"မူဆယ်-နမ့်ခမ်း လမ်းပိုင်းတွင် ခရီးသည်တင်ကားလေးအချို့ ပျောက်ဆုံးနေ "
မူဆယ်မြို့နယ်၊နမ့်ဖက်ကာကျေးရွာနှင့် နမ့်ခမ်းမြို့ကြားတွင် ခရီးသည်တင်ကားအချို့ ပျောက်ဆုံးနေသောကြောင့် ပျောက်ဆုံးနေသူများ၏ မိသားစုဝင်အချိ့က ရဲတပ်ဖွဲ့သို့ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။
မူဆယ်မှ မန္တလေးသို့ ပြေးဆွဲနေသည့် လူ ၄ - ၅ ဦးခန့်လိုက်ပါနိုင်သော ခရီးသည်တင်ကား အချို့ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ပျောက်ဆုံးနေသူ ယာဉ်မောင်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
ဇွန်လ ၅ ရက် နံနက် ၉နာရီခန့်မှ စတင်ကာ အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။
အကိုတစ်ယောက် ပျောက်ဆုံးနေသူ အမည်မဖော်လိုသူ တစ်ဦးက " နေ့လည် ၁ နာရီ ၂ နာရီဆို လားရှိုးရောက်ရမယ်လေ။ အဲ့အချိန်အထိ ဖုန်းဆက်လည်းမရဘူး။ ၂ နာရီဆက်လည်း မရ။ ၃ နာရီ ဆက်လည်း မရ။ ၄ နာရီခွဲလောက်မှာ ကျတော့် ဦးလေးနဲ့ သူ့ မိဖတွေ လိုက်သွားတယ်။ ကွတ်ခိုင်အထိ။ အဲ့ဒီ တိုးဂိတ်လည်း မဖြတ်ဘူးပေါ့။ အဲ့လို အခြေအနေ ဖြစ်နေတယ်" ဟု ပြောသည်။
နမ့်ခမ်းမြို့ဒေသခံအချို့က ကား ၄ စီးထက်မနည်း ပျောက်ဆုံးနေကြောင်း ပြောသည်။ နမ့်ခမ်းမြို့နယ်ရဲတပ်ဖွဲ့ကမူ ကားအချို့ပျောက်ဆုံးနေကြောင်းသာ ဖြေကြားခဲ့ပြီး အရေအတွက်ကို အတိအကျမပြောပေ။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, June 6, 2016
"မူဆယ်-နမ့်ခမ်း လမ်းပိုင်းတွင် ခရီးသည်တင်ကားလေးအချို့ ပျောက်ဆုံးနေ "
Subscribe to:
Post Comments (Atom)
No comments:
Post a Comment