ကြေးစားလက်ဝှေ့ကစားသမားတစ်ဦးဘဝမှ နာမည်ကျော် ဟောလိဝုဒ်ကြယ်ပွင့်တစ်ဦး
ဖြစ်လာခဲ့သော မင်းသားကြီး ဆိုဗက်စတာ ဂါးဒန်ဇီယို စတားလုံးက ''Rocky IV''
ရုပ်ရှင် ရိုက်ကူးခဲ့စဉ်က အတူတွဲဖက်သရုပ်ဆောင်ခဲ့သော မင်းသား
ဒေါ့ဖ်လန်းဂရမ်ကြောင့် ဆေးရုံ လေးရက်ခန့် တက်ရောက်ခဲ့ရဖူးကြောင်း Tonight
Show ရုပ်သံအစီအစဉ်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
အသက် (၆၉)နှစ်အရွယ် ကလေးငါးဦး၏ဖခင် မင်းသားကြီးစတားလုံးက ၁၉၈၅ ခုနှစ်က
ရိုက်ကူးခဲ့သော အဆိုပါရုပ်ရှင်၏ ရိုက်ကူးရေး တစ်ခုတွင်
မင်းသားဒေါ့ဖ်လန်းဂရမ်ထိုးကြိတ်ခဲ့သော ဒဏ်ရာကြောင့် ဆေးရုံသို့
လေးရက်ခွဲခန့် တက်ရောက်ခဲ့ရကြောင်း သူ၏ရိုက်ကွင်းနှင့်
ပတ်သက်သည့်အမှတ်တရကို ပြန်ပြောင်း ပြောဆိုခဲ့သည်။ ဒေါ့ဖ်လန်းဂရမ်က
စတားလုံး၏ ရင်ဘက်ကို ပြင်းပြင်းထန်ထန် ထိုးကြိတ်ခဲ့ပြီးနောက်
ယင်းဒဏ်ရာကြောင့် ဆေးရုံတက်ခဲ့ ရခြင်းဖြစ်သည်။
စတားလုံးသည် ဟောလိဝုဒ် ရုပ်ရှင်လောက သို့ ၁၉၇ဝ တွင် ''The Party at Kitty
and Stud's'' ရုပ်ရှင်ဖြင့် စတင်ဝင်ရောက်ခဲ့ပြီး သရုပ်ဆောင်တစ်ဦးအဖြစ်
အနုပညာလမ်း ကြောင်းပေါ် မလျှောက်လှမ်းမီက ကြေးစားလက်ဝှေ့ကစားသမား
ရော်ကီဘောလ်ဘိုအာအဖြစ် နာမည်ကျော်ခဲ့သူတစ်ဦး ဖြစ်သည်။ သူသည်
''Rambo''ရုပ်ရှင်များတွင် ပါဝင် သရုပ်ဆောင်ခဲ့သော အဓိကဇာတ်ဆောင်
ဂျွန်ရမ်ဘိုအဖြစ်လည်း လူသိများပြီး လတ်တလောတွင် ဟောလိဝုဒ်၏ အနုပညာလောက၌
သရုပ်ဆောင်၊ ဇာတ်ညွှန်းဆရာ၊ ထုတ်လုပ်သူနှင့် ဒါရိုက်တာတစ်ဦးအဖြစ်
ရပ်တည်လှုပ်ရှားလျက် ရှိသည်။
(ခင်ခင်သက်)
No comments:
Post a Comment