ပြည်သူ့ဥယျာဉ် မြေငှားရမ်းထားသည့် Natural World ၏ တစ်နှစ် ပျမ်းမျှ ၀င်ငွေ/သုံးငွေ များ စုစည်းကောက်ခံပြီးငှားရမ်းခက ထပ်တိုးမည်
=======================
ပြည်သူ့ဥယျာဉ် မြေငှားရမ်းထားသည့် သဘာဝဥယျာဉ်ကမ္ဘာ ကုမ္ပဏတီ လိမိတက် Natural World ၏ တစ်နှစ် ပျမ်းမျှ ၀င် ငွေ/သုံးငွေ များ စုစည်းကောက်ခံပြီး စာချုပ်အသစ်တွင် ငှားရမ်းခတိုးမြှင့်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာ ယာ ရေးကော်မတီဥက္ကဌ၊ မြို့တော်ဝန် ဦးလှမြင့် ကပြောသည်။
ဒီဇင်ဘာ ၄ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး (၃/၂၀၁၅) (စတု နေ့တ္ထ)အစီအစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ တင်သွင်းသော ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွက် လုပ်ငန်း များဆောင်ရွက်မှု အစီရင်ခံစာအပေါ် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စား လှယ်ဒေါက်တာ ညိုညိုသင်း၏ ဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် မြို့တော်ဝန် ဦးလှမြင့် က အထက်ပါအတိုင်း ထည့်သွင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
“ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ဟာ အကျယ်အ၀န်းအနေနဲ့ (၁၃၅.၇၀ ) ဧက ရှိပြီး အရင်မြို့တော်ဝန်လက်ထက်မှာ အဲဒီဧရိ ယာဟာ တစ်ခုလုံးကို ၄.၄.၂၀၀၈ ရက်နေ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ အဆင့်မြင့်အပန်းဖြေဥယျာဉ် အဖြစ် ဆောင်ရွက်ဖို့ ဒေါက်တာကျော်ဝင်း Multipurpose Co.,Ltd ကို (၁၀)နှစ် စတင်လုပ်ကိုင်ခွင့် ပြုခဲ့ပြီး စာချုပ် မချုပ်ဆိုခဲ့ပါဘူး။အဲဒီနောက်မှာ သဘာဝဥယျာဉ်ကမ္ဘာ ကုမ္ပဏတီ လိမိတက် Natural World Co.,Ltd ရဲ့ လျှောက်ထားချက်အရ ၁.၆.၂၀၀၉ ရက်နေ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ (၂၀) နှစ် အထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီး တစ်နှစ်ကို ကျပ်သိန်း ၂၀၀ ၊ နှစ်စဉ် (၁၀ %) တိုးမြှင့်နှုန်းနဲ့ ၁.၄.၂၀၀၉ နဲ့ ၃၁.၃.၂၀၂၉ ရက်နေ့အထိ ပထမဦးစွာ စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ပါတယ်။ သဘာဝဥယျာဉ်ကမ္ဘာ ကုမ္ပဏတီ လိမိတက်က ၂၄.၁.၂၀၁၀ရက် နေ့မှာ ငှားရမ်းကာလ (၂၅) နှစ်အထိ ထပ်မံတိုးမြှင့်ပေးဖို့ တင်ပြမှုအပေါ် အရင်မြို့တော်ဝန်၏ မှတ်ချက်နဲ့ ၁.၄.၂၀၃၄ ရက်နေ့အ ထိ ငှားရမ်းကာလကို (၂၅) နှစ် နှစ်ရှည်ငှားရမ်းခွင့်ပြုခဲ့ပြီး စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ် အတွင်းရှိ ပုဂ္ဂလိက လုပ်ငန်းရှင်တွေရဲ့ လုပ်ကိုင်မှုအသေးစိတ်ကို စိစစ်ခဲ့ပြီး ကော်မတီအနေနဲ့ အကျယ်အ၀န်း (၁၃၅.၇) ဧက ကို ပြန် လည်ပြင်ဆင် စီမံခန့်ခွဲ တာကြောင့် ကော်မတီအနေနဲ့ (၄၇.၅၈)ဧက၊ ကျန်လုပ်ငန်းတွေ အနေနဲ့ (၁၁.၄၉ )ဧက နဲ့ Natural World Co.,Ltd အနေနဲ့ (၇၆.၃၆) ဧကသာ ရရှိပြီး ဆက်လက်ငှားရမ်းခြင်းတွေ ဆောင်ရွက်ခဲ့ပါတယ်။
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အနေနဲ့ သဘာဝဥယျာဉ်ကမ္ဘာ ကုမ္ပဏတီ လိမိတက် Natural World Co.,Ltd အား ၁.၄.၂၀၀၉ ရက် နေ့မှ စပြီး ငှားရမ်းကာလကို မူလအတိုင်း (၂၅)နှစ် (၅)နှစ်ကို တစ်ကြိမ် စာချုပ်ချုပ်ဆိုဆောင်ရွက်ပြီး ဧရိယာ (၇၆.၃၆) ဧက မူလ လုပ်ငန်းများလုပ်ကိုင်စေခဲ့ပါတယ် ” ဟု မြို့တော်ဝန် ဦးလှမြင့် ကပြောသည်။
ပြည်သူ့ဥယျာဉ် အတွင်း Natural World Co.,Ltd သို့ ၁.၄.၂၀၀၉ ရက်နေ့မှ ၃၁.၃.၂၀၁၆ အထိ ငှားရမ်းခ စုစုပေါင်း ၁၈၉.၇၄၃ (ကျပ်သန်း) ရရှိထားပြီး ယင်းကုမ္ပဏီနှင့် ဒုတိယ ၅ နှစ် သက်တမ်းကာလ စာချုပ်ကို ၁.၄.၂၀၁၆ ရက်နေ့တွင် ချုပ်ဆိုသွား မည်ဖြစ်ကြောင်း ၄င်းကပြောသည်။
“ သဘာဝဥယျာဉ်ကမ္ဘာ ကုမ္ပဏီရဲ့ တစ်နှစ် ပျမ်းမျှ ၀င်ငွေ/သုံးငွေ များ စုစည်းကောက်ခံပြီး ဒုတိယ ၅ နှစ် အတွက် စာချုပ်အ သစ်မှာ ငှားရမ်းခငွေ တိုးမြှင့်သတ်မှတ်နိုင်ဖို့ ကော်မတီကတဆင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြအ တည်ပြုချက် ရယူပြီး စာချုပ် ချုပ်ဆို ဆောင်ရွက်သွားပါမယ် ” မြို့တော်ဝန် ဦးလှမြင့် ကပြောသည်။
လင်းလင်းအောင်
No comments:
Post a Comment