Monday, June 13, 2016

အရက်ဆိုင်တွင် စကားများရာမှ စကေဘာဖြင့် အချက်ပေါင်းများစွာ ထိုးသတ်မှုဖြစ်ပွား


Sunday, June 12, 2016

ထန်းတပင်မြို့နယ် နဲသ မိန်ကျေးရွာရှိ အရက်ဆိုင်တွင် အမျိုးသားနှစ်ဦး ရန်ဖြစ်ရာက စကေဘာဖြင့် အချက်ပေါင်းများ စွာ ထိုးသတ်သည့် လူသတ်မှုဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။

စကေဘာဖြင့် အချက်ပေါင်း များစွာ ထိုးသတ်ခံရသူ အသက် (၃၅) နှစ်အရွယ်ရှိ သိန်းဇော်လင်း ဆိုသူသည် ဇွန်လ ၁၀ ရက် ည ၈ နာရီကျော်တွင် တစ်ရွာတည်းနေ သူ အမျိုးသားနှင့် အရက်ဆိုင်၌ စကားများရန်ဖြစ်ရာ ရွာထိပ်အ ရောက်တွင် စကေဘာဖြင့် ထိုး သတ်ခံရခြင်းဖြစ်ကြောင်း ထန်း တပင်ရဲစခန်းမှ ရဲအရာရှိတစ်ဦး ကပြောကြားသည်။

‘‘တစ်ရွာတည်းနေတဲ့ သူ ငယ်ချင်း အချင်းချင်း အရက်ဆိုင် မှာ စကားများကြတယ်။ ဆိုင်ရှင် က နှစ်ယောက်စလုံးကို ဆိုင်ထဲ မှာရန်မဖြစ်ဖို့ပြောတယ်။ သူတို့ နှစ်ယောက်စလုံး အရက်ဆိုင်က ပြန်ထွက်ပြီး ရွာထိပ်အသွား ကျန် တစ်ယောက်က အသင့်ပါလာတဲ့ စကေဘာနဲ့ ထိုးသတ်တဲ့အမှုပါ’’ ဟု အဆိုပါရဲအရာရှိကပြောကြား သည်။

စကေဘာဖြင့် အချက်ပေါင်း များစွာ ထိုးသတ်သူသည် နဲသမိန် ကျေးရွာနေ အသက် (၃၁) နှစ်အ ရွယ်ရှိ ကျော်ဆန်းလင်းဖြစ်ပြီး အဆိုပါကျေးရွာထိပ်ရှိ ခေမာသီဝံ ဘုန်းကြီးကျောင်းအရောက်တွင် နောက်မှစကေဘာဖြင့် ထိုးခံရ ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောကြားသည်။

‘‘မြန်မာပြည်မှာဖြစ်တဲ့ လူ သတ်မှုတွေကို ကြည့်မယ်ဆိုရင် ရည်ရွယ်ချက်ရှိလို့ သတ်တဲ့အမှု က နည်းတယ်။ အရက်သောက် မယ်၊ စကားများရန်ဖြစ်မယ် ပြီး တော့ တုတ်၊ ဓားတွေနဲ့ သတ် မယ်။ သေတဲ့သူလည်း အကျိုး မရှိသလို သတ်တဲ့သူကလည်း ဒေါသဖြစ်နေတုန်း သတ်တဲ့အမှု တွေပိုများတယ်။ တောရွာတွေ ဘက်မှာ ရောင်းတဲ့အရက်တွေ ကလည်း ဈေးသက်သာတယ်’’ဟု အဆိုပါရဲအရာရှိကပြောသည်။

သေဆုံးခဲ့သူ အမျိုးသားသည် လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ ငါးချက်၊ ပခုံးတွင် ထိုးသွင်းဒဏ်ရာ လေးချက်၊ ရင်အုံတွင် ထိုးသွင်းဒဏ်ရာ ရှစ်ချက်၊ နဖူးနှင့် ပခုံးတို့တွင် ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး နေရာတွင် သေဆုံးကာ လူသတ်မှုကျူးလွန်သူ ကျော်ဆန်းလင်းကို ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှု ဖွင့်စစ်ဆေးနေကြောင်းသိရ သည်။

7Day


No comments: