အတင်းအဓမ္မပြုကျင့်သူ ကျောင်းဆရာအား ပူတာအိုမြို့နယ်ရဲမှ ဖမ်းဆီး
ပူတာအိုမြို့ မြို့မရပ်ကွက်နေ အလယ်တန်းပြ ဆရာဦးငြိမ်းချမ်းအောင်မှ ရဝမ်တိုင်းရင်းသူ ကိုးတန်းကျောင်းသူ မ…..အားအလိုမတူအဓမ္မပြုကျင့်ခဲ့သည့်အတွက်ကြောင့် မ…..၏မိဘများမှ ပူတာအိုမြို့မရဲစခန်းသို့ အရေးယူ ပေးရန်အမှုဖွင့်တိုင်ကြားသဖြင့် ရဲစခန်းမှ ကျောင်းဆရာအားဖမ်းဆီးထားပြီဖြစ်ကြောင်းသတင်းရရှိသည်။
နိုဝင်ဘာလ ၂၈ရက် ညနေအချိန်တွင် ဆရာဦးငြိမ်းချမ်းအောင်မှ မ…..အား ပူတာအို အထကမြို့မကျောင်း ခြံ စည်းရိုးနံဘေးတွင်တစ်ကြိမ် ၊ ဆရာ၏အခန်းသို့ခေါ်ကာတစ်ကြိမ် ပါးစပ်ပိတ် လည်ပင်းညှစ်ကာ နှစ်ကြိမ်အ ဓမ္မပြုကျင့်ခဲ့သည်။
အထက်ပါကိစ္စနှင့် ပတ်သက်၍ နိုဝင်ဘာ ၂၉တွင် ငွေကျပ် ၄၅သိန်းဖြင့် ကျေအေးရန်သဘောတူထား သော်လည်း ပြစ်မှုကျူးလွန် သူ ကျောင်းဆရာ ဦးငြိမ်းချမ်းအောင်မှာ လာရောက်ပေးဆောင်ခြင်းမရှိပဲ လုံရှာယန် အထကကျောင်းသို့ ပြောင်းရွှေ့သွားကြောင်းသိရသည်။
ကျူးလွန်ခံရသူ မ…..မှာ ပူတာအိုမြို့နေ အမဖြစ်သူအိမ်တွင် လာရောက်နေထိုင်သည်မှာ တစ်ပတ်သာရှိသေးပြီး အမဖြစ်သူအိမ်မှာ ပူတာအိုမြို့ အထကမြို့မကျောင်းအနီးတွင်ဖြစ်သည်။
No comments:
Post a Comment