Wednesday, April 20, 2016

AA အဖွဲ့က ရွာသားအသွင်ယူ၍ ချုံခိုတိုက်ခိုက်မှုကြောင့် တပ်မတော်အရာရှိအချို့ ကျဆုံးခဲ့ဟု ထုတ်ပြန်

AA အဖွဲ့က ရွာသားများ အသွင်ယူ၍ ချုံခိုတိုက်ခိုက်ခဲ့သ ဖြင့် တပ်မတော်မှ ယာယီတပ်ရင်း မှူးတစ်ဦးအပါအ၀င် အရာရှိစစ် သည်အချို့ ကျဆုံးခဲ့ကြောင်း ကာ ကွယ်ရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။
၂၀၁၆ ဧပြီ ပထမပတ်အ တွင်း AA အဖွဲ့မှ အင်အားတစ်ရာ ခန့်သည် ကျောက်တော်မြို့နယ် လောရမတောင် နယ်မြေတစ်ဝိုက် သို့ စိမ့်ဝင်လှုပ်ရှားလာကြောင်း သတင်းရရှိသဖြင့် တပ်မတော်စစ် ကြောင်းများက နယ်မြေရှင်းလင်း မှုများပြုလုပ်ခဲ့သည်။ ဧပြီ ၁၆ရက် တွင် AA အဖွဲ့နှစ်ဖွဲ့နှင့်တိုက်ပွဲနှစ် ကြိမ်ဖြစ်ပွားခဲ့ပြီး AA ကအဖွဲ့ငယ် များအဖြစ် ပြန့်ကွဲဆုတ်ခွာသွား ကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။
တိုက်ပွဲဖြစ်စဉ်များအတွင်း AA အဖွဲ့၏ ယာယီအခြေစိုက်နေ ရာများကို သိမ်းပိုက်ရရှိခဲ့ကာ AA အဖွဲ့တစ်ဖွဲ့က ရွာသားများအသွင် ယူပြီး ချုံခိုတိုက်ခိုက်ခဲ့သဖြင့် တပ် မတော်မှ ယာယီတပ်ရင်းမှူးတစ် ဦးအပါအ၀င် အရာရှိစစ်သည်အ ချို့ ကျဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု များရှိခဲ့ကြောင်း ကာကွယ်ရေးဝန် ကြီးဌာန ထုတ်ပြန်ချက်တွင် ပါရှိ သည်။AA အဖွဲ့သည် အစိုးရအဖွဲ့ အပြောင်းအလဲကာလနှင့်သင်္ကြန် ကာလတွင် အလစ်အငိုက်ရယူဝင် ရောက်လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး တပ် မတော်အနေဖြင့် နယ်မြေရှင်း လင်းမှုများ ဆက်လက်ပြုလုပ်နေ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာ နက သတင်းထုတ်ပြန်သည်။
မြန်မာ့တပ်မတော်နှင့်ရက္ခိုင့် တပ်မတော် (AA) တို့သည် ယမန် နှစ်ဧပြီလဆန်းတွင်ရခိုင်ပြည်နယ် အတွင်း ထိတွေ့တိုက်ပွဲများစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
LINE it!

No comments: