Friday, June 17, 2016

ကချင်ပြည်နယ်မိုးညှင်းမြို့၌ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာပြုလုပ်ရန်ကြွရောက်လာကြကုန်သောဆရာတော်များအားကြမ်းတမ်းစွာပြောဆိုကိုယ်ထိလက်ရောက်ပြုလုပ်ခြင်းကြောင့် ပန္နက်တင်မင်္ဂလာမပြုလုပ်ခဲ့ရ


June 16                                      Mohnyin
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်
ကာဒူရွာ သာသနာ့ရက္ခိတ ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် ကြွရောက်လာကြကုန်သော မိုးညှင်းမြို့နယ် သံဃာနာယကဥက္ကဌဆရာတော် ဦးဓမ္မပီယနှင့် အဖွဲ့ဝင်ဆရာတော်များ မိုးညှင်းမြို့ပေါ်ရှိ ဆရာတော်သံဃာတော်များ စုစုပေါင်း အပါး ၇၀ ခန့်အား ဒီနေ့နံနက် ၇း၃၀ အချိန်တွင်
ကာဒူရွာအဝင် ကြမ်းတမ်းသောရွာသူရွာသား စုစုပေါင်း ၂၀၀ ခန့်က ဆရာတော်သံဃာတော်များအား ကြမ်းတမ်းစွာ ဆဲရေပြောဆိုခြင်းများ ဆရာတော်များမကြွရောက်နိုင်စေရန်
တွန်းထိုးသင်္ကန်စွဲချွတ်ခြင်းများပြုလုပ်ခဲ့ခြင်းကြောင့် မိုးညှင်းမြို့သို့ပြန်လည်လှည့်ပြန်ခဲ့ရပါသည်။
ကာဒူရွာမှ ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းလိုသော ဒါကာဒကာမများက ဒီနေ့ နံနက်၈း၀၀ နာရီအချိန်တွင် ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းရန်အတွက့်ပင့်သံဃာ အပါး၇၀ ကို ပင့်ပြီး ပန္နက်တင်မင်္ဂလာကျင်းပနိုင်ရန်နှင့် လှူဖွယ်ဝတ္ထုများကို လှူဒါန်းနိုင်ရန်ဆရာတော်သံဃာတော်များကိုပင့်ဖိတ်ထားခြင်းဖြစ်ပါသည်။မိုးညှင်းမှ သံဃာမဟာနာယက အဖွဲ့ဝင်ဆရာတော်များ မိုးညှင်းပညာရောင်ခြည်စာသင်တိုက်မှ ကျောင်းထိုင်နာယကဆရာတော်ဘုရားကြီးနှင့်စာချဆရာတော်များ မိုးညှင်းအရှေ့ကျောင်းပရိယတ္တိစာသင်တိုက် ကျောင်းထိုင်နာယကဆရာတော်ဘုရားနှင့် စာချဆရာတော်များ  ထီးလင်းကျောင်းတိုက်ဆရာတော်နှင့် ဥတ္တရာရာမတိုက်ကျောင်းဆရာတော် မြို့ပေါ်မှကျောင်းထိုင်ဆရာတော်များဦးစီး၍ ဒါယိကာ ဒါယာကမများ၏ ပင့်ဖိတ်မူအရ အေးဆေးတည်ငြိမ်အေးချမ်းစွာ ကြွရောက်လာသည်ကို
ကျောင်းဆောက်လုပ်လှူဒါန်းမူကိုလက်မခံနိုင်သောတစ်ဖက်ရွာသူရွာသားများက ရိုင်းပြစွာ အော်ဟစ်ဆဲဆို မောင်းထုတ်ခဲ့ကြပါသည်။
ထိုသို့မောင်းထုတ်ရုံတင်မက အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော်ဘုရားနှင့် အောင်သပြေ ( ၃)ကျောင်းဆရာတော်များကို သင်္ကန်းစွဲပြီးတွန်းထုတ်တဲ့အထိ မကျေနပ်သောရွာသူရွာသားများက ရိုင်းဆိုင်းစွာ တုံ့ပြန်ခဲ့ကြပါသည်။ ဦးဇင်းလေးတစ်ပါဆိုရင်ဖြင့် ခေါင်းကို လက်ဖြင့်အရိုက်ခံရသည့်အထိကိုဖြစ်သွားခဲ့ပါသည်။
ထို သာသနာ့ရက္ခိတကျောင်းသစ်ကိုဖြစ်မြောက်စေချင်သောကာဒူရွာ ဒကာဒကာမများ၏ ဆန္ဒလေးများကို မိုးညှင်းမြို့နယ် သံဃာမဟာနာယက ဆရာတော်များက နိုင်ငံတော်သံဃာမဟာနာယက ဆရာတော်ဘုရားများ၏သြဝါဒ လမ်းညွှန်မူတို့ဖြင့် သံဃာလုပ်ထုံးလုပ်နည်းအရ လုပ်ဆောင်နိုင်ရန် ကြွရောက်ကြခြင်းဖြစ်ပါသည်။
သက်ဆိုင်ရာ သံဃာမဟာနယက နှင့် မြို့နယ် အာဏာပိုင်များနှင့် တစ်ဖက် ဦးဆောင်ကာဒူရွာဒကာဒကာမများ
အကြိမ်ကြိမ်တွေ့ဆုံခဲ့ပေမယ့် ထေရ်ကြီးဝါကြီးဆရာတော်သံဃာတော်များ၏ စကားကို နားမထောင်ပဲ မိမိတို့ အတ္တစိတ်ကို ရှေ့တန်းတင် ကန့်ကွက်ကြခြင်းဖြစ်ကြောင်းလည်းသိရှိရပါသည်။
ပထမအကြိမ် လွန်ခဲ့သော  ၂၀၁၅ ခုနှစ် မေလ အတွင်းက ပန္နက်ချမင်္ဂလာသွားရောက်ပြုလုပ်နေသည်ကိုလည်း ကျောင်းမဆောက်စေချင်သော လူတစ်စုက သာသနာ့အလံများထောင်ပြီး ကျောင်းဝင်းအထိလာကာ
မဆောက်လုပ်နိုင်စေရန် ကန့်ကွက်ခဲ့ကြဘူးပါသည်။
ထိုသို့ကန့်ကွက်သူများကလည်း ဆရာတော်သံဃာတော်များကိုဆဲဆိုသည့်အထိ ကျောင်းဆောင်ကို ခဲနှင့်ပေါက်ခြင်းများပြုလုပ်ခဲ့ဘူးကြောင်း
ထို့နောက် ၂၀၁၅  (6) လပိုင်းအတွင်းမှာလည်း လက်ရှိကျောင်းဝင်းထဲတွင် ဝါးကျောင်း၊သစ်ကျောင်းများတည်ဆောက်ထားမူကိုလည်း
ကိုထိလက်ရောက် လာရောက်ဖျက်စီးခဲ့ခြင်းကြောင့်
လက်ရှိသာသနာ့ရက္ခိတကျောင်းမှာနေသည့်ဆရာတော်မှာလည်း မိုးညှင်းအထိ ပြန်ပြေးခဲ့ရဘူးပါသည်။
အဆိုပါ ကာဒူရွာ သာသနာ့ရက္ခိတကျောင်းဆောင်မှာ
နိုင်ငံတော်သံဃာမဟာနာယက ( ဗဟိုမှ)
အသိအမှတ်ပြုလက်ခံထားသောကျောင်းဖြစ်ပါသည်။
ဒီနေ့ ကာဒူရွာကျောင်းသစ်ဒကာ ဒါယိကာများက မိမိတို့ဒါနအားဖြင့် ဆွမ်းခဲဘွယ် များကိုလည်း မိမိတို့လိုလားသော ကာဒူရွာသာသနာ့ ရက္ခိတကျောင်းမှာ ကပ်ချင်သော်လည်း ဘာသာတရားအဆုံမ ထေရ်ကြီးဝါကြီးဆရာတော် သံဃာတော်များ၏ အဆုံးအမကိုလက်မခံသောမလိုလားသောလူတစ်စုက  သံဃာတော်များအား အကြမ်းဖက်မောင်းထုပ်ခဲ့မူကြောင့်
မိုးညှင်း နတ်ကြီးကုန်းကျောင်းမှာ ဆရာတော်များကို ဆွမ်းများခက်ခဲစွာသယ်ဆောင်လာပြီး
လာရောက်သဒ္ဓါပေါက်ကပ်လှူခဲ့ကြောင်းသိရပါသည်။
လူမူကွန်ရက်တစ်ခုဖြစ်သော Ko ko နာမည်ဖြင့် facebook စာမျက်နာတွင်
မိုးညှင်း က ဆရာတော်သံဃာတော်များကို သံဃာတု ဘုန်းကြီးတုဟူ၍ ၎င်း က မိုက်ရိုင်းစွာ အများပြည်သူများဆရာတော်သံဃာတော်များကို
အထင်မှားစော်ကားမိစေရန် မိုးညှင်းပုံရိပ် အတွင်း ဝင်ရောက်ရေးသားထားပါသည်။
ဇင်မင်းထွန်း ( မိုးညှင်း ထီးလင်း )
ပုံလေးတွေတစ်ပုံချင်းနိပ်ကြည့်ပါ ဘယ်လောက်အထိဖြစ်ပျက်ခဲ့လည်းသိနိုင်ပါတယ်

No comments: