ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် သမ္မတဟောင်းဦးသိန်းစိန်
ဂုဏ် ထူးဆောင်နာယကအဖြစ် ဆောင် ရွက်၍ ဝန်ကြီးဟောင်းအချို့ ပါဝင်သည့်
ဦးသိန်းစိန်စင်တာကို ဖောင်ဒေးရှင်းလေးခုဖြင့် ဖွဲ့စည်း ရန် စီစဉ်နေကြောင်း
သတင်းရရှိ သည်။
ဦးသိန်းစိန် စင်တာကို ဦးသိန်းစိန်အင်စတီကျု့ဒ် ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်း၊ မြန်မာ နိုင်ငံ ပညာရေးဖောင်ဒေးရှင်း၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဖောင် ဒေးရှင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း စသည့် ဖောင်ဒေးရှင်းလေးခုနှင့် သီးခြားလုပ်ငန်း စီမံချက်များဟူ၍ အပိုင်းသုံးပိုင်းဖြင့် ဖွဲ့စည်းမည် ဖြစ်ကြောင်း သမ္မတဟောင်းနှင့် နီးစပ်သူများထံမှ သတင်းရရှိ သည်။
‘‘ပြီးခဲ့တဲ့ မတ်လထဲမှာ အသင်းအဖွဲ့မှတ်ပုံတင်ဖို့ လုပ်နေ တယ်လို့တော့ သိထားပါတယ်’’ ဟု ယင်း အသိုင်းအဝိုင်းနှင့် နီး စပ်သူတစ်ဦးက ပြောသည်။
ဦးသိန်းစိန် စင်တာ လက် အောက်ဖောင်ဒေးရှင်းလေးခု၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌများအဖြစ် ယခင် ပြည်ထောင်စုဝန်ကြီးဟောင်းများ ဖြစ်သည့် ဒေါက်တာခင်စန်းရီ၊ ဒေါ်စန္ဒာခင်၊ ဒေါက်တာမြတ်မြတ် အုန်းခင်တို့ ပါဝင်သည်။ မူဝါဒချ မှတ်ရေး ဘုတ်အဖွဲ့တွင် ဝန်ကြီး ဟောင်းများဖြစ်သည့် ဦးဝဏ္ဏ မောင်လွင်၊ ဦးခင်မောင်စိုး၊ ဦးဝင်းမြင့်နှင့် သမ္မတဟောင်း၏ အကြံပေး ပုဂ္ဂိုလ်များဖြစ်သည့် ဒေါက်တာ နေဇင်လတ်၊ ဦးကို ကိုလှိုင်တို့အပါအဝင် ပုဂ္ဂိုလ် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သမ္မတဟောင်းနှင့် နီးစပ်သူများ ထံမှ သတင်းရရှိသည်။သမ္မတဟောင်း၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်က သမ္မတဦးသိန်းစိန်ဖောင်ဒေးရှင်းထူထောင်မည်ဟု ကြားသိရသော်လည်း တရားဝင်အကြောင်းကြား ကမ်းလှမ်းခြင်းမျိုး မရှိသေးကြောင်း ပြောသည်။
‘‘နိုင်ငံတကာမှာတော့ သမ္မတတွေက သူတို့သက်တမ်း ပြီးသွားရင်တော့ ဖောင်ဒေးရှင်း တွေဘာတွေ ထောင်တတ်ပါ တယ်။ အသံတော့ ကြားတာပေါ့ လေ။ အဲဒီလိုဘယ်သူတွေ၊ ဘယ် သူတွေ ပါမယ်ဆိုတာ၊ တရားဝင် တော့ ဘာမှ မလာသေးပါဘူး’’ ဟု ဒေါက်တာနေဇင်လတ်က ဆိုသည်။
ထို့အပြင် စင်တာ၏ ဘဏ္ဍာ ငွေကို ပြည်တွင်းပြည်ပမှ အနှောင်အဖွဲ့မပါသည့် ထောက်ပံ့ ပံ့ပိုးငွေ လက်ခံခြင်းအပြင် လူမှုစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်၍ ရှာဖွေမည်ဖြစ်ကြောင်း နေပြည်တော် အသိုင်းအဝိုင်းမှ သတင်းရရှိ သည်။
ဦးသိန်းစိန်စင်တာအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် နိုင်ငံရေးကင်းရှင်း၍ သီးခြားလွတ်လပ်သည့် အစိုးရ မဟုတ်သည့်အဖွဲ့အစည်း တစ်ခု အနေဖြင့် ဆောင်ရွက်မည်ဖြစ် ကြောင်း သမ္မတဟောင်းနှင့်နီးစပ် သူတစ်ဦးက ဆိုသည်။
သမ္မတဟောင်း ဦးသိန်းစိန် သည် ၂၀၁၁ မတ်လ ၃၀ ရက်မှ စ၍ ငါးနှစ်ကြာ သမ္မတတာဝန်ကို ဆောင်ရွက်ခဲ့သည်။

No comments:
Post a Comment