူဦးရေနှင့်အိမ်အကြောင်းအရာသန်း ခေါင်စာရင်း၏ ရှေ့ပြေးစာရင်းထုတ်ပြန်မှုကို ၂ဝ၁၄ ခုနှစ်သြဂုတ်တွင်လည်းကောင်း၊ ပင်မသန်းခေါင်စာရင်းအစီရင်ခံစာထုတ် ပြန်မှုကို ၂ဝ၁၅ ခုနှစ် မေလကုန်တွင်လည်းကောင်း၊ တတိယအကြိမ်အလုပ်အကိုင်နှင့် လုပ်ငန်းအမျိုးအစားထုတ်ပြန်မှုကို ၂ဝ၁၆ ခုနှစ် မတ်လကုန်တွင်လည်းကောင်း ထုတ်ပြန်ခဲ့သည်။ ယခုထုတ်ပြန်မည့် ကိုးကွယ်ရာဘာသာဆိုင်ရာအချက်အလက်သည် သန်းခေါင် စာရင်းလုပ်ငန်းစဉ်၏စတုတ္ထအကြိမ် မြောက်ထုတ်ပြန်မှုဖြစ်သည်။
ZCH
#Democracy Today
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, June 7, 2016
သန်းခေါင်စာရင်း ထုတ်ပြန်ချက်တွင် ဖော်ပြရန် ကျန်သေးသည့် ကိုးကွယ်မှုဆိုင်ရာ အချက်အလက်ကို ရက် ၁ဝဝ အတွင်း ထုတ်ပြန်မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment