Saturday, December 5, 2015

KIA အဖွဲ့မှ ဒေသခံကျေးရွာများအတွင်းရှိ အိမ်ထောင်စုများထံမှ ဆန်နှင့်ဆားများပေးဆောင်ရန် ခြိမ်းခြောက် တောင်းခံ

KIA အဖွဲ့မှ  ဒေသခံကျေးရွာများအတွင်းရှိ အိမ်ထောင်စုများထံမှ ဆန်နှင့်ဆားများပေးဆောင်ရန် ခြိမ်းခြောက် တောင်းခံ

4-12-2015

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ၀ဆီးကျေးရွာအနီးဖွင့်လှစ်သည့်  သင်တန်းအတွက်    လူသစ်များအား ကျွေးမွေးရန်  KIA အဖွဲ့မှ ကျေးရွာများအတွင်းရှိ  အိမ်ထောင်စုများထံမှ ဆန်နှင့်ဆားများ ပေးဆောင်ရန် ခြိမ်းခြောက် တောင်းခံသွားကြောင်း    ယင်းဒေသခံများထံမှ သိရှိရသည်။

ချီဖွေမြို့နယ်၊  ၀ဆီးကျေးရွာအနီးဖွင့်လှစ်သော KIA စစ်သင်တန်းတွင် တက်ရောက်နေသော သင်တန်းသား လူသစ်များအား ကျွေးမွေးရန်အတွက်  KIAအဖွဲ့မှ ဒီဇင်ဘာလ ၃ ရက်နေ့တွင်  နလောကျေးရွာ၊ ဇန်နောင်ယန် ကျေးရွာနှင့် မျောမောပါကျေးရွာများအတွင်းရှိ အိမ်ထောင်စုများထံမှ တစ်အိမ်လျှင် ဆန် ၁ တင်းနှင့် ဆား                 ၁ ထုပ်စီတို့အား ပေးဆောင်ရန်ခြိမ်းခြောက်တောင်းခံသွားကြောင်း  နလောရွာသားတစ်ဦးမှ  ပြောပြပါသည်။

“ရွာကို KIA အဖွဲ့တစ်ဖွဲ့ရောက်လာတယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတွေကိုစုခေါ်တယ်၊   သူတို့သင်တန်းသားလူသစ်တွေစားဖို့အတွက် တစ်အိမ်ထောင်ကို ဆန် ၁ တင်းနဲ့ ဆား ၁ ထုပ်စီပေးရမယ်၊ တောင်းတဲ့အတိုင်းမပေးနိုင်ရင် သတ်ပစ်မယ်၊ ဒါအမိန့်ပဲလို့ခြိမ်းခြောက်သွားတယ်၊  သေနတ် ၃ ချက်လည်း ပစ်ဖောက်သွားတယ်၊ ဒီတစ်ရွာတည်းတင်မဟုတ်ဘူး၊ အခြားရွာတွေကိုလည်း အဲလိုပဲခြိမ်းခြောက် တောင်းယူသွားတယ်၊ သူတို့အဖွဲ့တွေက ဆက်ကြေးကောက်၊ လူသစ်စု၊ ရွာတွေနားမှာ မိုင်းထောင် တာတွေလုပ်နေတော့ ဒေသခံကျေးရွာတွေက ရွာသူ/ရွာသားတွေအနေနဲ့ စားဝတ်နေရေးအဆင် မပြေဖြစ်နေတဲ့အချိန်မှာ အခုလိုလာတောင်းတော့ အခက်အခဲဖြစ်တာပေါ့၊ သေမှာကြောက်တော့လည်း ပေးပ့ါမယ်လို့ ပြောခဲ့ရတယ်”  ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

KIA အဖွဲ့သည် ၎င်းတို့ဖွင့်လှစ်သော စစ်သင်တန်းတွင် တက်ရောက်နေသည့် သင်တန်းသားလူသစ်များ စားသုံးရန်အတွက် နလောကျေးရွာ၊ ဇန်နောင်ယန်ကျေးရွာနှင့် မျောမောပါကျေးရွာများအတွင်းရှိ အိမ်ထောင်စုများထံမှ ဆန်နှင့်ဆားများ တောင်းခံသည့်အပြင်  ချီဖွေမြို့နယ်အတွင်းရှိ အခြားကျေးရွာ များသို့လည်း လိုက်လံတောင်းခံနေကြောင်း  သိရသည်။

နော်ဂျာ

No comments: