Wednesday, April 20, 2016

လာမည့်ဆောင်းရာသီတွင် အအေးဓာတ်လွန်ကဲသည့် လာနီညာရာသီဥတုဖြစ်နိုင်ခြေရှိဟု ဒေါက်တာထွန်းလွင်ပြော

လက်ရှိတွင် အင်အားအကောင်းဆုံးအယ်လ်နီညို ရာသီဥတုနှင့် ကြုံတွေ့နေရသော် လည်း လာမည့်ဆောင်းရာသီမှစ ၍ အအေးဓာတ်အလွန်မြင့်သည့် လာနီညာရာသီဥတုဖြစ်လာနိုင် ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကဆိုသည်။
အယ်လ်နီညိုနှင့်လာနီညာ အစွန်းရောက်ရာသီများမှာ တစ်ခု ဖြစ်ပေါ်ပြီးလျှင် နောက်တစ်ခု ထပ်မံဖြစ်ပေါ်တတ်ပြီး ယခုနှစ် ဆောင်းရာသီ ဒီဇင်ဘာလခန့်မှစ ၍ လာနီညာဖြစ်နိုင်ခြေမှာ ၇၂ရာ ခိုင်နှုန်းအထိရှိလာကြောင်း ၎င်း ကဆိုသည်။
‘‘လက်ရှိတွက်ချက်များအရ တော့ ၂၀၁၆မှာ လာနီညာနှစ်ဖြစ် လာဖို့အလားအလာဟာ မေ၊ ဇွန်၊ ဇူလိုင် သုံးလပေါင်းအပေါ်အခြေခံ တွက်ချက်မှုအရ လာနီညာဖြစ် နိုင်ရန် ၂၀ရာခိုင်နှုန်းရှိနေရာက ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာသုံး လပေါင်းအပေါ်အခြေခံတွက် ချက်လိုက်တော့ လာနီညာဖြစ်ဖို့ ၄၆ရာခိုင်နှုန်းရှိလာတာကိုတွေ့ရ ပါတယ်’’ဟု ဒေါက်တာထွန်းလွင် ကပြောသည်။
လာနီညာဖြစ်လျှင် မိုးများ နိုင်ခြင်းနှင့် မုန်တိုင်းပိုအဖြစ်များ နိုင်ခြင်းတို့ကြောင့် ရေနှင့်ပတ် သက်သည့် သဘာဝဘေးများကို ဂရုစိုက်ရန်လိုကြောင်း ဒေါက်တာ ထွန်းလွင်က သတိပေးသည်။
လာနီညာရာသီဥတုဖြစ်လာ ခဲ့လျှင် ၂၀၁၆ ဒီဇင်ဘာမှစတင်၍ ၂၀၁၇ဖေဖော်ဝါရီအထိ ဆောင်း ရာသီတွင် အအေး ပိုလာနိုင် ကြောင်း ၎င်းကဆိုသည်။ အား ကောင်းသည့် လာနီညာဆိုလျှင် ၂၀၁၇နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီနှင့် မေလများ၌ပါ အပူလျော့နည်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ဆိုသည်။
လက်ရှိတွင် အယ်လ်နီညိုကြောင့် ယခုနှစ်နွေရာသီအတွင်း အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့သည့် မြို့ပေါင်း ကိုးမြို့အထိရှိ နေပြီဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနစာရင်းများအရ သိရသည်။
ချောက်၊ စစ်ကိုင်း၊ တောင် တွင်းကြီး၊ ရမည်းသင်း၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ဟဲဟိုး၊ မိုးကုတ် နှင့် ထားဝယ်မြို့များတွင် အမြင့် ဆုံးအပူချိန်စံချိန်သစ်များ တင်ခဲ့ခြင်းဖြစ်သည်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများမှာလည်း တစ်ပြည်လုံးတွင် လွန်ကဲသောအဆင့်၌ရှိနေကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။
ဧပြီ ၁၉ရက်တွင် မိုးဇလဌာ နက ထူးခြားနေ့အပူချိန်ထုတ်ပြန် ချက်အရ ဘော်လခဲမြို့တွင် ၄၅ ဒီ ဂရီစင်တီဂရိတ်၊ ချောက်၊ မင်း ဘူး၊ မကွေးနှင့်အောင်လံမြို့တို့တွင် ၄၄ ဒီ ဂရီစင်တီဂရိတ်၊ ရမည်းသင်းနှင့် တောင်တွင်းကြီးမြို့တို့တွင်  ၄၃ဒီဂရီစင်တီဂရိတ်တို့ရှိနေသည်။

No comments: