ရန်ကုန် ဇန်နဝါရီ ၇
ကမ္ဘာ့အဆင့်မီ စုပေါင်းကိုယ်ခံပညာအားကစား MMA ပြိုင်ပွဲများတွင် မြန်မာစပါးကြီး မြွေဟူ၍ နာမည်ကြီးခဲ့သည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်းသည် မြန်မာနိုင်ငံတွင် ကျင်းပမည့် ONE: UNION OF WARRIORS ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ် သွားမည်ဟု သိရသည်။
ကမ္ဘာ့အဆင့်မီ စုပေါင်းကိုယ်ခံပညာအားကစား MMA ပြိုင်ပွဲများတွင် မြန်မာစပါးကြီး မြွေဟူ၍ နာမည်ကြီးခဲ့သည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်းသည် မြန်မာနိုင်ငံတွင် ကျင်းပမည့် ONE: UNION OF WARRIORS ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ် သွားမည်ဟု သိရသည်။
အဆိုပါပြိုင်ပွဲကို အာရှဒေသ၌ အကြီးမားဆုံးနှင့် အကျော် ကြားဆုံး Mixed
Martial Arts အားကစားပွဲများကို စီစဉ်ကျင်းပပေး လျက်ရှိသော ONE
Championship အဖွဲ့အစည်းနှင့် AGD Bank တို့ပူးပေါင်း၍ လာမည့် မတ် ၁၈
ရက်တွင် သုဝဏ္ဏမိုးလုံလေလုံ အားကာစားရုံအတွင်း ကျင်းပရန်စီစဉ်လျက်ရှိကြောင်း
ဇန်နဝါရီ ၇ ရက်က ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ ပြုလုပ်ခဲ့သော သတင်းစာ
ရှင်းလင်းပွဲမှ သိရသည်။
"MMA အားကစားပြိုင်ပွဲကြီးအနေနဲ့ ပြီးခဲ့တဲ့ ၂ဝ၁၅ ဇွန်လ အတွင်းကလည်း
အားကစားဝန်ကြီးဌာန၊ မြန်မာ့လက်ဝှေ့အဖွဲ့ချုပ်တို့ နဲ့ပူးပေါင်းပြီး
ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။
''ဒုတိအကြိမ်ကျင်းပမယ့် ပြိုင်ပွဲကြီးမှာတော့ MMA ရဲ့ ပါတနာ အသစ်ဖြစ်တဲ့
AGD Bank ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ မြန်မာ့အားကစား လောကအတွက် အကြီးမားဆုံး
အထောက်အကူဖြစ်လာနိုင်မယ့် ပြိုင်ပွဲကြီးကို ကျင်းပသွားမှာဖြစ်ပါတယ်''ဟု ONE
Championship ၏ CEO Victor Cui က ပြောသည်။
''AGD ဘဏ်အနေနဲ့လည်း အခုလို ONE Championship နိုင်ငံတကာပြိုင်ပွဲကြီးကို
မြန်မာ့လက်ဝှေ့လောကနဲ့ မြန်မာ့ အားကစားပရိသတ်တွေအတွက်
မြန်မာနိုင်ငံအတွင်းမှာ ကျင်းပနိုင်ဖို့ ပူးပေါင်းဆောင်ရွက်ရခြင်းအပေါ်
ဝမ်းမြောက်ဂုဏ်ယူပါတယ်''ဟုAGD Bank ၏ Managing Director ဦးထူးထက်တေဇက
ပြောသည်။AGD ဘဏ်အနေဖြင့် မြန်မာ့ရိုးရာလက်ဝှေ့အားကစား ပညာရပ်ကို ONE
Championship ၏ အားကစားပြိုင်ပွဲများမှ တစ်ဆင့် ကမ္ဘာတစ်ဝန်းတွင်
မြှင့်တင်နိုင်စေရန်ရည်ရွယ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
စင်ကာပူနိုင်ငံအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ONE Championship
အဖွဲ့အစည်းသည် အာရှ၏ အတော်ဆုံးကစား သမားများသာမက ကမ္ဘာ့ချန်ပီယံများ၏
ပွဲစဉ်များကို ကမ္ဘာ့အကျော် ကြားဆုံး ရုပ်သံလိုင်းများတွင်
မူပိုင်ပြသခွင့်ရရှိထားပြီး အာရှဈေးကွက် ၏ ၉ဝ ရာခိုင်နှုန်းခန့်ကို
ရရှိပိုင်ဆိုင်ထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
MMA လောကတွင် မြန်မာ့စပါးကြီးမြွေဆိုသည့် နာမည်တစ်လုံး
နဲ့အခိုင်အမာရပ်တည်နေသည့် မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား
အောင်လအန်ဆန်းသည် ကမ္ဘာ့အကျော်ကြားဆုံး အရည်အသွေးမြင့်
အားကစားပြိုင်ပွဲပေါင်း ၂၅ ပွဲအထိ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပြီးသူ ဖြစ်သည်။
သူသည် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားတစ်ဦး အနေဖြင့်
နိုင်ငံတကာအဆင့်မီ အားကစားစင်မြင့်ထက်၌ ကချင်
တိုင်းရင်းသားကစားသမားတစ်ဦးအနေဖြင့် စိန်ခေါ်ယှဉ်ပြိုင်သွားလိုပြီး
ကမ္ဘာ့အကောင်းဆုံး မြန်မာ့အားကစားသမားတစ်ဦး ဖြစ်လာနိုင်ရန် ရည်ရွယ်၍
မျှော်မှန်းကြိုးပမ်းလျက်ရှိသည်ဟု အဆိုပါ အခမ်းအနားတွင် ပြောသည်။
No comments:
Post a Comment