ပေကျင်း ဇန်နဝါရီ ၇
အငြင်းပွားဒေသရှိ လေယာဉ်ပြေးလမ်းတစ်ခုပေါ်သို့ လေယာဉ်ဆင်းသက်မှုနှင့်အတူ
ဗီယက်နမ်ကို ဒေါသ ထွက်စေပြီး လေးရက်အကြာ တရုတ်နိုင်ငံက
တောင်တရုတ်ပင်လယ်အတွင်း တည်ဆောက်ထားသော ကျွန်းပေါ် တွင် ဗုဒ္ဓဟူးနေ့က
လေယာဉ်စမ်းသပ်ဆင်းသက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက
ပြော သည်။
အဆိုပါ လေယာဉ်နှစ်ကြိမ်စမ်းသပ်ဆင်းသက်မှုသည် သီတင်းပတ်ကုန်ပိုင်းက သံတမန်ကန့်ကွက်ဆန္ဒပြမှု ပြုလုပ် ခဲ့သော ဗီယက်နမ်ကို ပိုမိုဒေါသထွက်စေခဲ့သည်။ ဖိလစ်ပိုင်ကလည်း အလားတူ သံတမန်ကန့်ကွက်ဆန္ဒပြမှု ပြုလုပ် သွားရန် စီစဉ်လျက်ရှိသည်ဟု ဆိုသည်။ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါး ပိုင်ဆိုင်ကြောင်း ပြောဆိုလျက်ရှိသည့် တရုတ်နိုင်ငံနှင့် ရေပိုင်နယ်နိမိတ်များ ထိစပ်လျက်ရှိသည်ဟု ဆိုသည်။ တရုတ် လေယာဉ်နှစ်စင်းသည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက လူလုပ်ကျွန်းတုပေါ်သို့ ဆင်းသက်ခဲ့ကြောင်း ဆင်ဟွာက ပြော သည်။
အဆိုပါ လေယာဉ်နှစ်စင်းအောင်မြင်စွာ ဆင်းသက်နိုင်မှုသည် ၄င်းလေဆိပ်က ကြီးမားသော အရပ်ဘက် လေကြောင်းဘေးကင်းမှုကို အာမခံပေးနိုင်လိမ့်မည်ဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေး၊ ဆေးဘက်အကူအညီများ ပေးရေးတို့အတွက် အထောက်အကူပြုနိုင်လိမ့်မည်ဖြစ်ကြောင်း ဆင်ဟွာက ထပ်လောင်းဖော်ပြသည်။

(ရိုက်တာ)
No comments:
Post a Comment