Friday, January 8, 2016

အသင်းကြီးများ ထိပ်တိုက်တွေ့ဆုံမှုဖြင့် စတင်မည့် MNLအမှတ်ပေးပြိုင်ပွဲ

The Mirror Daily's photo.
ရန်ကုန် ဇန်နဝါရီ ၇
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပမည့် ၂ဝ၁၅ ရာသီ MNL အမှတ်ပေး ပြိုင်ပွဲ ပွဲစဉ်(၁)ကို ဇန်နဝါရီ ၉ ရက်နှင့် ၁ဝ ရက် တို့တွင် စတင်ကျင်းပမည်ဖြစ်ပြီး အသင်းကြီး များဖြစ်သည့် ရန်ကုန်-မကွေး၊ ရတနာပုံ-ဧရာဝတီတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။
ပွဲစဉ်(၁)အဖြစ် ဇန်နဝါရီ ၉ ရက်တွင် သုဝဏ္ဏကွင်း၌ ရခိုင်အသင်းနှင့် Southern အသင်း၊ အောင်ဆန်းကွင်း၌ Horizon အသင်းနှင့် ဇေယျာရွှေမြေအသင်း၊ ဇန်နဝါရီ ၁ဝ ရက်တွင် YUSC ကွင်း၌ ရန်ကုန်အသင်း နှင့် မကွေးအသင်း၊ ဗထူးကွင်း၌ ရတနာပုံ အသင်းနှင့် ဧရာဝတီအသင်း၊ သုဝဏ္ဏကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် ဇွဲကပင်အသင်း၊ တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယခုရာသီတွင် အသင်းအမည် ပြောင်းလဲပြီး ကစားသမားသစ်များစွာ ခေါ်ယူထားသည့် ရှမ်းယူနိုက်တက်အသင်းမှာ ပွဲဦးထွက်ပွဲ
ယှဉ်ပြိုင်မည့် ဟံသာဝတီအသင်းနှင့် ပွဲမတိုင်မီ အသင်းအပ်နှံပွဲပြုလုပ်သွားမည်ဖြစ်သည်။ MNL ကလပ်အသင်းများမှာ ရာသီသစ် အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်ထားပြီး အသင်း ၁၂ အသင်းအနက် ၁၁ အသင်းမှာ နိုင်ငံခြားသားကစားသမားများ ခေါ်ယူထားပြီး Southern တစ်သင်းသာ ပြည်တွင်းကစား သမားများဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။
ပွဲစဉ်(၁)တွင် အသင်းကြီးများဖြစ်သည့် လက်ရှိချန်ပီယံ ရန်ကုန်အသင်းအပါအဝင် ရတနာပုံ၊ မကွေး၊ ရှမ်းယူနိုက်တက်၊ ဧရာဝတီ အသင်းများမှာ ပွဲကျပ်များကစားရမည်ဖြစ် သည်။ လက်ရှိချန်ပီယံ ရန်ကုန်အသင်းမှာ ပွဲဦးထွက်ပွဲကို အိမ်ကွင်း၌ ကစားရမည်ဖြစ်သော်လည်း မကွေးအသင်းနှင့် တွေ့ဆုံနေ သောကြောင့် ခက်ခက်ခဲခဲ ကစားရဖွယ်ရှိနေသည်။ ရှမ်းယူနိုက်တက်အသင်းမှာ အိမ်ကွင်း အဖွင့်ပွဲကို ကစားပုံမာကျောသည့် ဟံသာဝတီ အသင်းနှင့်ကစားရမည်ဖြစ်ရာ အားကုန်ထုတ် ရဖွယ်ရှိနေသည်။
ရှိုင်းထက်ေ

No comments: