#Also In News
ကျောင်းသားကို ဆံပင်ညှပ်ပြီး ဒဏ်ပေးတဲ့ ဆရာမကို မိဘတွေက လက်စားချေ ဆံပင်ပြန်ညှပ်
---------------------------------------------
အင်ဒိုနီးရှားနိုင်ငံက အချိန်ပိုင်းဆရာမတစ်ယောက်ဟာ မိဘနှစ်ပါးရဲ့ ကပ်ကြေးကိုင် အကြွေးဆပ်မှုကို ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က မျက်ဝါးထင်ထင် ကြုံလိုက်ရပါတယ်။ သူတို့ကလေးကို ဆံပင်ညှပ်ပစ်လို့ဆိုပြီး ဆရာမကို လာပြီး ဆံပင်ပြန်ညှပ်သွားကြတာ ဖြစ်ပါတယ်။ အနောက်ပိုင်း ကာလီမန်တန်ပြည်နယ် ရာဒက်ဘာရူရွာက အသက် ၃၉ နှစ်အရွယ် ဆရာမဂျာမီလာလို့ အမည်ရတဲ့ ဆရာမဟာ ကျောင်းသားတစ်ဦးကို အပြစ်ပေးတဲ့ အနေနဲ့ ဆံပင်ကိုညှပ်ခဲ့ပါတယ်။ မိဘနှစ်ပါးက ညနေပိုင်း ဆရာမဆီကို ကတ်ကြေးနဲ့တကွ လိုက်လာခဲ့ပါတယ်။ ဆူပါနို ဆိုသူက ဆရာမရဲ့ ဆံပင်ကိုဆွဲခဲ့ပြီး အီကိုဆူနာကို ဆိုသူ မိခင်က ဆံပင်ကို ညှပ်ပစ်ခဲ့တာဖြစ်ပါတယ်။ ကလေးရဲ့ ဆံပင်ကို ညှပ်ပစ်ခဲ့တဲ့ ဆရာမကို မိဘနှစ်ပါးက ဒေါသူပုန်ထပြီး လာရောက်လက်စားချေကြတာပါ။
အင်ဒိုနီးရှားမှာ တချို့ဒေသက ဆရာဆရာမတွေဟာ စည်းကမ်းမလိုက်နာတဲ့ ကျောင်းသူကျောင်းသားတွေကို အင်မတန်ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပေးတတ်ကြပါတယ်။ အင်ဒိုနီးရှား ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေက ကျောင်းမှာ အကြမ်းဖက် မခံရအောင် အကာအကွယ်ပေးထားသော်ငြား ဒီလို ရိုက်နှက်ဆုံးမတာတွေကိုတော့ အရေးယူခြင်း မရှိသေးပါဘူး။ ညှပ်ခံထားရတဲ့ ဆရာမရဲ့ဆံပင်နဲ့ကတ်ကြေးကို သက်သေအဖြစ် ရဲကသိမ်းကာ ကျောင်းသားမိဘတွေကို ဖမ်းထားပေမယ့် ဘယ်လို အရေးယူမယ်ဆိုတာ မသိရသေးပါဘူး။
Ref : UPI
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, June 6, 2016
ကျောင်းသားကို ဆံပင်ညှပ်ပြီး ဒဏ်ပေးတဲ့ ဆရာမကို မိဘတွေက လက်စားချေ ဆံပင်ပြန်ညှပ် ---------------------------------------------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment