ကွာလာလမ်ပူ ဇန်နဝါရီ ၇
ဘော်နီယိုမြောက်ပိုင်း မလေးရှားနိုင်ငံ ဆာဘာ့ပြည်နယ်တွင် ကူးတို့ သင်္ဘောနစ်မြုပ်ပြီးနောက် ခရီးသည် ၁၅၈ ဦးလုံးကို ဘေးမသီရန်မခ ကယ်တင်နိုင်ခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၇ ရက်က ထုတ်ပြန် ကြေညာသည်။
ခရီးသည် ၁၅၈ ဦး တင်ဆောင်လာသောယင်းကူးတို့သဘောင်္သည် ဖိလစ်ပိုင်နိုင်ငံတောင်ဘက် တာဝီ-တာဝီဒေသမှ မလေးရှားနိုင်ငံ ဆမ်ပေါ်နာ ဒေသသို့ ထွက်ခွာသွားစဉ် ကမ်းခြေမရောက်မီ သမ္ဗန်တစ်စင်းနှင့် တိုက်မိပြီး နစ်မြုပ်သွားခဲ့ကြောင်း ဒေသတွင်း မီးသတ်နှင့်ကယ်ဆယ်ရေးဌာနမှ တာဝန်ရှိ သူများက ပြောကြားသည်။
ကူးတို့ရေယာဉ်ပေါ်ပါခရီးသည်အားလုံးကို ကယ်တင်နိုင်ခဲ့ပြီး လေးဦး ကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment