ဂျီနီဗာ ဇန်နဝါရီ ၇
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်များသည် အရေးပေါ်အစည်းအဝေးတစ်ရပ်
ခေါ်ယူကျင်းပခဲ့ပြီး မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုကို ရှုတ်ချ သည့်
သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ ကြောင်း
အင်န်အိတ်ခ်ျကေသတင်းတွင် ဇန်နဝါရီ ၇ ရက် က ဖော်ပြခဲ့သည်။
ဥရုဂွေးနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး အယ်ဘီယိုဂို့စ်ဆယ်လီက သတင်းထုတ်ပြန်ချက်ကို သတင်းထောက်များရှေ့တွင် ဖတ်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ် မှုသည် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို သိသာ ထင်ရှားစွာ ချိုးဖောက်ကျူးလွန်ရာရောက်ကြောင်း၊ နျူ ကလီးယားမပြန့်ပွားရေးစနစ်ကို ခြိမ်းခြောက်ရာရောက် ကြောင်း ယင်းကပြောကြားခဲ့သည်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် နောက်ထပ် အရေးယူဆောင်ရွက်မှုများလုပ်ရန် ဆုံးဖြတ်ချက် အသစ် တစ်ခုကို လျင်မြန်စွာ စတင်အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း၊ ထို့အပြင် လုံခြုံရေးကောင်စီက မြောက် ကိုရီးယား၏ ယခင် နျူကလီးယားစမ်းသပ်မှုများကိုလည်း တုန့်ပြန်မှုများပြုလုပ်သွားရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ ကြောင်း၊ ကြေညာချက်များလည်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

(အင်န်အိတ်ခ်ျကေ)
No comments:
Post a Comment