ဂုဏ်ယူဖွယ်ရာလမ်းလေး။သဘာဝအတိုင်း
လုံးဝအပျိုရည်မပျက်သေးတယ့်လမ်းလေး။
လောကကြီးတစ်ခုလုံးဖောက်လွဲဖောက်ပြန်
ပြောင်းလဲသွားရင်တောင်မှသက္ကရာဇ်တွေ
ကြားထဲအိပ်ပျော်နေတယ့်လမ်းလေး။
ဂုဏ်ယူပါတယ်လမ်းလေး။တကယ်ဆိုရှေး
ဟောင်းအမွေအနှစ်စာရင်းမှာထိပ်ဆုံးကပါ
သင့်တယ့်လမ်းလေးမို့နင်းလျှောက်ရမှာကို
တောင်အားနာမိပါရဲ့။
No comments:
Post a Comment