Friday, December 4, 2015

KIA အဖွဲ့မှ တောင်ယာလုပ်ကိုင်နေသည့် ဒေသခံလူငယ် ၃ ဦးအား လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်

KIA အဖွဲ့မှ  တောင်ယာလုပ်ကိုင်နေသည့် ဒေသခံလူငယ် ၃ ဦးအား  လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်

ဒီဇင်ဘာလ ၃ ရက်၊ ၂၀၁၅

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ၀ဆီးကျေးရွာအနီးဖွင့်လှစ်သည့် သင်တန်းတွင် သင်တန်းသားအင်အား ပြည့်မီရန်အတွက်  KIA အဖွဲ့မှ ကျေးရွာများအတွင်း လူသစ်များ အတင်းအကြပ်လိုက်လံဖမ်းဆီးနေကြောင်း   ယင်းဒေသခံများထံမှ သိရှိရ သည်။

ချီဖွေမြို့နယ်၊  ၀ဆီးကျေးရွာအနီးဖွင့်လှစ်သော KIA စစ်သင်တန်းတွင် သင်တန်းသားအင်အားပြည့်မီရန် အတွက်  KIAအဖွဲ့မှ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဂျဝါယန်ကျေးရွာမှ တောင်ယာလုပ်ကိုင်နေသည့် ဒေသခံလူငယ် ၃ ဦးအား   လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  ၀ဆီးရွာသား တစ်ဦးမှ  ပြောပြပါသည်။

“ကျွန်မတို့ရွာကို KIA အဖွဲ့တစ်ဖွဲ့ရောက်လာပြီးတော့ ရွာသားတွေကို လူသစ်အဖြစ် အတင်းလိုက်ဖမ်းတာ၊ ရွာထဲမှာလည်း ဆူညံနေတာပဲ၊  ရွာသားတွေလည်း ထွက်ပြေးနေကြတယ်၊ အမျိုးသမီးတွေရော ကလေးတွေပါ အငြိမ်မနေရဘူး၊  အိမ်အပြင်ကိုတောင် မထွက်ရဲကြဘူးလေ၊ ကျွန်မယောက်ျားက တောင်ယာအလုပ် သွားနေတာ၊ သူ့ကိုဖမ်းသွားမှာ စိုးရိမ်နေတာပါ၊ ထင်တဲ့အတိုင်းပါပဲ၊ ကျွန်မယောက်ျားနဲ့သူငယ်ချင်း                       ၂ ယောက်က တောင်ယာကနေ ပြန်လာတာပါ၊ KIA အဖွဲ့နဲ့တွေ့ပြီး သူတို့ ၃ ယောက်ကို လူသစ်အဖြစ် ဇွတ်အတင်းဖမ်းခေါ်သွားတယ်၊ ကျွန်မမှာလည်း ကလေးငယ်တစ်ယောက်နဲ့ဆိုတော့ ဘာလုပ်ရမှန်းတောင် မသိပါဘူးရှင်၊ ကလေးငယ်ရဲ့ပညာရေးကတစ်ဖက်၊ စားဝတ်နေရေးကတစ်ဖက်၊  ဒုက္ခပါပဲရှင်၊ လူသစ်စုတယ်၊ ဆက်ကြေးကောက်တယ်၊ ကျေးရွာတွေနားမှာ မိုင်းထောင်တယ်၊ ဒေသခံတွေကိုအမျိုးမျိုးဒုက္ခပေးနေတာ၊  သူများကိုဒုက္ခရောက်အောင်လုပ်တဲ့ ဒင်းတို့KIAအဖွဲ့တွေ အမြန်ဆုံးကျဆုံးပါစေရှင်”  ဟု ဖမ်းဆီးခံရသူ၏ ဇနီးမှ ပြောပြသည်။

KIA အဖွဲ့သည် ၎င်းတို့ဖွင့်လှစ်သော စစ်သင်တန်းတွင် အင်အားပြည့်မီရန်အတွက် ကျေးရွာများမှ ဒေသခံရွာသားများအား လိုက်လံဖမ်းဆီးနေသောကြောင့် တချို့ရွာသားများသည် ချီဖွေမြို့သို့ ထွက်ပြေး တိမ်းရှောင်နေကြောင်းနှင့် ဖမ်းဆီးရမိသော ဂျဝါယန်ကျေးရွာမှ တောင်ယာလုပ်ကိုင်နေသည့် ဒေသခံလူငယ်   ၃ ဦးအား မေခမြစ်အနောက်ဘက်ရှိ ရင်း(၁၀)သို့  ခေါ်ဆောင်သွားကြောင်း သိရသည်။

နော်ဂျာ

No comments: