အညိုရောင်ပြထားသော မြန်မာအပါအ၀င်နိုင်ငံများမှာ အယ်လ်နီညိုရာသီဥတုသက်ရောက်မှု ခံစားနေရသော နိုင်ငံများဖြစ်သည်။
မကွေးတိုင်းဒေသကြီး ချောက်၊ မင်းဘူး၊ မကွေးနှင့် အောင်လံမြို့တို့တွင် ဧပြီ ၁၉ရက် က နေ့အပူချိန် ၄၄ ဒီဂရီစင်တီဂ ရိတ်အထိ ရှိခဲ့ပြီး အပူဒဏ်ကို ဧပြီ လကုန်ခန့်အထိ သတိပြုနေထိုင် ရန် ဒေါက်တာထွန်းလွင်က တိုက် တွန်းထားသည်။
‘‘ဒေသတွင်း အာရှနိုင်ငံဖြစ် တဲ့ ဗီယက်နမ်မှာလည်း မိုးခေါင် တဲ့အထိ ဖြစ်နေတယ်။ ဒီမှာလည်း အပူချိန်က ဆက်မြင့်နေနိုင်တယ်။ အထူးသဖြင့် မကွေးတိုင်းဒေသ ကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ပိုပူနိုင်တယ်’’ဟု အပူချိန်မြင့် တက်နေသည့် အကြောင်းအရင်း မှာ အယ်လ်နီညိုကြောင့်ပင်ဖြစ် ကြောင်း ၎င်းကရှင်းပြသည်။
မိုးလေ၀သနှင့်ဇလဗေဒ ဦး စီးဌာနက ဧပြီ ၁၉ ရက် သတင်း ထုတ်ပြန်မှုတွင် နေပြည်တော်နှင့် ရန်ကုန်မြို့၌ အပူချိန် ၄၀ ဒီဂရီစင် တီဂရိတ်နှင့် မန္တလေးမြို့တွင် ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ ကြောင်း သတင်းထုတ်ပြန်သည်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်းဒေသ များတွင် ယခုရက်ပိုင်းအတွင်း နေရာကွက် မိုးရွာသွန်းမှုကြောင့် နေ့အပူချိန် အနည်းငယ်လျော့ကျ နေကြောင်း မိုးလေ၀သနှင့် ဇလ ဗေဒဦးစီးဌာနမှ သတင်းရရှိသည်
No comments:
Post a Comment