Saturday, December 5, 2015

တပ်မတော်သည် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် ကြိုးစားနေကြောင်း အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဆို

တပ်မတော်သည် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် ကြိုးစားနေကြောင်း အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဆို

ရန်ကုန်၊ ဒီဇင်ဘာ ၎

တပ်မတော်သည် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် ကြိုးစားလျှက်ရှိကြောင်း ၎င်းတို့၏ တွေ့ရှိချက်များအပေါ် အခြေခံ၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောကြားသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးတွင် ဒီဇင်ဘာ ၄ ရက်နေ့က ပြုလုပ်သော မီဒီယာများနှင့်တွေ့ဆုံပွဲတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါကော်မရှင်သည် လူ့အခွင့်အရေး ချိုးဖောက်ခံရနိုင်ခြေရှိသူများနှင့် လူ့အခွင့်အရေးချိုးဖောက်နိုင်ခြေ ရှိသူများကို သင်တန်းများပေးလျှက်ရှိပြီး နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်၌ ပို့ချသော
သင်တန်းများတွင် သတ်မှတ်ထားသည့် ဦးရေထက် နှစ်ဆကျော်နီးပါးတက်ရောက်ကြသည့် တွေ့ရှိချက်ကို အခြေခံ၍ ဦးဝင်းမြက ဆိုသည်။

“အင်မတန်မှ တိုးတက်လာတယ်။ တပ်မတော်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်နေတယ်လို့ပြောလို့မရဘူး။ အရင်ခေတ်ကလုပ်တာ မသိလို့ဖြစ်ကောင်းဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

အခြားသောဝန်ကြီးဌာနများသို့ သင်တန်းသွားရောက်ပို့ချရာ၌ သတ်မှတ်လူဦးရေ ၂၀၀ အောက် လျော့ နည်း၍ လည်းကောင်း၊ ပိုများ၍လည်းကောင်း တက်ရောက်ခြင်းများရှိသော်လည်း ကာကွယ်ရေးဝန်ကြီးဌာန တွင်မူ
သင်တန်းတစ်ခုလျှင် လူဦးရေ  ၅၃၀ အထိ တက်ရောက်ကြသည်ကိုတွေ့ရှိရကြောင်း အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဆိုသည်။

“ကာကွယ်ရေးဝန်ကြီးဌာနဟာ လူ့အခွင့်အရေးအကြောင်းစိတ်ဝင်စားနေပြီ။ လိုက်နာဖို့ကြိုးစားနေတာ လည်း တွေ့နေရတယ်”ဟု ၎င်းကမှတ်ချက်ပြုသည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ဝန်ကြီးဌာနများ၊ တရားရေးဌာနများ၊ လွှတ်တော်သုံးရပ် ၊ တိုင်းနှင့်ပြည်နယ်အစိုးရတို့ကို ပြီးခဲ့သည့် ကာလများအတွင်း လူ့အခွင့်အရေးသင်တန်းများပို့ချခဲ့သည် ဟု ဦးယုလွင်အောင်က
ဆိုသည်။

လာမည့်ကာလများတွင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် စစ်ဦးစီးချုပ်ရုံးနှင့် တပ်မတော် စစ်ကြောင်းများသို့ လူ့အခွင့်အရေးသင်တန်းပေးရန် စီစဉ်ထားကြောင်း အဆိုပါကော်မရှင်ထံမှ သိရသည်။

No comments: