Friday, January 8, 2016

ပီအက်စ်ဂျီအတွက် လီဂူး-၁ ပွဲစဉ် (၂၀)မှာလည်း သုံးမှတ်အပြည့်ပါပဲ

 
မိုးမြင့်လင်းလက်
ပြင်သစ်လီဂူး-၁ ပွဲစဉ်(၂ဝ)ကို ဇန်နဝါရီ ၉ ရက်နဲ့ ၁ဝ ရက်တွေမှာ ယှဉ် ပြိုင်ကစားမှာဖြစ်လို့ ပွဲကောင်းတွေအဖြစ် အားပေးရဦးမှာဖြစ်ပါတယ်။ တန်း စီဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ပီအက်စ်ဂျီ၊ ဒုတိယနေရာက ရပ်တည်နေ တဲ့ မိုနာကိုတို့ အိမ်ကွင်းမှာ ကိုယ်စီကစားရမယ့် ဒီပွဲစဉ်မှာတော့ မျှော်လင့် ချက်တွေ ပြည့်ဝနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ အသင်းငယ်တွေရဲ့ ရုန်းကန်မှုက အသင်းကြီးတွေရဲ့ ရပ်တည်မှု ပြောင်းလဲ သွားနိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာတော့ ကောင်းနေပါတယ်။

ပီအက်စ်ဂျီနှင့် ဘက်စ်တီယာ
ဘက်တီယာနဲ့ ဆုံတိုင်း နောက်ပိုင်းပွဲစဉ်တွေမှာ ပီအက်စ်ဂျီတို့ ရှုံးပွဲမရှိခဲ့ ပါဘူး။ တန်းဆင်းဇုန်နားရစ်ဝဲနေတဲ့ ဘက်တီယာတို့ဟာ အခုပွဲအဝေးကွင်း ဖြစ်တာမို့ နိုင်ပွဲလည်း မျှော်လင့်လို့မရနိုင်သေးတဲ့ ပွဲဖြစ်နေပါတယ်။ ဘက်တီ ယာဟာ ဒီနှစ် ပြင်သစ်လီဂူး-၁ ပွဲစဉ်တွေမှာ အဝေးကွင်းတစ်ပွဲမှ နိုင်ပွဲမရ သေးပါဘူး။ ပီအက်စ်ဂျီရဲ့ လက်ရှိခြေစွမ်းက နိုင်ပွဲတွေဆက်နေပြီး ရလဒ် ကောင်းတွေ ဖော်ဆောင်နိုင်နေတာမို့ အိမ်ကွင်းမှာ ပီအက်စ်ဂျီ ပရိသတ်တွေ ပျော်ရွှင်ရဦးမယ့်ပွဲပါပဲ။

မိုနာကိုနှင့် ဂါဇီလက်
တန်းတက် ဂါဇီလက်ရဲ့ ခြေစွမ်းက ဆက်တိုက်နိုင်ပွဲတွေရအောင် စွမ်းဆောင်နေတာတွေ့ရပါတယ်။ မိုနာကိုတို့ကတော့ လောလောဆယ်မှာ ဘော်ဒိုးကို သုံးဂိုးပြတ် ရှုံးပြီး ထရိုရက်စ်ကို ဂိုးမရှိသရေပွဲ ကစားခဲ့တာမို့ ဒီပွဲ မှာ နိုင်ပွဲကို ပြန်လည်ရှာဖွေနိုင်မလားကြည့်ရမှာဖြစ်ပါတယ်။ လက်ရှိခြေစွမ်း အတိုင်းဆိုရင်တော့ ဂါဇီလက်ကို မိုနာကိုတို့ ခက်ခက်ခဲခဲရင်ဆိုင်ရဖို့ရှိတာမို့ ပေါ့ဆလို့မရပါဘူး။ ဂါဇီလက်တို့က စိတ်ဓာတ်ပြင်းပြင်းနဲ့ ပြိုင်ဘက်ကို မာမာ တင်းတင်းကစားတတ်တာကြောင့် မိုနာကိုတို့ အိမ်ကွင်းဆိုပေမယ့် တစ်မှတ်ရ အောင် အကြိတ်အနယ်ကစားရမယ့် အနေအထားဖြစ်နေပါတယ်။
အန်ဂါးစ်နှင့် ကိန်း
ဒီပွဲက ခြေရည်တူနှစ်သင်းဆုံတွေ့တာမို့ ပွဲကောင်းတစ်ပွဲအဖြစ် အားပေး ရမှာဖြစ်ပါတယ်။ ခံစစ်ပိုင်း သိပ်သည်း ကျစ်လျစ်တဲ့ အန်ဂါးစ်နဲ့ နောက်တန်း ကျိုးပေါက်နေတဲ့ ကိန်းတို့ရဲ့ ပွဲကတော့ ဂိုးပြတ်ရလဒ်ထွက်ဖို့တော့ မလွယ်ပါ ဘူး။ တိုက်စစ်ပိုင်းမှာ နှစ်သင်းစလုံးအားနည်းချက်ရှိနေတာမို့ ကွင်းလယ် ကစားအားကောင်းတဲ့ အန်ဂါးစ်တို့ အိမ်ကွင်းလည်းဖြစ်တာကြောင့် ဒီပွဲမှာ အမှတ်မရှုံးဆုံးနိုင်ပါဘူး။ တန်းစီဇယား တတိယနေရာမှာ ရပ်တည်နေတဲ့ အန်ဂါးစ်တို့အတွက် ဒီပွဲရလဒ်က လက်ရှိရပ်တည်မှု တည်မြဲဖို့ အထောက် အကူပြုပါလိမ့်မယ်။

မောင့်ပယ်လီယာနှင့် ဘော်ဒိုး
ဘော်ဒိုးနဲ့ ကစားတိုင်း မောင့်ပယ်လီယာတို့ ရှုံးပွဲတော့ မရှိခဲ့ပါဘူး။ မောင့် ပယ်လီယာတို့က ခံစစ်စည်းရိုးလုံခြုံမှုမရှိတာမို့ ဘော်ဒိုးတိုက်စစ်မှူးတွေ အခွင့် အရေးယူနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘော်ဒိုးတို့က အခုနောက် ပိုင်းပွဲစဉ်တွေမှာ မောင့်ပယ်လီယာကို သရေပွဲရအောင် ကစားပြီး တစ်မှတ် ရအောင် ယူနိုင်တာမို့ အခုပွဲမှာလည်း တစ်မှတ်ရအောင်တော့ အားထုတ်ပါ လိမ့်မယ်။

လိုင်ယွန်နှင့် ထရိုရက်စ်
လောလောဆယ်မှာ ခြေစွမ်းကျဆင်းနေတဲ့ လိုင်ယွန်တို့အတွက် တန်းစီ ဇယားအောက်ဆုံးက ထရိုရက်စ်နဲ့ တွေ့ဆုံမှုက အမှတ်ပြည့်ရယူနိုင်ဖို့ အခွင့် အရေးဖြစ်နေတာတော့ အမှန်ပါပဲ။ လိုင်ယွန်တို့က ထရိုရက်စ်နဲ့ ဆုံတိုင်း နိုင်ပွဲတွေချည်း ရယူခဲ့တာများတာမို့ လိုင်ယွန်ရဲ့ အကောင်းဆုံးခံစစ်ကို အခြေ ပြုပြီး အနိုင်ရရေး ကြိုးစားပါလိမ့်မယ်။

ရမ်းစ်နှင့် တူးလော့
တန်းဆင်းဇုန်ထဲ မကျဆင်းအောင် ရုန်းကန်လှုပ်ရှားမှု မြင့်မြင့်ထားရတော့ မယ့် ရမ်းစ်အတွက်ကတော့ ဒီပွဲဟာ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ တန်းဆင်းဇုန်ထဲ ရောက်ရှိနေတဲ့ တူးလော့တို့ကလည်း လက်ရှိအနေအထားက ရုန်းထဖို့ အား ထုတ်လာမှာမို့ ဒီပွဲဟာ အကြိတ်အနယ်ရှိလာနိုင်ပါတယ်။ ဒီနှစ်သင်းရဲ့ နောက် ဆုံး ငါးပွဲတွေ့ဆုံမှုကို ကြည့်ရင် တူးလော့က သုံးပွဲနိုင်ပြီး ရမ်းစ်က နှစ်ပွဲနိုင် ကာ သရေတစ်ပွဲဖြစ်ထားခဲ့တာမို့ ဒီပွဲရဲ့ အဖြစ်နိုင်ဆုံးရလဒ်ဟာ သရေရလဒ် ပဲ ဖြစ်သွားပါလိမ့်မယ်။

No comments: