Tuesday, June 7, 2016

ရာပြည့်(ခေါ်) မျိုးသူဝင်းအား (၁၃. ၆.၂၀၁၆) မှာထပ်မံရုံးချိန်းပါသည်။

ရာပြည့်(ခေါ်) မျိုးသူဝင်းအား (၁၃. ၆.၂၀၁၆) မှာထပ်မံရုံးချိန်းပါသည်။
××××××
လက်မှတ်တစ်ခုမရသေးတာကြောင့် စောင့်နေရင်း ရာပြည့်(ယခုအချုပ်သား)မှ လူ့အခွင့်အရေးဆိုသည်ကို တွင်တွင်ပြောပါတော့သည်။
အမှုနှင့်သက်ဆိုင်သူသာနေရန် မှော်ဘီမြို့နယ်မှူးမှ ပြောစဉ် ၊ တရားခွင်တွင်စောင့်နေသော ကျမအား လက်ညှိုးညွှန်ကာ ဥပဒေဆိုတာဘာလဲ ဝိုင်းအော်ကြပါသည်။ ကျမအတွက် အမှန်တရားကိုစောင့်ရှောက်တဲ့ဥပဒေသာလျှင် အဓိကဖြစ်သည့်အတွက် တရားရုံးတွင်းနေရသည်ဖြစ်စေ မနေရသည်ဖြစ်စေ သိပ်တော့အရေးမကြီးပါ။
မည်သို့တစ်ဖက်သူများမင်းမဲ့စရိုက်ဆန်ပါစေ၊ ကျမမြို့နယ်မှာ ကျမတို့ အမျိုးသားရေးသမားများကြောင့် မြို့သိက္ခာ၊ မြို့နယ်လူကြီးများသိက္ခာ မကျစေရပါ။ ဒါကြောင့် ကျမ တရားလိုကိုယ်တိုင် အပြင်ထွက်ပေးပါသည်။
×××××××
ကျမမြို့နယ် ၊ ကျမတို့တရားရေး အမှန်အတိုင်းရှိစေရမည်။
ကျမတို့အဖွဲ့နှစ်ဖက်လုံး မနက်မှ ညနေထိပင်ပန်းကြသည်။ တစ်ဖက်က ဓါတ်ပုံရိုက် တစ်ဖက်မှ အိုက်တင်ခံခြင်းများ ရပ်သွားကြသည်။ အားလုံး နီးစပ်ရာနေရာလေးတွေမှာ ငုတ်တုတ်လေးများဖြစ်သွားကြပြီ၊ သံဝေဂရပါသည်။
ညနေ မြို့နယ်မှူး ရောက်လာသည်။ တရားခွင်တွင်အမှုဖွင့်ဖို့ တရားသူကြီး ၊ အမှုလိုက်လူကြီး ကျမတရားလိုတို့စောင့်နေကြပြီ၊
ထိုအချိန်မှာ "ကျွန်တော်တို့သပိတ်မှောက်မယ်၊ တရားဥပဒေက ကျွန်တော့်ကိုအနိုင်ယူသွားပြီ၊ လူ့အခွင့်အရေးဆုံးရှုံးပြီ" အစရှိသည့် စကားများအော်ဟစ်ပြောဆိုနေတော့သည်။
အထက်တွင်ဖော်ပြပြီးသည့်အတိုင်း ကျမတို့ အပြင်ထွက်လိုက်ကြပြီ။
ထို့နောက် ရာပြည့်အား ရဲကားဖြင့်ပင် ခေါ်ဆောင်သွားတော့သည်။
ထို့နောက် (၁၃.၆.၂၀၁၆) နေ့ပြန်ချိန်းလိုက်သဘ်။ တရားရုံးက ယမန်ခုနှစ်ရက်ထပ်ယူခြင်းဖြင့် အဆုံးသတ်လိုက်သည်။
ကျမတစ်ခုပဲပြောချင်ပါတယ်။ ရာပြည့်ဘက်ကရော ကျမတို့အမျိုးသားရေးသမားတွေအားလုံးပါ မြန်မာများဖြစ်သည်။ အမှုဆိုသည်က မသမာခြင်းမှစသည်။ နားလည်လွယ်ကြပါ။ အချိန်တွေမဖြုန်းကြနဲ့။
ကိုယ့်အပြုအမူက သူတစ်ပါးမှတ်တမ်းတင်သွားတဲ့အထိ မရိုင်းပါနဲ့။
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာပါ။
အမှန်တရားကိုလာဝန်းရံသော အမျိုးသားရေးသမားများအားလုံးလေးစားပါတယ်။ ကျေးဇူးတင်ပါတယ်။
‪#‎အားလုံးမြန်မာပါ‬
-----
သီရိနေလင်း

No comments: